ညဏ်ကောင်းလွန်းတဲ့ ကလေးတွေရဲ့ ပြဿနာဖြေရှင်းပုံများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးသွားမှာကတော့ အခက်အခဲတွေကို ဖြတ်ထိုးညဏ်ကောင်းကောင်းနဲ့ ဖြေရှင်းသွားကြတဲ့ ကလေးငယ်တွေအကြောင်းဖြစ်ပါတယ်။ တစ်ချို့အရာတွေဆို တော်ရုံ လူကြီးတွေတောင်စဥ်းစားမိမယ် မထင်ပါဘူး။ ဒီကလေးတွေ ဘယ်လိုမျိုး ညဏ်ကောင်းထားကြသလဲဆိုတာ ကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com

၁။ Phone stand၊ Phone holder တို့လိုအရာတွေမရှိတဲ့ အချိန်မှာ ဒီကလေးမလေးရဲ့ အိုက်ဒီယာကို အတုယူသင့်ပါတယ်။ သူက အဝတ်လှန်းတဲ့ ချိတ်တစ်ခုနဲ့ ဖုန်းကိုလက်က ကိုင်စရာမလိုအောင် ဖန်တီးထားတယ်လေ။ shwekhitonlinetv.com

၂။ ဒီကလေးမလေးကကျတော့ လည်ပင်းနဲ့နောက်ကျောနာကျင်မှုတွေမဖြစ်အောင် ဖုန်းကို မှန်ကန်တဲ့ကိုယ်နေဟန်ထားနဲ့ ကြည့်ရှုနေတာဖြစ်ပါတယ်။ ဒီအတွက်သူမအသုံးပြုခဲ့တာက ပူဖောင်းတစ်လုံးက တုတ်တံလေးတစ်ချောင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒီကလေးလေးကတော့ တစ်ကယ့်ကိုဖြတ်ထိုးညဏ်ကောင်းတဲ့ကောင်လေးပါ သူ့ Tablet ကိုလက်ကမကိုင်ချင်၊ လူကလည်းလဲလျောင်းနေချင်တယ်လေ။ အခုလိုပုံစံအတိုင်းကျတော့ အတော်လေးကိုသူ့အတွက်အဆင်ပြေသွားတာပေါ့။ shwekhitonlinetv.com

၄။ ဒါကတော့ ရှိတဲ့ ပလတ်စတစ်ခုံလေးကို အသုံးပြုပြီး ဒန်းလုပ်စီးနေတဲ့ ကောင်လေးဖြစ်ပါတယ်။ ရှိတာလေးနဲ့ အလုပ်ဖြစ်အောင်တော့လုပ်တက်သားပဲနော်။ shwekhitonlinetv.com

၅။ မွေးနေ့အတွက် ကိတ်မရှိလို့ ရှိတဲ့ဖရဲသီးပေါ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး မွေးနေ့ကိတ်သဖွယ်ဖန်တီးထားတဲ့ ကလေးတွေရဲ့ အိုင်ဒီယာလေးကလည်း ချစ်ဖို့ကောင်းလှပါတယ်။ shwekhitonlinetv.com

၆။ ဒီကလေးလေးကတော့ သူဆော့တဲ့ ပိုကီမွန်ကတ်လေးတွေကို အသုံးချပြီး သူ့ဘာသာ ဦးထုပ်ရှည်လေးတစ်လုံးဖန်တီးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဒီကလေးကတော့ သူ့ရဲ့အဖေက သူ့ကိုခြံဝန်းထဲမြက်ရိတ်ဖို့ ဒဏ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူကလည်း ခေသူမဟုတ်ဘူးဆိုတာ ပုံကိုကြည့်တာနဲ့ သိသာပါတယ်။ shwekhitonlinetv.com

၈။ ဒီပုံထဲကအတိုင်းဆိုရင် အိုးခွက်ပန်းကန်တွေကို အမြန်ဆုံးနည်းနဲ့ သန့်ရှင်းစင်ကြည်အောင် ဆေးကြောနိုင်မယ်ထင်ပါရဲ့။ shwekhitonlinetv.com

၉။ ဒီကလေးလေးကတော့ ငယ်ငယ်ကတည်းက ညဏ်ကို ဘယ်လိုမျိုးလွှာပြီး အသုံးချရမလဲဆိုတာ သိနေတဲ့ ပုံစံပါပဲ။ shwekhitonlinetv.com

၁၀။ ဗီဒီယိုဂိမ်းဆော့ရင်း ရေသောက်ချင်တာဖြစ်ဖြစ် အအေးသောက်ချင်တာဖြစ်ဖြစ် ရှိခဲ့ရင် ဒီကလေးမလေးရဲ့ အိုက်ဒီယာကို အသုံးချရမယ်ထင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment

Leave a Reply