News

အိမ်သုံးလျှပ်စစ်ကားတွေကို အလိုလျှောက်အားသွင်းပေးနိုင်တဲ့ လမ်းမကြီးကို တည်ဆောက်တော့မည်

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဥရောပကဆွီဒင်နိုင်ငံဟာ အနာဂတ်သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ တွေးခေါ်ပုံတွေကို ပြောင်းလဲစေမယ့် ခေတ်ရှေ့အပြေးဆုံးအခြေခံအဆောက်အဦးတစ်ခုကို လာမယ့် ၂၀၂၅ မှာစတင်အသုံးပြုတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ shwekhitonlinetv.com ဆွီဒင်နိုင်ငံဟာ အိမ်သုံးလျှပ်စစ်ကားတွေကို အလိုလျှောက်အားသွင်းပေးနိုင်တဲ့ (E-Motorway) ကိုတည်ဆောက်နေတာဖြစ်ပြီး လျှပ်စစ်ကားတွေအနေနဲ့ ဒီလမ်းပေါ်ကနေမောင်းနှင်ရင်း အားသွင်းနိုင်မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ကနဦးအနေနဲ့ ဒီလမ်းကိုတည်ဆောက်ဖို့ရွေးချယ်ထားတဲ့နေရာကတော့ E-20 လို့ခေါ်တဲ့အဝေးပြေးလမ်းပိုင်းမှာဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ ၂၁ ကီလိုမီတာ (၁၃ မိုင်) ရှည်လျားပြီး ဆွီဒင်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ဂိုသင်ဘတ်၊ စတော့ဟုမ်း နဲ့ မာလ်မို မြို့တွေကို […]

News

နျူကလီးယားဓာတ်ပေါင်းဖိုကို အသုံးပြုတဲ့ ဓာတ်အားပေးစနစ်ကို ဖိလစ်ပိုင်မှာ စတင် လည်ပတ်တော့မည်

အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ လာမည့် ၂၀၂၇ ခုနစ်မှာ နျူကလီးယားဓာတ်ပေါင်းဖိုကို အသုံးပြုတဲ့ဓာတ်အားပေးစနစ်ကို စတင်လည်ပတ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ shwekhitonlinetv.com တစ်ကယ်လို့သာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒီကိစ္စကိုအမှန်တစ်ကယ်အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖိုစတင်လည်ပတ်နိုင်တဲ့ နိုင်ငံဖြစ်လာမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com တစ်ကယ်တော့ ဖိလစ်ပိုင်နိုင်ငံဟာ နျူကလီးယားစွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးစနစ်ကို လည်ပတ်ဖို့အတွက် အခုမှစတင်ကြိုးပမ်းခဲ့တာမဟုတ်ပါဘူး။ သူတို့အနေနဲ့ ၁၉၇၆ ခုနစ်ကတည်းက Bataan ကျွန်းဆွယ်မှာ နျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com Bataan လို့အမည်ပေးထားတဲ့ ဒီနျူကလီးယားဓာတ်ပေါင်းဖိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံအကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပြီး […]

News

အာလင်းဟာလန်းကို ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်စေခဲ့တဲ့ သူ (၂) ဦး

မန်စီးတီးအသင်းရဲ့ နော်ဝေတိုက်စစ်မှုး အာလင်းဟာလန်းဟာ လက်ရှိဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်မှာသာမက ပြိုင်ပွဲစုံမှာဂိုးသွင်းအများဆုံးကစားသမားတစ်ဦးအဖြစ်ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ အသက် (၂၂) နှစ်အရွယ်သာရှိသေးပေမယ့် လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတစ်ဦးအဖြစ် သတ်မှတ်လို့ရတဲ့ ဟာလန်းကိုဒီနေ့လိုအနေအထားမျိုးရောက်ရှိအောင်တွန်းအားပေးခဲ့တဲ့ မထင်မရှားကစားသမား (၂) ဦးရှိပါတယ်။ shwekhitonlinetv.com သူတို့တွေကတော့ ဟာလန်းရဲ့ငယ်ငယ်တုန်းကအကယ်ဒမီအသင်းဖော် နောက်တန်းကစားသမားတွေဖြစ်ကြတဲ့ တွဒ်ဂျွန်ဆင်နဲ့ အန်ဒရေယူလန်း တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ နော်ဝေးနိုင်ငံ ဘရန်းမြို့မှာမွေးဖွားကြသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com အင်္ဂလန်နိုင်ငံ ယော့ခ်ရှိုင်းယားဒေသမှာမွေးဖွားခဲ့တဲ့ ဟာလန်းဟာလည်း လူငယ်ကစားသမားဘဝကိုတော့ နော်ဝေးနိုင်ငံဘရန်းမြို့ခံကလပ်အသင်းဖြစ်တဲ့ ဘရန်းအသင်းမှာအစပြုခဲ့တာပါ။ အဲ့ဒီအချိန်မှာ တွဒ်ဂျွန်ဆင်နဲ့ အန်ဒရေယူလန်းတို့ဟာ ဟာလန်းအတွက် ဖြတ်ကျော်ရခက်ပြီး […]

