Amazing

ထူးထူးဆန်းဆန်း ဓာတ်ပုံတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာများ

ရွှေခေတ်ပရိသတ်ကြီးကို အခုတစ်ခေါက်ဖော်ပြချင်တာကတော့ ထူးထူးဆန်းဆန်းဓာတ်ပုံလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုးထူးထူးခြားခြားဓာတ်ပုံလေးတွေဖြစ်နေမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးနော် ….. shwekhitonlinetv.com ၁။ Floating Stage , Vorarlberg ဒီပုံကတော့ ၂၀၁၃ ခုနှစ်တုန်းက သြစတြီးယားနိုင်ငံ Vorarlberg မြို့မှာပြုလုပ်ခဲ့တဲ့ Bregenz ရေပေါ်ပွဲတော်မှ ပြဇာတ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Fallen Soldier ၁၉၇၀ ခုနှစ်တုန်းက ဗြိတိန်ဘုရင်မကြီးရဲ့ မွေးနေ့အခမ်းအနားမှာ ဂုဏ်ပြုဖို့စောင့်ဆိုင်းရင်း မူးဝေလဲကျသွားတဲ့ စစ်သားတစ်ဦးဖြစ်ပါတယ်။ သူတို့ဟာအချိန်ကြာမြင့်စွာမတ်တပ်ရပ်ပြီးစောင့်နေခဲ့ရတာကြောင့်အခုလိုအားချိပြီး လဲကျသွားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ The […]

Amazing

မတော်တဆဖြစ်ပြီး လျှပ်စစ်လူသားဖြစ်လာတဲ့ အမျိုးသား

လူတစ်ယောက်က လျှပ်စစ်စီးနေတဲ့ လျှပ်စစ်ဝါယာကြိုးတွေကို ဘာအကာအကွယ်မှမပါဘဲ လက်ဗလာနဲ့ကိုင်တာ မီးပလပ်ပေါက်တွေကို လက်ချောင်းတွေထိုးသွင်းတာ စတာတွေပြုလုပ်ပေမယ့် တစ်စုံတစ်ရာထိခိုက်မှု မရှိဘူးဆိုရင်သင်ယုံနိုင်ပါ့မလား ? shwekhitonlinetv.com အတော်များများကတော့ ဒါဟာမဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ ထင်မှတ်ကြမှာဖြစ်ပေမယ့် ပါကစ္စတန်နိုင်ငံမှာတော့ အဲ့ဒီလိုမျိုးလူတစ်ယောက်ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ချို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com သူ့ရဲ့နာမည်ကိုတော့ Iqbal လို့ခေါ်ပြီး ပါကစ္စတန်နိုင်ငံ Sargodha မြို့မှာနေထိုင်ပါတယ်။ သူဟာ မိဘတွေရဲ့ လုပ်ငန်းဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်တဲ့ အသက် (၂၈) နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်ပြီး မွေးရာပါ ထူးခြားတဲ့စွမ်းရည်အချို့ကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး […]

Amazing

ရွှေသားအစစ်တွေနဲ့တည်ဆောက်ထားတဲ့ ဗီယက်နမ်နိုင်ငံက ဟိုတယ်ကြီး

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဗီယက်နမ်နိုင်ငံမှာ ရွှေအစစ်တွေနဲ့ တည်ဆောက်ဖွင့်လှစ်ထားတဲ့ ကြယ်ငါးပွင့်အဆင့် ရွှေဟိုတယ်ကြီးအကြောင်းပဲ ဖြစ်ပါတယ်။  shwekhitonlinetv.com ရွှေသားအစစ်တွေနဲ့တည်ဆောက်ထားတဲ့ ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟိုတယ်ကြီးရဲ့နာမည်ကတော့ Dolce Hanoi Golden Lake ဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဟနွိုင်းမှာရှိတဲ့ ဂျီအန်းဗို ရေကန်ကြီးအနီးမှာ တည်ရှိပါတယ်။ shwekhitonlinetv.com ဒီဟိုတယ်ကြီးဟာ (၂၅) လွှာရှိပြီး ဟိုတယ်ရဲ့ အတွင်းအပြင် ကို (၂၄) ကာရက်ရှိတဲ့ ရွှေသားအစစ်တွေချထားတဲ့ ရွှေပြားအလေးချိန်တစ်တန်လောက်နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်ရဲ့ ဧည့်ခန်း၊ […]

