အင်စတာဂရမ်အကောင့်ဖွင့်ပြီး (၂) ရက်အတွင်း Followers (၂) သန်းကျော်ရရှိခဲ့တဲ့ ကလေးလေး

ရွန်နီဖိုဒန်ဆိုတာ အသက် (၄) နှစ်အရွယ်သာရှိသေးတဲ့ကလေးလေးဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ကတော့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား ဖီးလ်ဖိုဒန် ပါ။ မန်ချက်စတာစီးတီးအသင်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သမိုင်းဝင်ဖလား (၃) လုံးအောင်ပွဲနဲ့အတူ ရာသီကိုအောင်မြင်စွာပိတ်သိမ်းနိုင်ခဲ့ပါတယ်။ ဒါကတော့ အားလုံးသိပြီးသားအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီနေရာမှာပြောစရာရှိတာက ဖီးလ်ဖိုဒန်ရဲ့သားဖြစ်တဲ့ ရွန်နီဖိုဒန်အကြောင်းပါ။ ဒီကလေးလေးကတော့ ဘောလုံးပရိသတ်အတော်များများနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူဟာ သူ့အဖေနဲ့အတူ မန်ချက်စတာစီးတီးအသင်းရဲ့ အဝတ်လဲခန်း၊ နားနေခန်း နဲ့ ကွင်းတွင်းအောင်ပွဲခံမှုတွေမှာ လိုက်ပါလေ့ရှိတဲ့သူပါ။ shwekhitonlinetv.com

သူ့ရဲ့ပုံစံလေးက ချစ်ဖို့ကောင်းတာကြောင့် ဖိုဒန်ရဲ့မန်ချက်စတာစီးတီး အသင်းဖော်တွေသာမက ဘောလုံးပရိသတ်တွေအားလုံးကလည်း ချစ်ခင်ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ဖိုဒန်က သူ့သားအတွက် အင်စတာဂရမ်မှာအကောင့်ဖွင့်ပေးခဲ့ပါတယ်။ shwekhitonlinetv.com

မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ သူ့သားရွန်နီဖိုဒန်ရဲ့ အင်စတာဂရမ်အကောင့်ဟာ (၂၄) နာရီအတွင်း Followers (၁) သန်းကျော်အထိရှိခဲ့ပါတယ်။ နောက်နေ့မှာလည်း သူ့အကောင့်ကို Followers လုပ်သူတွေဟာ ကျဆင်းမသွားဘဲ (၂) ရက်အတွင်း Followers (၂) သန်းကျော်ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

အခုနောက်ဆုံးအခြေအနေအရဆိုရင် ရွန်နီဖိုးဒန်ရဲ့ Followers အရေအတွက်ဟာ စုစုပေါင်း (၄) သန်းကျော်သွားခဲ့ပြီ ဖြစ်ပြီး Followers (၉) သန်းဝန်းကျင်သာရှိတဲ့ သူ့ရဲ့အဖေ ဖီးလ်ဖိုဒန်ကို မကြာခင်မှာ မီတော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။