News

ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့သူ လယ်သမား

ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်တဲ့ လယ်သမားတစ်ဦးဟာ သူ့ရဲ့ချယ်ရီခြံထဲမှာ ရောမခေတ်ကအသုံးပြုခဲ့တဲ့ ကြေးဝါ နှင့် ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆွစ်ဇာလန်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ ရတနာတွေထဲမှာတော့ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com Ance France Press သတင်းဌာနရဲ့အဆိုအရတော့ အဆိုပါလယ်သမားနေထိုင်ရာ ဆွစ်ဇာလန်နိုင်ငံ Aargau မြောက်ပိုင်း Frick မြို့အနီးတစ်ဝိုက်ဟာ ရှေးခေတ်ရောမလူမျိုးတွေ အခြေချနေထိုင်သွားခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးတဲ့ လယ်သမားဟာ တောက်ပတဲ့ရှေးခေတ်သုံးဒင်္ဂါးအချို့ကို တွေ့ရှိပြီးတဲ့အချိန်မှာတော့ ဒေသဆိုင်ရာ ရှေးဟောင်းသုတေသန […]

News

အသက် (၉၁) နှစ်အရွယ်မှာ ကမ္ဘာ့အသက်အကြီးဆုံး ဘဏ်ဓားပြအဖြစ်သတ်မှတ်ခံခဲ့ရသူ အကြောင်း

J.L Hunter Rountree ဆိုတဲ့အဘိုးကြီးတစ်ဦးကိုတော့ လူအများက “Red” ဆိုပြီး သိထားကြပါတယ်။ သူကနှယ်နှယ်ရရသူတစ်ဦးတော့မဟုတ်ပါဘူး။ အသက် (၉၁) နှစ်အရွယ်မှာ ဘဏ်တစ်ခုကို တစ်ကိုယ်တော်ဓားပြတိုက်ခဲ့လို့ ကမ္ဘာ့အသက်အကြီးဆုံး ဘဏ်ဓားပြအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ shwekhitonlinetv.com သူဟာ တစ်ချိန်တုန်းကတော့ ဇနီးနဲ့ သားတစ်ဦးရှိပြီး ချမ်းသာကြွယ်ဝတဲ့သူတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူပိုင်ဆိုင်တဲ့အရာတွေအားလုံးကို ကံကြမ္မာကယူဆောင်သွားခဲ့ပြီးနောက်ပိုင်းမှာတော့ သူ့အနေနဲ့ရာဇဝတ်မှု ကျူးလွန်တဲ့ဘဝကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ၂၀၀၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့မှာ Rountree ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် […]

News

ရှားပါးလွန်းတဲ့ အလန်းစားကားနဲ့ ညစာထွက်စားခဲ့တဲ့ စီရော်နယ်လ်ဒို

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ကမ္ဘာ့ဘောလုံး Icon တစ်ဦးဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှုး စီရော်နယ်ဒိုဟာ ရှားရှားပါးပါး Super Car တစ်စီးဖြစ်တဲ့ Bugatti Centodieci မောင်းနှင်ပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့က စားသောက်ဆိုင်တစ်ခုမှာ ညစာလာရောက်စားခဲ့ပါတယ်။ shwekhitonlinetv.com စီရော်နယ်လ်ဒိုအနေနဲ့သူ့ရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွတ်စ်နဲ့အတူ ဒီစားသောက်ဆိုင်ကိုလာခဲ့တာဖြစ်ပါတယ်။ အးမက်ဒရစ်မြို့ဟာ သူ့ရဲ့ကစားသမားဘဝ (၉) နှစ်တာကာလလောက်ကို နေထိုင်ဖြတ်သန်းခဲ့တဲ့မြို့ဖြစ်တာကြောင့်သူရောက်နေတဲ့သတင်းဟာ သူ့ပရိသတ်တွေဆီ တမဟုတ်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။ shwekhitonlinetv.com ဒါကြောင့် စားသောက်ဆိုင်က ပြန်အထွက်မှာ များပြားလှတဲ့ ပရိသတ်တွေရဲ့ဝိုင်းအုံခြင်းခံခဲ့ရပေမယ့် အော်တိုလက်မှတ်တွေတော့ စီရော်နယ်လ်ဒိုက ရေးထိုးပေးသွားခဲ့တာပါ။ shwekhitonlinetv.com […]