News

ဘာသာစကား ၁၁ မျိုး အထိ ပြောဆိုနိုင်တဲ့ အသက် ၇၇ ဖွားဖွား ရဲ့ အတန်းပညာရေး

သူမရဲ့ အမည်ကတော့ Tu Tu Tran လို့ခေါ်ပါတယ်။ သူမရဲ့ အသက်က (၇၇) နှစ်ရှိပြီဖြစ်ပြီး အတန်းပညာ (၃) တန်းအထိပဲ တက်မြောက်ထားတဲ့ဈေးသည်တစ်ဦးပါ။ ဒါပေမယ့် သူမဟာ နိုင်ငံခြားခရီးသွားများနဲ့ စကားပြောဆိုဆက်ဆံဖို့အတွက် နိုင်ငံခြားဘာသာစကား (၁၁) မျိုးလောက်ကို အခြေခံအဆင့်တက်မြောက်ထားပါတယ်။ ဒါကြောင့်လည်း သူမသည် ဧည့်လမ်းညွှန်တစ်ဦးဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက လမ်းဘေးဈေးသည်တစ်ဦးဖြစ်တဲ့ Tu Tu Tran ဟာ နိုင်ငံခြားဧည့်သည်တွေနဲ့ […]

Knowledge

ဗြိတိန်တော်ဝင်မိသားစုက ကလေးတွေအတွက် ဘုရင်မကြီးသတ်မှတ်ထားတဲ့ ထူးခြားတဲ့ဥပဒေများ

ဗြိတိန်ဧကရာဇ်ဖြစ်တဲ့ အယ်လိဇဘတ်ဘုရင်မကြီးနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကတော့ အတော်များများလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဘုရင်မကြီးအနေနဲ့ သူမရဲ့တော်ဝင်မိသားစုက ကလေးတွေနဲ့ပတ်သတ်ပြီး ထုတ်ပြန်ထားတဲ့ ထူးထူးခြားခြား ဥပဒေတစ်ချို့အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ မိုနိုပိုလီမကစားရ ဗြိတိန်တော်ဝင်မိသားစုက ကလေးတွေဟာ မိုနိုပိုလီကစားခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မိုနိုပိုလီကစားခြင်းဟာ တစ်ဦးနဲ့တစ်ဦးပြင်းထန်တဲ့ပြိုင်ဆိုင်မှုကိုဖြစ်ပေါ်စေပြီး မနာလိုမုန်းတီးမှုတွေကို ဖန်တီးနိုင်တာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ မဖြစ်မနေစစ်မှုထမ်းရခြင်း ဗြိတိန်တော်ဝင်မိသားစုက ကလေးတွေဟာလည်းသာမန်ပြည်သူတွေလိုပဲ အရွယ်ရောက်တဲ့အခါ စစ်မှုထမ်းရပါတယ်။ တော်ဝင်မိသားစုမို့လို့ စစ်မှုထမ်းခြင်းကနေကင်းလွတ်ခွင့်မရကြပါဘူး။ လက်ရှိမင်းသားတွေဖြစ်ကြတဲ့ ဟယ်ရီ နဲ့ […]

Entertainment

Salt Bae နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အချက် (၁၀) ချက်

ဒီတခေါက် Shwe Khit Online TV စာဖတ်ပရိသတ်များအတွက် ကမ္ဘာတစ်ဝှမ်း အင်တာနက်ပေါ်မှာ လူသိများထင်ရှားတဲ့ Salt Bae နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အချက် (၁၀) ချက်ကို ဖော်ပြပေးသွားပါ့မယ်နော်။ shwekhitonlinetv.com ၁။ ဆင်းရတဲ့လွန်းတဲ့ မိသားစုမှဆင်းသက်လာသူ Salt Bae ဟာ တူရကီမှာ မွေးဖွားကြီးပြင်းခဲ့ပြီး အလွန်ဆင်းရဲလွန်းတဲ့ မိသားစုကနေ ဆင်းသက်လာသူဖြစ်ပါတယ်။ နောက်ပြီး သူ့မိသားစုအတွက် ငွေရှာဖို့ (၆) တန်းမှာ ကျောင်းထွက်ခဲ့ရသူဖြစ်ပါတယ်။ […]

Entertainment

အလွန်ချမ်းသာတဲ့ ဒိတ်ဒိတ်ကြဲမိသားစုတွေ ကနေဆင်းသက်လာတဲ့ ကိုရီးယား ဆယ်လီများ

၁။ CL 2NE1 အဖွဲ့ဝင် CL ဟာ ဒီစာရင်းမှာပါဝင်တဲ့ သူတွေအနက် အချမ်းသာဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် CL ဟာ ငယ်ဘဝကနေ ကြီးပြင်းလာခဲ့တဲ့ လိုတိုင်းတ ရနိုင်ခဲ့ပြီး ခမ်းနားထည်ဝါတဲ့ လူနေမှုပုံစံနဲ့ နေထိုင်လာခဲ့တဲ့သူဖြစ်ပါတယ်။သူမရဲ့ အဖေ နဲ့ အဘိုးဟာ ပါမောက္ခတွေဖြစ်ပြီး သူမရဲ့ဖခင်ကတော့ ကိုရီးယားမှာ လူသိများတဲ့ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Kang Dong-Won မင်းသား Kang Dong-Won […]

