စီရော်နယ်လ်ဒိုမပါဝင်တဲ့ Ballon d’Or ဆု ဆန်ခါတင် (၁၀) ဦးစာရင်း

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or ဆု) ကိုတော့လာမယ့် အောက်တိုဘာလ (၃၀) ရက်နေ့မှာပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီဆုအတွက်လျှာထားခြင်းခံရတဲ့ ကစားသမားများစွာရှိတဲ့အထဲကမှ အခုဆိုရင်တော့ နောက်ဆုံးဆန်ခါတင် (၁၀) ဦးစာရင်းထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစာရင်းမှာပါဝင်တဲ့သူအကုန်လုံးကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာသက်ဆိုင်ရာ မိခင်ကလပ်အသင်း၊ လက်ရွေးစင်အသင်းတွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသခဲ့တဲ့သူတွေမို့လို့ ဘောလုံးပရိသတ်တွေကြား အငြင်းပွားဖွယ်ရာတော့ မဖြစ်ခဲ့ဘူးလို့ဆိုရမှာပါ။ shwekhitonlinetv.com

ဒါပေမယ့် ဒီဆုကို (၅) ကြိမ်ရရှိထားပြီး နောက်ဆုံးဆယ်စုနှစ်အတွင်းလွှမ်းမိုးမှုကြီးမားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ ဒီနှစ်အတွက်ဆန်ခါတင်စာရင်းမှာ ပါဝင်လာခြင်းမရှိတော့ပါဘူး။ ဒါဟာ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်က မက်ဆီ Vs စီရော်နယ်ဒို အားပြိုင်မှု ခေတ်တခေတ်အဆုံးသတ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂၀၂၂ – ၂၀၂၃ ဘောလုံးရာသီ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) အတွက်လက်ရှိ ဆန်ခါတင်ရွေး (၁၀) ဦးစာရင်းမှာပါဝင်တဲ့သူတွေကတော့ ……. shwekhitonlinetv.com

၁၀။ ဂျူလီယန်အဲဗာရက်ဇ် (မန်စီးတီး)

အသက် (၂၃) နှစ်အရွယ် အာဂျင်တီးနားတောင်ပံကစားလေး ဂျူလီယံအဲဗာရက်ဇ်ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စုစုပေါင်းသွင်းဂိုး (၂၃) ဂိုး၊ ဂိုးဖန်တီးမှု (၆) ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား၊ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်၊ FA ၊ ချန်ပီယံလိဂ် ဆုဖလားတွေရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့သူပါ။ shwekhitonlinetv.com

၉။ ရောဘတ်လီဝန်ဒေါစကီး (ဘာစီလိုနာ)

စပိန်ကလပ် ဘာစီလိုနာအသင်းရဲ့ ပိုလန်တိုက်စစ်မှုး လီဝန်ဒေါစကီးကတော့ သွင်းဂိုး (၃၆) ဂိုး ၊ ဂိုးဖန်တီးမှု (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး စပိန်လာလီဂါ နဲ့ စပိန်စူပါဖလား တွေကို ဘာစီလိုနာအသင်းနဲ့အတူ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၈။ ဗစ်တာအိုစီမန်း (နာပိုလီ)

အသက် (၂၄) နှစ်အရွယ်သာရှိသေးတဲ့ နိုက်ဂျီးရီးယားတိုက်စစ်မှုး ဗစ်တာအိုစီမန်းကတော့ လက်ရှိအချိန်မှာ ဥရောပအသင်းကြီးတိုင်းက အလိုရှိနေတဲ့တိုက်စစ်မှုးတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ နာပိုလီအသင်းကို (၃၃) နှစ်ကြာဝေးကွာနေတဲ့ စကူူဒက်တိုဆုဖလားရရှိအောင် အဓိကနေရာကစွမ်းဆောင်ပေးခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒဏ်ရာပြဿနာသာမကြုံခဲ့ရင် ကွာတားဖိုင်နယ်ထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ချီးကျူးဖို့ကောင်းတာက ကြောက်မက်ဖွယ်ဒဏ်ရာပြဿနာကြားကနေ သွင်းဂိုး (၃၃) ဂိုး ၊ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဂွန်ဒိုဝမ် (မန်စီးတီး)

ဂွန်ဒိုဝမ်ကတော့ မန်စီးတီးအသင်းရဲ့ သမိုင်းဝင် Treble အောင်ပွဲမှာအရေးပါတဲ့သူဖြစ်ပြီး တစ်ရာသီလုံးတည်ငြိမ်တဲ့ ခြေစွမ်းနဲ့အသင်းကို ဦးဆောင်ထိန်းကျောင်းပေးခဲ့တဲ့သူဖြစ်ပါတယ်။ သူကတော့ လက်ရှိအချိန်မှာဘာစီလိုနာအသင်းကိုပြောင်းရွှေ့သွားပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ရိုဒရီ (မန်စီးတီး)

