လူတွေမေ့လျော့နေကြလောက်ပြီဖြစ်တဲ့ တစ်ချိန်ကအကျော်ကြားဆုံး ကမ္ဘာကျော်စုံတွဲများ

တစ်ချိန်တုန်းက ပရိသတ်တိုင်းမြင်သူတိုင်းအားကျခဲ့ရတဲ့ ဒိတ်ဒိတ်ကြဲ ကမ္ဘာကျော်စုံတွဲတွေရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစုံတွဲတွေရဲ့ပုံရိပ်တွေကို ပရိသတ်တွေအနေနဲ့ မှတ်မိကြလောက်တော့မယ်လို့ မထင်ပါဘူး။ သူတို့တွေကတော့ ….. shwekhitonlinetv.com

၁။ ဂျနီဖာလိုပက်ဇ် နှင့် မာ့အန်ထော်နီ

နာမည်ကျော်အဆိုတော် ဂျနီဖာလိုပက်ဇ် ကတော့တွဲခဲ့ဖူးတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေများသလို ကွာရှင်းခဲ့တဲ့အိမ်ထောင်ကလည်း (၄) ဆက်အထိရှိခဲ့ပါတယ်။ ဒီအထဲမှာ အချိန်အကြာဆုံးလက်တွဲခဲ့တဲ့သူကတော့ သူ့လိုပဲအောင်မြင်ကျော်ကြားလှတဲ့ အဆိုတော် မာ့အန်ထော်နီဖြစ်ပါတယ်။ သူတို့ဟာ ၂၀၀၄ မှာစတင်ချိန်းတွေ့ခဲ့ကြပြီး ၂၀၁၄ မှာလမ်းခွဲခဲ့ကြပါတယ်။ shwekhitonlinetv.com

၂။ အိန်ဂျလီနာဂျိုလီ နှင့် ဘီလီဘော့သော်တန်

လူူတိုင်းအားကျရတဲ့ ဟောလိဝုဒ် မီဂါစတားနှစ်ဦးဖြစ်တဲ့ အိန်ဂျလီနာဂျိုလီ နဲ့ ဘရက်ပစ်တို့ရဲ့ဇာတ်လမ်းကိုတော့ ပရိသတ်တွေအကုန်သိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဘရက်ပစ်ရဲ့ရှေ့မှာ ဂျိုလီရဲ့စီနီယာခင်ပွန်းသည် နှစ်ဦးတောင်ရှိနေပါတယ်။ သူတို့နှစ်ဦးထဲမှာ ဒုတိယမြောက်ခင်ပွန်းသည်ဖြစ်တဲ့ ဘီလီဘော့သော်တန်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကင်မ်ကာဒက်ရှီယန် နှင့် ကန်ညီးဝက်စ်

ပုရိသအကြိုက်ခန္ဓာကိုယ်ကောက်ကြောင်းကြီးနဲ့စူပါမော်ဒယ်လ် ကင်မ်ကာဒက်ရှီယန်ကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော်ရက်ပါ ကန်ညီးဝက်စ်ဟာ အမျိုးသားထုကြီးအတွက်မနာလိုစရာကောင်းလောက်အောင် ကံကောင်းတဲ့သူအဖြစ် လူပြောများခဲ့ပါတယ်။ မထင်မှတ်လောက်အောင်ကို အံ့သြဖို့ကောင်းခဲ့တာက မင်္ဂလာဆောင်ပြီး (၇၂) ရက်အကြာမှာ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကလေး (၄) ယောက်ထိတော့ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၄။ မီဂန်ဖောက်စ် နှင့် အော်စတင်ဂရင်း

စူပါမော်ဒယ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မီဂန်ဖောက်စ်နဲ့ အောင်မြင်နေမှုအရှိန်ကောင်းနေတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ Machine Gun Kelly (MGK) တို့အတွဲကတော့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ အတော်လေးကို ရေပန်းစားတဲ့အတွဲဖြစ်ပါတယ်။ မကြာခဏလူမြင်ကွင်းမှာ အတူတွဲပြီးတွေ့ရတဲ့ သူတို့နှစ်ဦးကို ပရိသတ်တွေက လိုက်ဖက်တဲ့စုံတွဲအဖြစ်သတ်မှတ်ထားတာကြောင့် မီဂန်ဖောက်နဲ့ (၁၀) နှစ်လောက်ပေါင်းသင်းပြီးမှ ကွာရှင်းခဲ့တဲ့ အော်စတင်ဂရင်းရဲ့ အကြောင်းတွေကို အချိန်တိုတွင်းမှာ မေ့လျော့သွားကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဒေါ်နယ်လ်ထရန့် နှင့် မာလာမေပယ်

အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဒေါ်နယ်လ်ထရန့်ဟာ ပထမအိမ်ထောင်နဲ့ ၁၉၉၀ ခုနှစ်မှာကွာရှင်းခဲ့ပြီး သိပ်မကြာခင်မှာနောက်ထပ်အချစ်သစ်ကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးကတော့ အမေရိကန်မော်ဒယ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မာလာမေပယ်လ် ဖြစ်ပါတယ်။ သူမနဲ့ ၁၉၉၃ ခုနှစ်မှာလက်ထပ်ပြီး ၁၉၉၉ ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။