News

မယုံကြည်နိုင်လောက်အောင် နည်းပါးတဲ့လစာငွေနဲ့ ဘောလုံးလောကထဲပြန်လည်ရောက်ရှိလာတဲ့ ဂန္ဒဝင်တစ်ဦး

ရော်နယ်လ်ဒင်ဟိုဆိုတဲ့ အမည်နာမဟာတစ်ချိန်က ကလေးအစ ခွေးအဆုံးသိခဲ့ကြတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင်ကြီးဟာ လက်ရှိအချိန်မှာ အသက်အရွယ်အားဖြင့် (၄၃) နှစ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com သူဟာ ဘောလုံးဘောကကနေအနားယူပြီးနောက်ပိုင်းမှာ ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရပြီး စည်းစိမ်ဥစ္စာတွေလည်း ခြူးတစ်ပြားမကျန်အောင်မွဲတွေသွားခဲ့တဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ နာမည်ကျော်အမှတ်တံဆိပ်အချို့ရဲ့ ပရိုမိုးရှင်းသရုပ်ပြပွဲတွေမှာသာ လိုက်လံသရုပ်ပြကစားရင်းဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ shwekhitonlinetv.com ဒါပေမယ့်ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာတော့ ရော်နယ်လ်ဒင်ဟိုအနေနဲ့ ကြေးစားဘောလုံးလောကကို ပြန်လည်ဝင်ရောက်လာပြီဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုအနေနဲ့ ဘာစီလိုနာနောက်ခံလူ ဂျရတ်ပီကေးတည်ထောင်ထားတဲ့ Kings Leauge က Porcinos FC အသင်းအတွက် […]

News

နံနက်ခင်းတိုင်းမှာ သခင်မပါဘဲ တစ်ကိုယ်တော် လမ်းလျှောက်ထွက်လေ့ရှိတဲ့ အဖြူရောင် မြင်းမကလေး

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ကလေးရဲ့သာယာလှပတဲ့နံနက်ခင်းတိုင်းမှာ လူသားတွေလိုပဲ ပုံမှန်အချိန်မှန် လမ်းလျှောက်ထွက်လေ့ရှိတဲ့ သတ္တဝါလေးတစ်ကောင်ရှိပါတယ်။ သူကတော့ ဂျန်နီလို့ခေါ်တဲ့ အဖြူရောင်မြင်းမကလေးဖြစ်ပါတယ်။ shwekhitonlinetv.com ထူးခြားတာက ဒီမြင်းမကလေးဟာ သူ့ကိုထိန်းကျောင်းမယ့်သူ၊ သူ့ရဲ့သခင် စတဲ့သူတွေတစ်ယောက်မှမပါဘဲ သူ့ဘာသာတစ်ကိုယ်တည်းနေ့တိုင်း လမ်းလျှောက်ထွက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဖရန့်ဖတ်မြို့သူ မြို့သားတွေအတွက်တော့ ဒါဟာအဆန်းတကြယ် တခုပ်တရပြောရမယ့်ကိစ္စတော့မဟုတ်ပါဘူး။ shwekhitonlinetv.com ဘာကြောင့်လဲဆိုတော့ ဂျန်နီအနေနဲ့ အခုလိုမနက်တိုင်းတစ်ကိုယ်တော် ပုံမှန်လမ်းလျှောက်ထွက်နေတာ (၁၄) နှစ်လောက်ရှိနေပြီမို့လို့ဖြစ်ပါတယ်။ သူမရဲ့သခင်ဖြစ်သူဟာ အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမကိုစီးနင်းဖို့ အတွက်မစွမ်းနိုင်တော့တာကြောင့် သူမစိတ်ကြိုက်သွားလာခွင့်ပြုထားတာပါ။ shwekhitonlinetv.com သူမအတွက်တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးနဲ့ […]