စပိန်ကွင်းလယ်လူ ရိုဒရီကတော့ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး ကလပ်အသင်းရော နိုင်ငံအသင်းအတွက်ပါ ရှိသမျှပြိုင်ပွဲတွေအကုန်လုံးကိုပါဝင်ကစားခဲ့တဲ့သူဖြစ်ပါတယ်။ ကြံခိုင်မှုကောင်းလွန်းပြီး အရေးပေါ်အခြေအနေတွေမှာ မထင်မှတ်ဘဲအဆုံးအဖြတ်ဂိုးတွေကို သွင်းယူတက်သူပီပီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း မန်စီးတီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းပေးခဲ့တဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် စပိန်အသင်းကိုလည်း UEFA Nations League ဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါသေးတယ်။ shwekhitonlinetv.com

၅။ ကီဗင်ဒီဘရိုင်းနား (မန်စီးတီး)

လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးဖန်တီးရှင်ကိုပြပါဆိုရင်တော့ မန်စီးတီးအသင်းက ဘယ်လ်ဂျီယံကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနားကိုပဲပြရမှာဖြစ်ပါတယ်။ သူ့ရဲ့တိကျသေချာပြီး အကွက်မြင်လွန်းတဲ့ချိန်သားကိုက်ပေးပို့မှုတွေကြောင့် အသင်းဖော်တွေ ဂိုးအလွယ်တကူရနေတာဆိုရင်လည်း မမှားပါဘူး။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့ ဂိုးဖန်တီးမှုက (၃၂) ကြိမ်အထိရှိခဲ့တာကြောင့်ပါ။ သွင်းဂိုးကတော့ (၁၀) ဂိုးရှိခဲ့ပါတယ်။ shwekhitonlinetv.com

၄။ ဗီနီးရှပ်ဂျူနီယာ (ရီးယဲလ်မက်ဒရစ်)

ဘရာဇီးလ်တောင်ပံကစားသမားလေး ဗီနီးရှပ်ဂျူနီယာကတော့ ရီးယဲလ်မက်ဒရစ်အသင်းပရိတ်သတ်တွေအနေနဲ့ နာမည်ကျော် BBC တိုက်စစ်အတွဲကို မေ့သွားအောင် ခြေစွမ်းပြခဲ့တဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း သွင်းဂိုး (၂၅) ဂိုး ၊ ဂိုးဖန်တီးမှု (၂၆) ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် ဒီစာရင်းမှာပါဝင်ဖို့ထိုက်တန်တဲ့သူပါ။ shwekhitonlinetv.com

၃။ ကိုင်လီယန်ဘာပေ (ပီအက်စ်ဂျီ)

ပြိုင်ပွဲစုံ သွင်းဂိုး (၅၅) ဂိုး ၊ ဂိုးဖန်တီးမှု (၁၄) ကြိမ်ပြုလုပ်ခဲ့တဲ့ ပြင်သစ်ကြယ်ပွင့် ကိုင်လီယန်ဘာပေကို ဒီစာရင်းမှာထည့် မဖြစ်မနေထည့်သွင်းရမယ့် အကြောင်းအရင်းကတော့ အာဂျင်တီးနားအသင်းနဲ့ ဆုံတွေ့ခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်ကခြေစွမ်းကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အာလင်းဟော်လန်း (မန်စီးတီး)

အာလင်းဟော်လန်းကတော့ ပြီးခဲ့တဲ့ရာသီမှာရရှိဆွတ်ခူးခဲ့တဲ့ ဆုဖလားတွေထက် ကြောက်မက်ဖွယ်ဂိုးသွင်းနှုန်း က ပိုပြီးပြောစရာဖြစ်ခဲ့တာပါ။ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ခက်ခဲလှပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရောက်ရောက်ချင်းနှစ်မှာပဲ သွင်းဂိုးစံချိန်တွေချိုးပြခဲ့တဲ့ ချာတိတ်ဖြစ်ပါတယ်။ ဟော်လန်းရဲ့ ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံသွင်းဂိုးက (၅၆) ဂိုးရှိခဲ့ပြီး ဂိုးဖန်တီးမှုလည်း (၉) ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၁။ လီယွန်နယ်မက်ဆီ (အင်တာမိုင်ယာမီ)

နှစ်စဉ်အမြဲယှဉ်ပြိုင်နေရတဲ့ အဓိကပြိုင်ဘက် စီရော်နယ်ဒိုတစ်ယောက် ဒီစာရင်းမှာမပါဝင်တော့ပေမယ့် လီယွန်နယ်မက်ဆီကတော့ ဒီဆုအတွက်တစ်ပြေးနေတုန်းပဲဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့အတူ အာသီသပြင်းပြလွန်းပြီး ကစားသမားဘဝအတွက် ကွက်လပ်တစ်ခုဖြစ်နေတဲ့ ဖလားတစ်လုံးကို နောက်ဆုံးမီးစာကျန်ချိန်မှာ အစွမ်းကုန်တောက်ပပြီးအရယူနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်က ဒီဆုကို (၈) ကြိမ်မြောက် ဆွတ်ခူးဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။