ကမ္ဘာပေါ်မှာသာယာလှပတဲ့ ပန်းခြံတွေ၊ အမျိုးသားဥယျာဉ်တွေအများအပြားရှိပါတယ်။ ဒါပေမယ့်အခုဖော်ပြမယ့် ပန်းခြံလိုမျိုးတော့ ပုံစံတူနောက်ထပ်ပန်းခြံတစ်ခု ကမ္ဘာပေါ်မှာရှိမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2023/11/Screenshot_2-1.jpg?resize=678%2C452&ssl=1)
ဥရောပတိုက်အလယ်ပိုင်းက သြစတြီးယားနိုင်ငံမှာရှိတဲ့ Green Lake Park ဆိုတဲ့ပန်းခြံဟာ ဆောင်းရာသီဆို ရင် သာမန်ပန်းခြံတစ်ခုဖြစ်ပြီး နွေရာသီရောက်ရင်တော့ ရေအောက်ပန်းခြံကြီးဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ နွေရာသီရောက်တဲ့အခါဆိုရင် ဒီပန်းခြံတစ်ခုလုံးဟာ ရေအောက်ထဲမှာနစ်မြုပ်သွားလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2023/11/Lakeside-park-21.jpg?resize=678%2C381&ssl=1)
Hochschwab တောင်ခြေမှာရှိတဲ့ တစ်မီတာခန့်သာနက်တဲ့ မြစိမ်းရောင်ရေတိမ်ကန် (Lagoon) လေးဟာ နွေရာအချိန်ကာလကိုရောက်တဲ့အခါမှာတော့ အနီးနားက ရေခဲတောင်တွေမှာရှိတဲ့ ဆီးနှင်းတွေအရည်ပျော်ကျလာရာကနေ (၁၂) မီတာ (ပေ ၄၀) လောက်နက်တဲ့ ရေကန်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားလေ့ရှိပါတယ်။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2023/11/Green-Lake-Tragoess-Austria-IMG-TESTO-2.jpg?resize=678%2C471&ssl=1)
ဒါကြောင့်ပဲ ပန်းခြံထဲမှာရှိတဲ့ သစ်ပင်၊ ထိုင်ခုံ၊ လမ်း၊ တံတား၊ မြက်ခင်းတွေအားလုံး ဟာလည်း ရေအောက်ကိုနစ်မြုပ်သွားပြီး ရေအောက်ပန်းခြံတစ်ခုအဖြစ် အသွင်ပြောင်းသွားတာဖြစ်ပါတယ်။ ဆောင်းဦးကာလရောက်ရင်တော့ ရေတွေပြန်ကျသွားပြီး ပုံမှန်ရေတိမ်ကန်လေးပြန်ဖြစ်သွားပါတယ်။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2023/11/green_lake_park_RS_3990_DSC_3301_b3f2ea2fad.jpg?resize=678%2C426&ssl=1)
ဒီလိုနဲ့ Green Lake Park ဟာ နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီဆိုပုံမှန်ပန်းခြံ နွေရာသီဆိုရေအောင်ပန်းခြံ စသဖြင့် တစ်လှည့်စီဖြစ်ပေါ်နေပါတော့တယ်။ ရေအောက်ရောက်သွားချိန်မှာတော့ အရမ်းလှပပြီး စိတ်ကူးယဉ်ဆန်တဲ့ ရေအောက်ကမ္ဘာလေးတစ်ခုနဲ့တူလို့ Underwater Wonderland လို့တောင် လူအများကတင်စားခေါ်ဝေါ်ကြပါတယ်။ shwekhitonlinetv.com
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2023/11/hpe-greenlake-adds-open-source-leader-red-hat-to-expanding-ecosystem-1024x576.jpg?resize=678%2C381&ssl=1)
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။