News

ကော်ဖီလို ဖျော်သောက်လို့ရမယ့် ဘီယာ အမှုန့်တွေကို ထုတ်လုပ် ရောင်းချတော့မည်

ဘီယာနဲ့ပတ်သက်ရင် ဆရာတစ်ဆူလို့ဆိုရမယ့်ဂျာမနီနိုင်ငံကတော့ အမိုက်စားတီထွင်ဖန်တီးမှုတစ်ရပ်ကို ပြုလုပ်လိုက်ပါပြီ။ အဲ့ဒါကတော့ ဘီယာကိုအသင့်ဖျော်ကော်ဖီမစ်တွေလိုမျိုး အမှုန့်အနေအထားဖန်တီးပြီး အထုပ်လေးတွေပြုလုပ်ရောင်းချတော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဂျာမန်ဘီယာချက်စက်ရုံတွေထဲမှာ Neuzeller Klosterbräu ဟာ သက်တမ်းအားဖြင့်နှစ်ပေါင်း (၅၀၀) နီးပါးရှိပြီဖြစ်တဲ့ နှစ်ချို့ဘီယာချက်စက်ရုံတစ်ခုပါ။ လက်ရှိအချိန်မှာသူတို့အနေနဲ့ ဘီယာကို ကော်ဖီမစ်လိုမျိုး အမှုန့်အနေအထားနဲ့ တီထွင်နိုင်ခဲ့ပြီဖြစ်ပြီး အချိန်မရွေး ရေထည့်ကာဖျော်သောက်နိုင်အောင် အထုပ်ပုံစံနဲ့ဈေးကွက်ထဲကိုဖြန့်ချိတော့မယ်လို့ ကြေညာခဲ့တာပါ။ shwekhitonlinetv.com ဒီတီထွင်မှုရဲ့နောက်မှာတော့ ကောင်းမွန်တဲ့အကျိုးဆက်တွေရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘီယာကို ပုလင်းတွေ၊ ဗူးတွေနဲ့ ထုတ်လုပ်ခြင်းဟာသယ်ယူပို့ဆောင်ရာမှာ များစွာသောဝန်ကိုဖြစ်စေပါတယ်။ အခုလို ပေါ့ပါးစွာနဲ့အရေအတွက်များများကို […]

News

ထူးဆန်းတဲ့အနေအထားနဲ့ မံမီရုပ်အလောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဖြစ်ရပ်

ပီရူးနိုင်ငံ San Marcos အမျိုးသားတက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရှင်တွေဟာ မြို့တော်လီမာကနေ (၁၅) မိုင်ခွဲလောက်ကွာဝေးတဲ့ Cajamarquilla ဆိုတဲ့ ရှေးဟောင်းသုတေသနဆိုဒ်တစ်ခုမှာ ထူးဆန်းတဲ့အနေအထားနဲ့ သဂြိၤုဟ်ခံထားရတဲ့ မံမီရုပ်အလောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com ဒီမံမီရုပ်အလောင်းရဲ့သက်တမ်းက အနည်းဆုံးနှစ်ပေါင်း (၈၀၀) ကနေ (၁၀၀၀) ကြားမှာရှိတယ်လို့ ခန့်မှန်းရပြီး မျက်နှာကိုလက်နှစ်ဖက်နဲ့ အုပ်လျက်သားအနေခြအနေရယ်၊ ခြေတွေလက်တွေက သန္ဓေသားလောင်းပုံသဏ္ဍာန်မျိုးရှိနေတာရယ် ကြိုးတွေနဲ့တုပ်ထားလျက်ရှိနေတာတွေက သုတေသီတွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com ဒီဂူသချိုင်းမှာတွေ့ရတဲ့ ဟင်းသီးဟင်းရွက်အကျန်တွေနဲ့ ကြွေထည်ပစ္စည်းအချို့ကိုကြည့်ခြင်းအားဖြင့်တော့ ဒါဟာ ပီရူးနိုင်ငံတောင်ပိုင်းက လူမျိုးစုတွေရဲ့အသုဘဓလေ့ထုံးတမ်းတစ်ခုဖြစ်နိုင်ကြောင်း အကြမ်းဖျင်းကောက်ချက်ချနိုင်တယ်လို့ […]