Amazing

သစ်ရွက်နဲ့ ခွဲမရအောင်တူတဲ့ ထူးခြားသော သတ္တဝါ မျိုးစိတ်များ

အခုတစ်ခေါက် ရွှေခေတ်ပရိသတ်ကြီးအတွက်တင်ဆက်ပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေထဲကမှ အရောင်အသွေးနဲ့ပုံသဏ္ဍာန် တမူထူးခြားနေတဲ့ သတ္တဝါမျိုးစိတ်တွေအ​ကြောင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့အသွင် သဏ္ဍာန်နဲ့အရောင်အဆင်းကတော့ အန္တရာယ်တွေကဘကာကွယ်နိုင်အောင် သဘာဝတရားက ဖန်တီးပေးထားသလားလို့တောင်ထင်မှတ်စရာကောင်းလှပါတယ်။ shwekhitonlinetv.com ၁။ Giant Leaf Insect သူ့ရဲ့ သိပ္ပံအမည်ကတော့ Phyllium Gigantium ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့အပူပိုင်းသစ်တောတွေမှာ အတွေ့ရများပြီး အရှေ့တောင်အာရှနိုင်ငံအချို့နဲ့ သြစတြေးလျနိုင်ငံမှာလည်းတွေ့ရတက်ပါတယ်။ ခြေလက်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သစ်ရွက်နဲ့ ခွဲခြားမရအောင်တူလွန်းတာကြောင့် သစ်ရွက်တစ်ရွက်မှာသာကပ်တွယ်နေမယ်ဆိုရင် သူ့ကိုတန်းပြီးမြင်ဖို့ရာ ခက်ခဲလွန်းပါတယ်။ shwekhitonlinetv.com ၂။ Satanic […]

Amazing

တစ်ခြားဂြိုဟ်တစ်ခုနဲ့ ထင်မှတ်မှားလောက်တဲ့ ကမ္ဘာပေါ်က နေရာများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုတင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က အလွန်ထူးခြားဆန်းပြားပြီး လှပမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Spotted lake, Britian Columb’a, Canada ဒီနေရာက Okanagan Syilx လူမျိုးစုရဲ့ အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပါတယ်။ ပုံကိုကြည့်ရုံနဲ့ ဘာကြောင့် သူတို့ အရေးတယူ ပြုလဲဆိုတာကို အလွယ်တကူ သိရှိနိုင်ပါတယ်။ နွေရာသီမှာ ရေကန်ထဲက ရေတွေဟာ ရေငွေ့ပြန်ပြီး ရေကန် သေးသေးလေးတွေ ဖြစ်ပေါ်လာပါတယ်။ ထူးခြားတာကတော့ အဲ့ဒီ့ ရေကန်ရေကွက်ကလေးတွေဟာ […]

Knowledge

ဘယ်တော့မှ အစိမ်းမစားသင့်တဲ့ အစားအစာ (၁၀) မျိုး

အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်း မိမိတို့နေ့စဥ်စားသုံးနေတဲ့ ဟင်းသီး၊ဟင်းရွက်၊သား၊ ငါး စတာတွေက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ အမြောက်အများပါဝင်လို့နေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း မစူးစမ်း မဆင်ခြင်ပဲ အစားအစာတွေကို စားသုံးမိလို့ ဘေးဖြစ်စေတဲ့ သာဓကတွေကလည်းရှိလို့နေပြန်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဒီလိုဘေးဖြစ်စေတဲ့ ဆိုးကျိုးတွေရှိတာကြောင့် သင့်အနေနဲ့ အစိမ်းစားသုံးခြင်းမှ ရှောင်ရှားသင့်တဲ့ အစားအစာ (၁၀) မျိုးအကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Potatos (အာလူး) အာလူးကိုတော့ […]

Amazing

သင်တစ်ခါမှ မကြားဖူးလောက်တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်များ

ဂင်းနစ်စံချိန်တွေအကြောင်းကိုတော့ အားလုံးကို အထွေအထူးရှင်းပြနေစရာလိုမယ်လို့ မထင်ပါဘူး။ ကမ္ဘာတစ်လွှားမှာရှိတဲ့ သူတွေဟာ မိမိတို့ရဲ့ နာမည်ကိုသမိုင်းစာမျက်နှာမှာကျန်ခဲ့ဖို့ အတွက် ဒီဂင်းနစ်မှတ်တမ်းစာအုပ်မှာ ပါဝင်ရေးကို နေ့စဉ်ကြိုးပမ်းလျက်ရှိကြပါတယ်။ ဒီထဲကမှ အခုနှစ်ပိုင်းအတွင်း စံချိန်တင်နိုင်ခဲ့တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတွေကိုဖော်ပြရမယ်ဆိုရင်တော့ … shwekhitonlinetv.com ၁။ အသက် (၂၁၀) ရှိတဲ့စုံတွဲ ကမ္ဘာ့အသက်အကြီးဆုံးသက်ရှိထင်ရှား စုံတွဲတစ်တွဲကတော့ ဂျပန်နိုင်ငံမှာရှိနေပါတယ်။ သူတို့ကတော့ မိယာကိုဆိုနီုဒါလို့ အမည်ရတဲ့ ဖွားဖွားနဲ့ မာဆာအိုမတ်ဆုမိုတိုလို့ အမည်ရတဲ့ ဖိုးဖိုးတို့ပဲဖြစ်ပါတယ်။ ဒီဖိုးဖိုးနဲ့ဖွားဖွားစုံတွဲကတော့ နှစ်ဦးပေါင်းအသက်က […]

