တွဲပေါင်း (၆၀၀) ကျော်နဲ့ ကမ္ဘာ့အရှည်ဆုံး မီးရထားကြီး

မီးရထားတွေဆိုတာသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်အလွန်အရေးပါတဲ့ အရာတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးရထားတွေက ကုန်စည်ပဲဖြစ်ဖြစ် ခရီးသည်တွေကိုပဲဖြစ်ဖြစ်ကုန်ကျစရိတ်သက်သာစွာနဲ့ အရေအတွက်များများကိုတစ်ခါတည်း တစ်နေရာကတစ်နေရာကို ပို့ဆောင်ပေးနိုင်လို့ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာမြင်တွေ့ခဲ့ရဖူးသမျှမီးရထားတွေထဲကမှ အရှည်ဆုံးမီးရထားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ မီးရထားကြီးတစ်စင်းအကြောင်းကို ရွှေခေတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ်ပြန်လည်ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

DCF 1.0

ဒီမီးရထားကြီးကတော့ သြစတြေးလျနိုင်ငံကဖြစ်ပြီး BHP လို့အမည်ပေးထားပါတယ်။ ဒီမီးရထားကြီးရဲ့အဓိကတာဝန်ကတော့ သြစတြေးလျအနောက်ပိုင်းက Pilbara ဒေသမှာ သံရိုင်းတွေကို သယ်ယူပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီမီးရထားကြီးဟာ ပက်လက်ကုန်တင်တွဲပေါင်း (၅၂၀) ကနေ (၆၀၀) ကျော်အထိတင်ဆောင်ခုတ်မောင်းလေ့ရှိပါတယ်။ တွဲစင်းပေါင်း (၆၆၄) တွဲ ကို အများဆုံးအနေနဲ့ ချိတ်ဆက်ခုတ်မောင်းခဲ့ဖူးပြီး အဲ့ဒီတုန်းက ဒီမီးရထားကြီးရဲ့ အရှည်ဟာ (၄.၆) မိုင်လောက်ထိရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒါဟာ ကမ္ဘာပေါ်မှာမီးရထားတစ်စင်းအတွက်အရှည်ဆုံးပမာဏလည်းဖြစ်ခဲ့ပါတယ်။ ဒီလိုတွဲပေါင်း (၆၀၀) ကျော်ကိုဆွဲဖို့အတွက် အားကောင်းလှတဲ့အင်ဂျင် (၈) လုံးပါဝင်တဲ့ စက်ခေါင်း (၄) ခုကို အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိတော့ အဆိုပါ BHP သံရိုင်းတင်တဲ့ရထားလောက် ရှည်တဲ့ရထား ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။