
ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အလှဘုရင်မတွေလို့ အသိအမှတ်ပြုထားတဲ့သူ (၇) ဦး
ဟောလိဝုဒ်ရုပ်ရှင်လောကမှာ လှပချောမောတဲ့ သရုပ်ဆောင်မင်းသမီးတွေကို စာရင်းကောက်ယူမယ်ဆိုရင်တော့အတော်လေးကိုများပြားပါလိမ့်မယ်။ အဲ့ဒီထဲကမှ တစ်ကမ္ဘာလုံးကပရိသတ်တွေရော အနုပညာလောကသားအချင်းချင်းပါ အလှဘုရင်မတွေလို့ အသိအမှတ်ပြုထားတဲ့သူ (၇) ဦးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ရှားလိဇ်သီရွန် ချားလိဇ်သီရွန်ကတော့ တောင်အာဖရိကသူဖြစ်ပြီး အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုတွေအပြင် ဆုပေါင်းရာနဲ့ချီရရှိထားသူပါ။ လက်ရှိဟောလီးဝုဒ်ရဲ့ကြေးအကြီးဆုံးမင်းသမီးတစ်ဦးဖြစ်သလို ကမ္ဘာပေါ်မှာသြဇာလွှမ်းမိုးမှုအရှိဆုံးသူအယောက် (၁၀၀) ထဲမှာလည်းပါဝင်တဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အသက် (၄၇) အရွယ်ရှိပြီဖြစ်ပေမယ့် ပျိုမြစ်လန်းဆန်းနေဆဲဖြစ်လို့ ဟောလိဝုဒ်ရဲ့အလှဆုံးမင်းသမီးတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ နာတာလီပေါ့သ်မန်း အစ္စရေး-အမေရိကန်နွယ်ဖွားမင်းသမီးဖြစ်တဲ့ နာတာလီပေါ့သ်မန်းဟာ အသက် (၄၁) နှစ်ရှိပြီဖြစ်ပါတယ်။ […]