Paranormal

မကောင်းဆိုးဝါးတစ်ကောင် ရေးသား ခဲ့တဲ့ ထူးဆန်းသော စာအုပ်ကြီး

ရွှေခေတ်ပရိသတ်တွေထဲမှာ မကောင်းဆိုးဝါး နာနာဘာဝတွေ၊ ပရလောကသားတွေနေနဲ့ အပြင်လောကမှာ တကယ်ရှိတယ်ဆိုတာကို ယုံကြည်တဲ့ သူတွေရှိကြလားမသိဘူးရှင့်။ shwekhitonlinetv.com ဘာလို့ အခုလိုမေးရသလဲဆိုတော့ အခုဖော်ပြပေးမယ့် အကြောင်းအရာက မကောင်းဆိုးဝါးတွေ နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုမို့လို့ပါပဲ။ နောက်ပြီးတော့ ဒါက တကယ်ကိုထူးဆန်းတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ကမ္ဘာတစ်ဝှမ်းကလူအတော်များများက ဒီဖြစ်ရပ်ကို ဖြစ်ရပ်မှန်အနေနဲ့ လက်ခံထားကြတယ်ဆိုပေမယ့် ရွှေခေတ်ပရိသတ်တွေကိုတော့ မိမိ ဦးနှောက်နဲ့သာ စဥ်းစားချင့်ချိန်ပြီးမှ ယုံသင့်မယုံသင့် ကို ဆုံးဖြတ်စေချင်ပါတယ်။ ကဲ ဒါဆိုရင်အကြောင်းအရာလေးကို […]

World Top

ဘီလျံနာ သူဌေးအရေအတွက် အများဆုံး ရှိတဲ့ နိုင်ငံ (၇) နိုင်ငံ

ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါွဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ အချမ်းသာအကြွယ်ဝဆုံး ဘီလျံနာ သူဌေးတွေ အများဆုံးရှိတဲ့ နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာ ဘီလျံနာသူဌေးတွေ ဘယ်လောက်တောင် နေထိုင်ကြလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော် ….. shwekhitonlinetv.com ၇။ ပြင်သစ်ဘီလျံနာ = (၆၀) ဦးကြွယ်ဝမှုစုစုပေါင်း = (၂၁၉) ဘီလီယံ နာမည်ကျော် ဖက်ရှင်အသုံးအဆောင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ LVMH တည်ထောင်သူ နှင့်အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Bernard Arnault တို့လို ပြင်သစ်ဘီလျံနာတွေ နေထိုင်ပါတယ်။ […]

World Top

ကမ္ဘာ့ငွေကြေး နာမည်များ၏ မူရင်း အဓိပ္ပာယ်များ (ဒေါ်လာလို့ ဘာကြောင့် ခေါ်ကြသလဲ)

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေဟာဘာသာစကား၊ ယဉ်ကျေးမှုပုံစံ ကွဲပြားကြတဲ့ အလျောက် အဆိုပါနိုင်ငံတွေမှာ သုံးစွဲနေကြတဲ့ ငွေကြေး တွေဟာလည်း အမည်နာမတွေမတူညီပဲ ကွဲပြားကြပါတယ်။ အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ ဘာလို့ ဒီလိုငွေကြေးတွေကို ခေါ်ဝေါ်သုံးနှုန်းတဲ့ အမည်တွေကွဲပြား ရသလဲဆိုတာပဲဖြစ်ပါတယ်။ ဗဟုသုတအဖြစ် ဖတ်ရှုကြည့်ကြပါဦးနော် … shwekhitonlinetv.com ၁။ဒေါ်လာ (Dollar) ဒေါ်လာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများ သုံနှုန်းကြတဲ့ ငွေကြေးနာမည် ဖြစ်ပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ဖီဂျီ၊ နယူးဇီလန်၊ စင်ကာပူ […]

