လက်ရာမြောက်လွန်းလို့ မှင်တက်သွားစေခဲ့ရတဲ့ ကမ္ဘာတစ်ဝှမ်းက ရုပ်တုကြီးများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာတစ်ဝှမ်းက ရုပ်တုတွေ အကြောင်းပါ။ ရုပ်တု ဆိုတာ အရွယ်အစားမျိုးစုံရှိပြီး သေးသေးလေးက စလို့ အရွယ်အစား အကြီးအထိ ဖန်တီးရတာ တစ်ကယ့်ကို ခက်ခဲလှပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုတွေထဲက ပန်းဆယ်မျိုးဆိုတဲ့ အတတ်ထဲမှာ ပန်းပုပညာ အဖြစ် ပါဝင်လို့ နေတာလည်း ဖြစ်ပါတယ်။ အခု ဒီဘက်ခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လက်ရာမြောက်လွန်းတဲ့ ရုပ်တုတွေကို ဘယ်လိုမျိုး ဖန်တီးထား လဲဆိုတာ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

အခုမြင်နေရတဲ့ ရုပ်တုတွေဟာဆိုရင် တစ်မျိုးနဲ့ တစ်မျိုး ထုလုပ်တဲ့ပုံစံတွေကလည်း ကွဲပြားသလို အမျိုးအစားတွေကလည်း မတူကြပါဘူး။ နောက်ပြီး အဓိပ္ပါယ်အမျိုးမျိုးနဲ့လည်း ပြည့်နှက်လို့နေပါတယ်။ ဒီရုပ်တုတွေဟာဆိုရင် ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းပြားလှတဲ့ မော်ဒန်ရုပ်တုတွေကို စုစည်းပြီး ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ တစ်ချို့ ရုပ်တုတွေဆိုရင် တစ်ကယ့်အစစ်နဲ့တောင် တူလွန်းလို့ ရုတ်တရက်ကြည့်နေရင်းနဲ့ မျက်လုံးကိုတောင် ပြူးသွားစေနိုင်ပါတယ်။ shwekhitonlinetv.com

ဒီအထဲကပုံထဲမှာပါတဲ့ အချို့သော ရုပ်တုတွေကတော့ ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင်ထားတဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးထားတဲ့ ရုပ်တုတွေလည်း ပါနေပါသေးတယ်။ ရုပ်တု တစ်ခုချင်းစီတိုင်းဟာ ဖန်တီးသူရဲ့ ဉာဏ်ကွန့်မြူးတဲ့အပေါ် အခြေခံပြီး လက်ရာတွေက ဆန်းကြယ်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သစ်သားမဟုတ်ပဲ တစ်ခြားသော အရာ၀တ္ထုတွေနဲ့ ဖန်တီးထားတဲ့ ရုပ်တုတွေဟာဆိုရင်လည်း တစ်မျိုး တစ်မည် ကြည့်လို့ ကောင်းနေပါတယ်။ ဒီလက်ရာတွေကို ကြည့်လိုက်မယ်ဆိုရင် ပန်းပုပညာနဲ့ ဖန်တီးထားတဲ့ အရာတွေဟာ ဘယ်လောက်တောင် ရင်သပ်ရှုမောဖွယ် ဖြစ်ရလဲဆိုတာ ခန့်မှန်းမိကြမယ်ထင်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေဟာဆိုရင် ကမ္ဘာတစ်ဝှမ်းက လက်ရာမြောက်လွန်းလှတဲ့ ရုပ်တုတွေကို စုစည်းပြီး ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှလည်း အခုလို ထူးခြားဆန်းကြယ်တဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။