ထာဝစဉ်နုပျိုနေစေမယ့် ကော့တေးတစ်မျိုးကို ဖော်စပ်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်များ

အသက်အရွယ်ကြီးရင့်ပြီး အိုမင်းရင့်ရော်မသွားတဲ့ “မအိုဆေး” ဆိုတာ ရုပ်ရှင်တွေ၊ ပုံပြင်တွေထဲမှာသာ မြင်ဖူးကြားဖူးတဲ့အရာဖြစ်ပါတယ်။ တစ်ကယ့်အပြင်မှာတော့ အိုမင်းရင့်ရော်ခြင်းဆိုတာ လူသားတိုင်းရှောင်လွှဲလို့ မရနိုင်တဲ့ သဘာဝတရားဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အခုအခါမှာတော့ အဲ့ဒီသဘာဝတရားကိုဆန့်ကျင်ပြီး အိုမင်းမသွားဘဲထာဝစဉ်နုပျိုနေစေမယ့် ဆေးတစ်မျိုးကို အမေရိကန်နိုင်ငံ ဟားဗက်စ်တက္ကသိုလ်ကသိပ္ပံပညာရှင်တွေဟာ ဖော်စပ်အောင်မြင်ဖို့အလွန် နီးစပ်နေပြီလို့သိရပါတယ်။ shwekhitonlinetv.com

ဒီသတင်းက အခြေအမြစ်မရှိတဲ့ ကောလဟလသတင်းတစ်ပုဒ်မဟုတ်ဘဲ အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ New York Post မှာဖော်ပြခဲ့တာဖြစ်ပါတယ်။ ဟားဗက်စ်တက္ကသိုလ်က သုတေသီတွေဟာ “Fountain of Youth” လို့အမည်ပေးထားတဲ့ ဓာတုကော့တေး (Chemical Cocktail) တစ်မျိုးကို ဖော်စပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ကော့တေးဟာ အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်တွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့အစွမ်းရှိပြီး တရားဝင်ခွင့်ပြုထားတဲ့ ဓာတုပစ္စည်း (၇) မျိုးလောက်နဲ့ဖော်စပ်ထားတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ကြွက်တွေကိုစမ်းသပ်ရာမှာအောင်မြင်ခဲ့ပြီး ၂၀၂၄ မှာ လူသားတွေနဲ့စမ်းသပ်ဖို့စီစဉ်ထားပါတယ်။ shwekhitonlinetv.com

ဒီဆေးဖော်စပ်ရာမှာ ဦးဆောင်ခဲ့သူဖြစ်တဲ့ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲယား (David Sinclair) ရဲ့ပြောကြားချက်မှာတော့ “ဒီဆေးနဲ့ ကြွက်တွေကိုစမ်းသပ်ခဲ့တဲ့အချိန်မှာ တစ်ပတ်အတွင်းသိသိသာသာ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေပြောင်းပြန်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ နောက်ထပ်စိတ်ချသေချာရမယ့် စမ်းသပ်မှုတွေပြုလုပ်ပြီးရင်တော့ လူတိုင်းတက်နိုင်တဲ့ ဈေးနဲ့ရောင်းချပေးဖို့ရှိပါတယ်။” လို့ သူ့ရဲ့တွစ်တာစာမျက်မှာ ရေးသားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီဆေးဟာဈေးကွက်ထဲကို အောင်မြင်စွာနဲ့ ရောက်ရှိလာမလားဆိုတာကတော့ သိပ်မကြာတော့တဲ့အချိန်မှာ သိရတော့မှာပဲဖြစ်ပါတယ်။ တိုးတက်နေတဲ့ခေတ်ကြီးရဲ့ ဆေးသိပ္ပံလောက တိုးတက်ပြောင်းလဲမှုတွေကတော့ အတော်လေးကိုအံ့အားသင့်စရာ ကောင်းလှပါရဲ့နော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။