တရုတ်နိုင်ငံက နာမည်ကျော် လမ်းဘေးအစားအစာ တစ်ခုဖြစ်တဲ့ ကျောက်စရစ်ခဲကြော်

တရုတ်လူမျိုးတွေဟာ ပုံမှန်ထက်ထူးခြားတဲ့ ဟင်းလျာတွေကိုချက်ပြုတ်တီထွင် စားသောက်တဲ့နေရာမှာတော့ တစ်ကယ့်ကိုပြိုင်စံရှားပါပဲ။ အခုတစ်ခေါက်လည်းသူတို့ရဲ့ ရိုးရာအစားအစာတစ်ခုထဲက ကျောက်စရစ်ခဲကြော် အကြောင်းကို အနည်းငယ်လောက်ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

ကျောက်စရစ်ခဲကြော်ဆိုတာ တင်စားခေါ်ဝေါ်တဲ့အမည်မဟုတ်ပါဘူး။ တစ်ကယ့်ကျောက်စရစ်ခဲတွေကို ဟင်းလျာအနေနဲ့ကြော်ပြီးစားတာဖြစ်ပါတယ်။ ဒီအတွက် အလွန်အရသာရှိတဲ့ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုပြီးကြော်လှော်ထားတာပါ။ တရုတ်လူမျိုးတွေကတော့ ဒီဟင်းလျာရဲ့နာမည်ကို Suodiu လို့ပေးထားကြပါတယ်။ shwekhitonlinetv.com

ဘယ်လိုစားရမှာလဲဆိုတော့ အရသာရှိတဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အနှစ်တွေက ကျောက်စရစ်ခဲတွေမှာ ပေကျံနေမှာဖြစ်ပြီး စားသုံးသူအနေနဲ့ အဲ့ဒီကျောက်စရစ်ခဲတွေဆီက အရသာကိုစုပ်ယူပြီး ကျောက်စရစ်ခဲတွေကို တော့ ပြန်လည်ထွေးထုတ်တဲ့ပုံစံမျိုးနဲ့စားသုံးရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

စုပ်ယူထွေးထုတ်ပြီးတဲ့ ကျောက်စရစ်ခဲတွေကိုတော့ ဆိုင်ကိုပြန်ပေးစရာမလိုပါဘူး။ စိတ်ပါရင် အမှတ်တရအဖြစ်နဲ့ အိမ်ကိုယူသွားလို့ရပါတယ်။ ဒီ ဟင်းလျာကတရုတ်မှာတော့ နာမည်ကြီးတဲ့ Street Food တစ်မျိုးဖြစ်ပြီး တစ်ပွဲကို ယွမ်(၂၀) ဝန်းကျင် ပေးရပါတယ်။ မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ (၈၀၀၀) – (၁၀၀၀၀) ကြားရှိမယ်ထင်ပါတယ်။ shwekhitonlinetv.com

ဒီဟင်းလျာစတင်ပေါ်ပေါက်လာပုံကတော့ ရှေးတရုတ်လှေထိုးသားတွေဟာ မြစ်လယ်ခေါင်မှာသောင်တင်ပြီး ရိက္ခာပြတ်လပ်သွားချိန်မှာ မြစ်ထဲကကျောက်စရစ်ခဲတွေကို လှေပေါ်မှာပါလာတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောနှောချက်ပြုတ်ရာကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သင့်အနေနဲ့လည်းတရုတ်နိုင်ငံကိုရောက်ရင်တော့ ဒီလိုထူးထူးဆန်းဆန်း ဟင်းလျာမျိုးကိုတစ်ခါလောက်တော့ မြည်းစမ်းကြည့်ဖို့အကြံပြုချင်ပါတယ်။ သွားဆရာဝန်ဆီမသွားချင်ရင်တော့ ကျောက်စရစ်ခဲတွေကို ဝါးမစားမိအောင် အထူးသတိပြုရမှာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။