Amazing

မယုံနိုင်လောက်အောင် ဆန်းကြယ်လွန်းတဲ့ သဘာဝတရားများ

လူသားတွေမှီတင်းနေထိုင်တဲ့ ကမ္ဘာမြေကြီးဟာတော့ အံ့သြဖွယ်ရာကိစ္စတွေ အလွန်များပြားလှပြီး လေ့လာလို့ မကုန်ခမ်းနိုင်တဲ့ အရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။ အခုလည်း သဘာဝတရားရဲ့ မယုံနိုင်လောက်အောင်ဆန်းကြယ်ကွဲပြားမှုလေးအနည်းငယ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဒီပုံကိုကြည့်ပြီးတော့ သင့်အနေနဲ့ဘယ်လိုထင်ပါသလဲ ? သစ်သီးတစ်လုံး ဒါမှမဟုတ် သစ်ပင်ကထွက်တဲ့ သစ်စေးလို့ထင်ချင်စရာပါနော် … ။ အမှန်တော့ ဒါဟာရေနေသတ္တဝါတစ်မျိုးဖြစ်ပါသတဲ့။ Sea Anemone လို့ခေါ်တဲ့ ဒီသတ္တဝါလေးကို ထိတွေ့ကိုင်တွယ်ကြည့်ရင်တော့ ဂျယ်လီိနဲ့တူတယ်လို့သိရပါတယ်။ shwekhitonlinetv.com ၂။ ဒါကသစ်ပင် သစ်ကိုင်းခြောက်တစ်ခုမဟုတ်ပါဘူး။ လူတွေကတော့ဒီအရာကို […]

Amazing

တိုက်တန်းနစ်သင်္ဘောကြီးရဲ့ ထူးထူးဆန်းဆန်း စိတ်ဝင်စားဖွယ် အချက် (၁၀) ချက်

တိုက်တန်းနစ် သင်္ဘောကြီးဆိုတာကတော့ မသိသူမရှိလောက်အောင်ကို နာမည်ကျော်ကြားလှတဲ့ ဧရာမသင်္ဘောကြီးတစ်စင်းဖြစ်ပါတယ်။ တိုက်တန်းနစ်ငင်္ဘောကြီးတစ်မြုပ်ခဲ့တာက နှစ်ပေါင်း (၁၀၀) ကျော်ပြီဖြစ်ပေမယ့် သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ယနေ့တိုင်ကီ လူပြောများနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကနေ့ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလိုလူတွေအပြောများတဲ့ တိုက်တန်းနစ်သင်္ဘောနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမဟုတ်ဘဲ လူတွေအသိနည်းတဲ့ ထူးထူးဆန်းဆန်း အချက်လေးတွေပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် …… shwekhitonlinetv.com ၁။ တိုက်တန်းနစ် သင်္ဘောကြီးကို တည်တောက်ဖို့အတွက် အချိန် (၂၆) လ ကြာမြင့်ခဲ့ပြီး တည်ဆောက်စဥ်ကာလအတွင်း […]

Entertainment

ကျန်းမာရေးအတွက် ဂီတသံစဉ်တွေက ပေးစွမ်းမယ့် ကောင်းကျိုးများ

တေးဂီတသံစဉ်တွေဟာ လူသားတွေရဲ့ ခန္ဓာကိုယ် မထင်မှတ်ထားလောက်တဲ့ နည်းလမ်းတွေနဲ့ သင့်ကို အကျိုးပြုနေတယ်ဆိုရင် ယုံနိုင်ပါ့မလား ပရိသတ်ကြီးရေ …. မယုံမရှိပါနဲ့နော် တေးဂီတတွေကလူသားတွေရဲ့နေ့စဉ်ဘဝမှာ အရေးပါလှတဲ့အကြောင်းကို ဆက်လက်လေ့လာကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ ပျော်ရွှင်ဖွယ်တေးသီချင်းတွေနားဆင်ခြင်းဟာ သင့်ရဲ့အလုပ်က အခက်အခဲတွေကို လျင်မြန်စွာ ပြီးမြောက်စေရုံသာမက ထပ်ခါတလဲလဲပြုလုပ်နေရတဲ့ အီးမေးလ်စစ်ခြင်းနှင့် ဖိုင်ပူးတွဲခြင်း စတဲ့ ကိစ္စရပ်တွေ ပြုလုပ်ခြင်းမှာတောင် သိသိသာသာ အဆင်ပြေချောမွေ့နေစေမှာပဲ ဖြစ်တယ်။ လေ့လာချက်တစ်ခုမှာဆိုရင် ခွဲစိတ်ဆရာဝန်များဟာ သူတို့ခွဲစိတ်နေစဉ်အတွင်း နောက်ခံတေးဂီတတစ်ခုခုဖွင့်ထားပါက […]