မြင်သူတိုင်းသဘောကျသွားစေမယ့် သဘာဝအတိုင်းဖြစ်တည်နေတဲ့ ထူးထူးဆန်းဆန်းအရာများ

ဒီတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ သူ့သဘာဝအတိုင်းထူးထူးခြားခြားဖြစ်ပေါ်နေတဲ့ အရာလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအရာလေးတွေများဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ ….. shwekhitonlinetv.com

၁။ ဒီပုံကို ရုတ်တရက်ကြည့်မယ်ရင်တောင်ကုန်းပေါ်က ဧရာမတွားသွားသတ္တဝါကြီးများလား မှတ်ထင်ရလောက်ပါတယ်။ အမှန်တစ်ကယ်တော့ နှင်းတွေက ဒီလိုပုံသဏ္ဍာန်ဖြစ်အောင်ထူးထူးဆန်းဆန်း ဖုံးလွှမ်းနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒီကန္တာရဆူးပင်လေးကိုလည်းကြည့်လိုက်ပါဦး။ Tyrannosauruses (T-Rex) တစ်ကောင်ရဲ့ပုံဆံနဲ့ သွားတူမနေဘူးလား ? shwekhitonlinetv.com

၃။ ဒီကျောက်ဆောင်ကြီရဲ့ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီးအနီးစပ်ဆုံးပုံဖော်ရရင်တော့ သားသည်မိခင်တစ်ဦးက သူ့ရဲ့ရင်သွေးလေးကို နို့တိုက်နေသလိုပါပဲ။ shwekhitonlinetv.com

၄။ ဒီရေခဲသေတ္တာထဲက တစ်ခြမ်းလှီးဖြတ်ထားတဲ့ပန်းငရုတ်ပွသီးလေးတွေကတော့ သူတို့ကိုလှောင်ပိတ်ထားတာ မနှစ်သက်ဘူးထင်ပါရဲ့။ အပြင်ထုတ်ပေးဖို့ အော်ဟစ်တောင်းဆိုနေသလိုပါပဲနော် ….. shwekhitonlinetv.com

၅။ ဒီလူကတော့ သူ့ရဲ့ရေချိုးခန်းတံခါးကိုဖွင့်ရာကနေ လက်ကိုင်မတော်တဆပြုတ်ထွက်သွားပုံပါပဲ။ လက်ကိုင်ပြုတ်ထွက်သွားပြီးကျန်ရစ်ခဲ့တဲ့ ပုံစံကိုကြည့်ပြီးအတော်လေးကို အံ့သြနေမယ်ထင်ပါတယ်။ shwekhitonlinetv.com

၆။ ဝိုး……ဒီသစ်ပင်ကြီးရဲ့ပုံစံကတော့ တစ်ကယ့်ကိုပဲ တောအုပ်ထဲကနဂါးတစ်ကောင်နဲ့ ပုံသဏ္ဍာန်တူလွန်းလှပါတယ်။ shwekhitonlinetv.com

၇။ ဒီသစ်ရွက်လေးပေါ်ကို ပါချသွားတဲ့ငှက်ချေးကလည်း အတော်လေးကို အနုပညာဆန်ဆန်ပါချသွားသလိုပါပဲ။ ကြည့်ဦးလေ ပင်ဂွင်းငှက်လေးတစ်ကောင်ပုံသဏ္ဍာန် ကွက်တိဖြစ်နေပါတယ်။ shwekhitonlinetv.com

၈။ ဒီပျဉ်ပြားကို ကြည့်ပြီးရင်တော့ Ice Age ကာတွန်းကားကို သတိရသွားမှာကျိန်းသေပါပဲ။ အတော်လေးကို ဆန်းကြယ်ပါရဲ့နော် ….. shwekhitonlinetv.com

၉။ ဒီကိတ်ခွက်လေးရဲ့ ပုံစံကတော့ ဆင်လေးတစ်ကောင်နဲ့သွားတူနေပြီး ချစ်စရာကောင်းလှပါတယ်။ shwekhitonlinetv.com

၁၀။ ဒီမီးခလုတ်လေးနှစ်ခုကိုတော့ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေထဲမှာ ဝင်ပြီးသရုပ်ဆောင်ခိုင်းလို့ရလောက်မယ်ထင်ပါတယ်။ သူတို့ရဲ့အမူအရာက ပီပြင်လွန်းလှပါတယ်နော် …. shwekhitonlinetv.com

၁၁။ ဒီပန်းပွင့်လေးတွေရဲ့ အသွင်သဏ္ဍာန်ကတော့ တစ်စုံတစ်ခုရဲ့မျက်နှာနဲ့ဆင်နေသလိုပါပဲ။ အင်း …. Guardians of the Galaxy ဇာတ်ကားထဲက သစ်ပင်လေး Groot နဲ့အတော်တူတယ်နော် …. shwekhitonlinetv.com

၁၂။ ဒီရေနွေးပန်းကန်ရဲ့ အမြုပ်ပူစီဖောင်းလေးတွေကလည်း ထူးထူးဆန်းဆန်း ကြောင်လေးတစ်ကောင်ပုံပေါ်နေလေရဲ့ ….. shwekhitonlinetv.com

၁၃။ ဒီဘေစင်ကနေရေကျနေတဲ့ ပုံလေးကိုလည်းကြည့်ပါဦး။ ကလေးငယ်တစ်ဦး နှပ်တွဲလောင်းကျနေတာနဲ့ မတူဘူးလား။ shwekhitonlinetv.com

၁၄။ ဒီအမျိုးသမီးရဲ့ ဒူးခေါင်းမျိုးနဲ့ဆင်တူတဲ့သူတော့ ဒီကမ္ဘာမှာနောက်တစ်ယောက်ရှိနေဖို့ အတော်လေးကိုရှားမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com

၁၅။ ဒီခွေးလေးကလည်း သူ့ရဲ့မျက်နှာပုံစံနဲ့ တစ်ထေရာတည်းတူတဲ့ ကြမ်းခင်းသစ်သားကိုကြည့်ပြီး အတော်လေးကို အံ့သြနေသလိုပါပဲ။ shwekhitonlinetv.com

ဟုတ်ကဲ့အခုဖော်ပြပေးတဲ့ အကြောင်းအရာလေးမှာပါတဲ့ပုံလေးတွေကို ကြည့်ရှုပြီးအားလုံးပဲကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့ထင်ပါတယ်။ မိမိပတ်ဝန်းကျင်မှာလည်း ဒီလိုဖြစ်ရပ်ဆန်းလေးတွေရှိရင် အောက်ကကွန်းမန့်မှာ ဝေမျှပေးသွားကြပါဦးနော် …… shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။