ဗြိတိန်တော်ဝင်မိသားစုက ကလေးတွေအတွက် ဘုရင်မကြီးသတ်မှတ်ထားတဲ့ ထူးခြားတဲ့ဥပဒေများ

ဗြိတိန်ဧကရာဇ်ဖြစ်တဲ့ အယ်လိဇဘတ်ဘုရင်မကြီးနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကတော့ အတော်များများလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဘုရင်မကြီးအနေနဲ့ သူမရဲ့တော်ဝင်မိသားစုက ကလေးတွေနဲ့ပတ်သတ်ပြီး ထုတ်ပြန်ထားတဲ့ ထူးထူးခြားခြား ဥပဒေတစ်ချို့အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ မိုနိုပိုလီမကစားရ

ဗြိတိန်တော်ဝင်မိသားစုက ကလေးတွေဟာ မိုနိုပိုလီကစားခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မိုနိုပိုလီကစားခြင်းဟာ တစ်ဦးနဲ့တစ်ဦးပြင်းထန်တဲ့ပြိုင်ဆိုင်မှုကိုဖြစ်ပေါ်စေပြီး မနာလိုမုန်းတီးမှုတွေကို ဖန်တီးနိုင်တာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ မဖြစ်မနေစစ်မှုထမ်းရခြင်း

ဗြိတိန်တော်ဝင်မိသားစုက ကလေးတွေဟာလည်းသာမန်ပြည်သူတွေလိုပဲ အရွယ်ရောက်တဲ့အခါ စစ်မှုထမ်းရပါတယ်။ တော်ဝင်မိသားစုမို့လို့ စစ်မှုထမ်းခြင်းကနေကင်းလွတ်ခွင့်မရကြပါဘူး။ လက်ရှိမင်းသားတွေဖြစ်ကြတဲ့ ဟယ်ရီ နဲ့ ဝီလျံ တို့ဟာလည်းဗြိတိန်စစ်တပ်မှာစစ်မှုထမ်းခဲ့ရသလို ဘုရင်မကြီး အယ်လိဇဘတ်ဟာလည်း ၁၉၄၅ ခုနှစ်တုန်းက စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ shwekhitonlinetv.com

၃။ ပတ်စပို့မဖြစ်မနေရှိထားရခြင်း

ဗြိတိန်တော်ဝင်မိသားစုမှမွေးဖွားလာခဲ့ရင်တော့ နှစ်စဉ်နှစ်တိုင်းခရီးတွေမဖြစ်မနေထွက်ကြဖို့ ဘုရင်မကြီးရဲ့ဖိအားပေးခြင်းကိုခံရတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ မိသားစုဝင်အကုန်လုံး ပတ်စပို့မဖြစ်မနေလုပ်ထားကြရပါတယ်။ shwekhitonlinetv.com

၄။ ဘောင်းဘီရှည်မဝတ်ရ

တော်ဝင်မိသားစုမှာ မွေးဖွားလာတဲ့ ယောကျ်ားလေးတွေဟာ အသက် (၇) နှစ်မတိုင်ခင်အထိ ဘောင်းဘီရှည်ကို လုံးဝဝတ်ဆင်ခွင့်မရှိပါဘူး။ အပြင်မှာ ရာသီဥတု အေးနေရင်တောင်မှ ဘောင်းဘီတို၊ ခြေအိတ်စတာတွေသာ ဝတ်ဆင်ခွင့်ရှိပြီး ဘောင်းဘီရှည်ကိုတော့ ပေးမဝတ်ပါဘူး။ shwekhitonlinetv.com

၅။ တစ်ယောက်နဲ့မလုံလောက်

တော်ဝင်မိသားစုဝင်ထဲမှာ မွေးဖွားလာပြီးကိုယ်ပိုင်မိသားစုရှိလာပြီဆိုရင်တော့ အနည်းဆုံး ကလေးနှစ်ယောက်နဲ့အထက် ယူကြဖို့လိုအပ်ပါတယ်။ ဒါကြောင့်ကလေးတွေအနေနဲ့ တစ်ဦးတည်းသော သား၊ တစ်ဦးတည်းသောသမီး ဘဝကို လုံးဝရရှိဖို့မဖြစ်နိုင်ပါဘူး။ shwekhitonlinetv.com

၆။ အထိန်းတော်တွေရဲ့စကားကိုနားထောင်ကြရခြင်း

ဗြိတိန်တော်ဝင်မိသားစုက ကလေးတွေရဲ့ မိဘတွေဟာ အရေးပါတဲ့ပုဂ္ဂိုလ်တွေဖြစ်သလို အလုပ်လဲအရမ်းများကြပါတယ်။ ဒါကြောင့်ကလေးတိုင်းကို ကိုယ်ပိုင်အထိန်းတော် (နို့ထိန်း) တွေထားရှိ ပေးထားရပါတယ်။ ကလေးတွေကလည်း အဲ့ဒီအထိန်းတော်တွေရဲ့ စကားကို မိဘများရဲ့ စကားလိုပဲ မြေဝယ်မကျနားထောင်ကြရပါတယ်။ shwekhitonlinetv.com

၇။ တူညီဝတ်စုံများဝတ်ဆင်ရခြင်း

ဒါကတရားဝင်ချရေးထားခြင်းမရှိတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ ဆွေတော်မျိုးတော်တွေရဲ့ သားသမီးတွေဟာ မွေးချင်းမောင်နှမတွေနဲ့ တူညီစွာဝတ်ဆင်ကြရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ခရစ္စမတ်လက်ဆောင်မရှိ

တော်ဝင်မိသားစုက ကလေးတွေအတွက်တော့ အခြားသာမန်ကလေးတွေလိုမျိုး ခရစ္စမတ်နေ့မှာ လက်ဆောင်ဘူးတွေဖောက်ဖွင့်ပြီး လက်ဆောင်လေးတွေရရှိဖို့မျှော်လင့်ခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရင်မကြီးက သူ့နှင့်တကွမိသားစုဝင်အားလုံးကို ချာ့ချ်ကျောင်းတွေမှာသာ ခရစ္စမတ်နေ့ကို ကုန်ဆုံးစေတာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အမှတ်တရလက်မှတ်ထိုးပေးလို့မရခြင်း

တော်ဝင်မိသားစုက ကလေးတွေဟာ အခြားသောထင်ရှားကျော်ကြားသူတွေလိုမျိုး အများပြည်သူဆိုင်ရာနေရာတွေကို သွားရောက်ကြတဲ့အခါမှာ အမှတ်တရ လက်မှတ်ထိုးပေးခြင်းပြုလုပ်ခွင့်မရှိပါဘူး။ shwekhitonlinetv.com

၁၀။ မိသားစုအတွက်အချိန်

မိသားစုအတွက်အချိန်ဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်ဘုရင်မကြီးက အားလပ်ရပ်တွေကို တော်ဝင်မိသားစုက မိဘတွေအနေနဲ့ ကိုယ့်ရဲ့သက်ဆိုင်ရာမိသားစုတွေကို မဖြစ်မနေအချိန်ပေးရမယ်လို့ ဥပဒေထုတ်ထားပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ တော်ဝင်မိသားစုတွေအတွက် ဘုရင်မကြီးထုတ်ပြန်ထားတဲ့ ဥပဒေများစွာထဲက အချက်အလက်အနည်းငယ်ကိုသာရွေးချယ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။