ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၈) ရက်နေ့က လန်ဒန်မြို့ Sotheby’s Auction House မှာပြုလုပ်ခဲ့တဲ့ လေလံပွဲတစ်ခုမှာ ဝီစကီပုလင်းတစ်ပုလင်းဟာ စတာလင်ပေါင် (၂.၁) သန်းနဲ့ လေလံအောင်ခဲ့ပါတယ်။ မြန်မာကျပ်ငွေနဲ့တွက်ရင်တော့ သန်းပေါင်း (၉) သောင်းကျော်လောက်ပမာဏဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဝီစကီကတော့ နာမည်ကျော် Macallan 1962 အမှတ်တံဆိပ်ဖြစ်ပြီး ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ဝီစကီအဖြစ် စံချိန်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယခင်စံချိန်တင်ထားတာကလည်း Macallan 1962 အမှတ်တံဆိပ်ဝီစကီပဲဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ စတာလင်ပေါင် (၁.၅) သန်းနဲ့ လေလံတင်ရောင်းချထားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

The Macallan 1926 ဝီစကီဟာ ဝက်သစ်ချစည်ထဲမှာ နှစ် ၆၀ ကြာ စိမ်ပြီး ၁၉၈၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ဝီစကီပုလင်း ၄၀ အနက် တစ်ပုလင်းဖြစ်ပြီး Macallan ရဲ့ သက်တမ်းအရင့်ဆုံးဝီစကီ ဖြစ်ပါတယ်။ shwekhitonlinetv.com

နှစ်ချို့ဝီစကီ နဲ့ ဝိုင်လောကမှာတော့ Macallan အမှတ်တံဆိပ်နဲ့ ရှားပါးပြီးနှစ်ချို့တဲ့ ဝီစကီတွေဟာ နှစ်စဉ်လိုလို လေလံတင်ရောင်းချနေတာဖြစ်ပြီး တော်ရုံလူတန်းစားတွေအနေနဲ့ ဝယ်ယူဖို့ဆိုတာ အိပ်မက်လိုပါပဲ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။