အာကာသထဲကနေ ကမ္ဘာကိုလျှပ်စစ်ဓာတ်အားပေးပို့သွားဖို့ ကြိုးပမ်းနေတဲ့ သိပ္ပံပညာရှင်များ

နေ့စဉ်နဲ့အမျှတိုးတက်လာတဲ့ ကမ္ဘာ့လူဦးရေကြောင့် ရုပ်ကြွင်းလောင်စာသုံးစွဲမှုဟာလည်း တစ်စတစ်စများပြားလို့လာနေပါတယ်။ ဒါကြောင့်တစ်ချိန်ကျရင်ကမ္ဘာပေါ်မှာရှိတဲ့ ရုပ်ကြွင်းလောင်စာရင်းမြစ်တွေဟာ ကျိန်းသေပေါက်ကုန်ခမ်းသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအတွက် သိပ္ပံပညာရှင်တွေဟာနည်းလမ်းမျိုးစုံရှာကြံလျက်ရှိရာမှာ အာကာသထဲကနေ နေရောင်ခြည်ရဲ့စွမ်းအင်အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မယ့်နည်းလမ်းတစ်ခုကို စတင်စမ်းသပ်နေပြီဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ကမ္ဘာကြီးမှာ နေရောင်ခြည်ကို နေ့ဘက်မှာပဲရပြီး ညဘက်မှာ မရပါဘူး။ အာကာသထဲမှာတော့ နေရောင်ခြည်ကို အချိန်ပြည့်ရရှိနိုင်ပါတယ်။ အဲဒီအတွက် ပညာရှင်တွေက အာကာသမှာ နေရောင်ခြည်ကနေ လျှပ်စစ်ဓါတ်အားထုတ်ပြီး ကမ္ဘာကို ပြန်ပို့ဖို့စိတ်ကူးရရှိကာ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Newsweek သတင်းစာရဲ့ဆောင်းပါးတစ်ခုမှာတော့ California Institute of Technology (Caltech) မှ သုတေသနပညာရှင်တွေဟာ ပါးလွှာတဲ့ Solar Panel တွေတပ်ဆင်ထားတဲ့ ဂြိုဟ်တုငယ်တစ်ခုကို ကမ္ဘာပတ်လမ်းအတွင်းလွှတ်တင်ကာ နေရောင်ခြည်စွမ်းအင်ကိုရယူမှာဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီနောက်မှာတော့ နေရောင်ခြည်စွမ်းအင်ကို မိုက်ခရိုဝေ့ဖ်များအဖြစ် ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့ လက်ခံရေးစခန်းကိုပို့ဆောင်က လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဤနည်းနဲ့ ကမ္ဘာအာကာသထဲကနေ (၂၄) နာရီ (၇) ရက်ပတ်လုံးရယူထားတဲ့ နေရောင်ခြည်စွမ်းအင်တွေကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲထုတ်ယူသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ကနဦးအစမှာ ဂြိုဟ်တုတစ်ခုတည်းနဲ့သာ ယခု ပရောဂျက်ကို စတင်စမ်းသပ်သွားမှာဖြစ်ပြီး အောင်မြင်ပါက ဂြိုဟ်တုကွန်ယက်တစ်ခုတည်ဆောက်ကာ စွမ်းအင်ကိုတိုးချဲ့ထုတ်ယူသွားဖို့ စီစဉ်ထားကြပါတယ်။ ဒါဟာ ကမ္ဘာပေါ်က ရုပ်ကြွင်းလောင်စာတွေကို မှီခိုစရာမလိုတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးချမှုစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိစမ်းသပ်ဆဲကာလမှာတော့ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေများစွာရှိနေပေမယ့် တစ်ချိန်မှာတော့ အောင်မြင်စွာနဲ့ စွမ်းအင်အရင်းအမြစ်အသစ်တွေကို အသုံးချနိုင်မယ်လို့ သိပ္ပံပညာရှင်တွေကတော့ ယုံကြည်လျက်ရှိနေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။