လက်တွေ့မှာ တော်ရုံလူတွေ မမြင်ဖူးတဲ့ ထူးခြားတဲ့ ပုံရိပ်များ

အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အပြင်မှာ ကြားဖူးကြပေမယ့် လက်တွေ့မှာ လူအနည်းငယ်လောက်သာ မြင်ဖူးကြတဲ့ အကြောင်းအရာ တစ်ချို့ကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ် ။ တစ်ခါတစ်လေမှာ ကိုယ်ကိုတိုင် ကြားဖူးပေမယ့်လည်း အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ အကြောင်းအရာတွေလည်း ရှိကြမှာပါ ။ ဒါ့ကြောင့် ဗဟုသုတရသွားအောင် အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းကနေ လေ့လာရေး အာကာသယာဉ်တွေ လွှတ်တင်တာကို တီဗီ ချန်နယ်တွေ မှာ ကြည့်ဖူးကြမှာပါ ။ ဒါပေမယ့် အခုပုံကတော့ အာကာသအပြင်ဘက်ကနေ ရိုက်ကူးထားတဲ့ ပုံ ဖြစ်ပြီး ယာဉ်ပျံတစ်ခု လွှတ်တင်တာကို အပေါ်စီးကနေ ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ဒါကတော့ ကလေးငယ်ရဲ့ ဦးခေါင်း အခွံဖြစ်ပြီး ငယ်သွားလေးတွေ မလဲခင် သွားအတွင်းပိုင်းမှာ ဘယ်လိုပုံ ဖြစ်နေလဲဆိုတာ ပြသထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ ငယ်ဘဝကတည်းက ကြည့်လာခဲ့တဲ့ Tom and Jerry ဇာတ်ကားလေးကိုတော့ တော်တော်များများ ကြည့်ဖူးကြမှာပါ ။ ဒါပေမယ့် ဇာတ်ဝင်ခန်း အများစုမှာ အိမ်ရှင်အမျိုးသမီးရဲ့ မျက်နှာကို မပြပဲ ခြေထောက်အောက်ပိုင်းကိုသာ ပြဖြစ်တာ များပါတယ် ။ ဒါပေမယ့် Episode တစ်ခုမှာတော့ အိမ်ရှင်အမျိုးသမီး ရဲ့ တစ်ကိုယ်လုံးကို ပြသထားတာမို့ Tom and Jerry ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။ shwekhitonlinetv.com

၄။ သားပိုက်ကောင်တွေရဲ့ သားပိုက်အိတ်အတွင်းပိုင်းဟာဆိုရင် အမွှေးတွေနဲ့ မဖုံးအုပ်ထားပါဘူး ။ ဘာကြောင့်လဲဆိုတော့ မွေးကာစ သားပိုက်အကောင်ငယ်လေးတွေဟာ မိခင်ရဲ့ သားပိုက်အိတ်ထဲမှာ နေတတ်တာကြောင့်ပဲ ဖြစ်ပါတယ် ။ တစ်ကယ်လို့ သားပိုက်အိတ်ထဲမှာ အမွှေးတွေ ရှိနေမယ်ဆိုရင် မိခင်နို့သောက်ရတာလည်း မလွယ်ကူသလို အသက်ရှုတဲ့အခါမှာလည်း အဆင်ပြေမှာ မဟုတ်ပါဘူး ။ shwekhitonlinetv.com

၅။ ကျောင်းသား ဘဝတုန်းက ခဲတံတစ်ချောင်းကို အပေါ်ပိုင်းရော အောက်ပိုင်းမှာပါ ခဲတံချွန်တတ်ကြတဲ့ သူတွေရှိမှာပါ ။ ဒီပုံထဲမှာဆိုရင်တော့ ခဲတံ ရဲ့ အစွန်းနှစ်ဖက်ကို အညီအမျှဖြစ်အောင် ချွန်လိုက်မယ်ဆိုရင် အခုလိုပုံစံအတိုင်း ဖြစ်သွားမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ စာရင်းကိုင်သမားတွေနဲ့ ရုံးတွင်း အလုပ်လုပ်ရတဲ့သူ တော်တော်များများကတော့ Microsoft Excel ကို နေ့တိုင်း သုံးဖြစ်ကြမှာပါ ။ အခုပုံကတော့ Microsoft Excel Table ရဲ့ နောက်ဆုံးက ဘယ်နေရာအထိရှိလဲဆိုတာ ပြထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇။ အာကာယာဉ်ရဲ့ အတွင်းပိုင်းဟာ ဆွဲငင်အား အတော်လေးနည်းတာကို သိကြမှာပါ ။ ဒီပုံကတော့ အာကာသယာဉ်ထဲက အာကာသယာဉ်မှူးတွေ ခေါင်းလျှော်တဲ့အခါ ဘယ်လိုပုံစံဖြစ်သွားလဲဆိုတာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အပြင်မှာ ကြားဖူးပေမယ့်လည်း တစ်ကယ့်လက်တွေ့မှာ မမြင်တွေ့ဖူးတဲ့ အကြောင်းအရာလေးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။