News

ရေသန့်ဘူးခွံဟောင်းတွေ အသုံးပြုပြီး ဆင်းရဲသားတွေ အတွက် နေအိမ် (၃၀၀) ကျော်ဆောက်ပေးခဲ့တဲ့ အမျိုသမီး

အင်ဂရစ်ဗာကာဒီယာ့ဇ် (Ingrid Vaca Diez) ဆိုတဲ့အမျိုးသမီးကတော့ ဘိုလီးဗီးယားနိုင်ငံမှာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သာမန်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဘိုလီးဗီးယားနိုင်ငံမှာတော့ သူမဟာ သူမရဲ့အမှုသည်တွေရဲ့အခွင့်အရေးအတွက် အစွမ်းကုန်ကြိုးပမ်းတက်ပြီး မားမားမတ်မတ်ရပ်တည်ပေးနိုင်သူအဖြစ်နာမည်ကြီးတယ်လို့သိရပါတယ်။ shwekhitonlinetv.com ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ သူမရဲ့ ကြင်နာတက်တဲ့နှလုံးသားနဲ့ အတွေးအခေါ်ဆန်းသစ်မှုကြောင့် လူမှုကွန်ယက်စာမျက်နှာတွေမှာ လူပြောများခဲ့တဲ့ အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို ရွှေခေတ်ပရိသတ်တွေသိရှိနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဒီယာ့ဇ် (Diez) ဟာ ဗိသုကာပညာရှင်ဖြစ်ဖို့ စိတ်ကူးစိတ်သန်းရှိသူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် […]

Amazing

မိန်းကလေးငယ် (၂) ဦးရဲ့အသက်ကို ကျားသစ်ရန်ကနေ အသေခံ ကာကွယ်ပေးခဲ့တဲ့ ခွေးလေး

ဒီခွေးလေးရဲ့ နာမည်က “Morocho” ဖြစ်ပြီး Dogo Argentino လို့လည်းခေါ်ကြပါတယ်။ ဒီခွေးလေးဟာ သူ့ရဲ့ ရဲရင့်မှုကြောင့် အင်တာနက်ပေါ်မှာ လူသိများ​ကျော်ကြားခဲ့တဲ့ သူရဲကောင်းခွေးလေးတစ်ကောင်ဆိုလည်းမမှားပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူက မိန်းကလေးငယ် (၂) ဦးရဲ့ အသက်ကို ကျားသစ်ရန်ကနေ အသေခံကာကွယ်ပေးခဲ့လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com အာဂျင်တီးနားက ကျေးလက်တောရွာလေးတစ်ခုမှာ နေထိုင်တဲ့ လယ်သမားတစ်ဦးဟာ တစ်နေ့မှာတော့ တောအုပ်အစပ်နားက သူ့ရဲ့စိုက်ခင်းတွေဆီကို သူ့ရဲ့ ငယ်ရွယ်တဲ့ သမီးငယ် (၂) ဦးနဲ့အတူလာရောက်ခဲ့ပါတယ်။ သူ့ရဲ့အချစ်တော်ခွေးလေး […]

Amazing

ရုတ်တရက်မြင်ရသူတိုင်းကို အံ့သြ ထိတ်လန့်သွားစေမယ့် အရာများ

ဒီအကြောင်းအရာလေးမှာပါဝင်တဲ့ ဓာတ်ပုံတွေကတော့ ရုတ်တရက်မြင်ရသူတိုင်းကို ခေတ္တခဏတော့ မှင်သက်အံ့သြပြီး ထိတ်လန့်သွားစေမှာ သေချာပါတယ်။ တစ်ကယ်ပဲ ဒီပုံတွေက သင့်ကိုထိတ်လန်စေနိုင်မလားဆိုတာ ကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com ၁။ အိမ်တွေကိုဝင်တိုက်တော့မယ့် သင်္ဘောကြီး ရုတ်တရက်ကြည့်မယ်ဆိုရင် ဒီပုံက ဓာတ်ပုံ (၂) ခုပေါင်းစပ်ထားတယ်လို့ ထင်ချင်စရာပါ။ ဒါပေမယ့် သေသေချာချာကြည့်မယ်ဆိုရင်တော့ ဓာတ်ပုံ (၁) ခုတည်းမှာ ကုန်တင်သင်္ဘောအကြီးကြီးက ကမ်းခြေက ဂေါက်ကွင်းနဲ့ နီးနီးကပ်ကပ်လေးကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ဖူဂျီတောင်ခြေက […]