ဘာသာစကား ၁၁ မျိုး အထိ ပြောဆိုနိုင်တဲ့ အသက် ၇၇ ဖွားဖွား ရဲ့ အတန်းပညာရေး

သူမရဲ့ အမည်ကတော့ Tu Tu Tran လို့ခေါ်ပါတယ်။ သူမရဲ့ အသက်က (၇၇) နှစ်ရှိပြီဖြစ်ပြီး အတန်းပညာ (၃) တန်းအထိပဲ တက်မြောက်ထားတဲ့ဈေးသည်တစ်ဦးပါ။ ဒါပေမယ့် သူမဟာ နိုင်ငံခြားခရီးသွားများနဲ့ စကားပြောဆိုဆက်ဆံဖို့အတွက် နိုင်ငံခြားဘာသာစကား (၁၁) မျိုးလောက်ကို အခြေခံအဆင့်တက်မြောက်ထားပါတယ်။ ဒါကြောင့်လည်း သူမသည် ဧည့်လမ်းညွှန်တစ်ဦးဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက လမ်းဘေးဈေးသည်တစ်ဦးဖြစ်တဲ့ Tu Tu Tran ဟာ နိုင်ငံခြားဧည့်သည်တွေနဲ့ စကားပြောနေတဲ့ မြင်ကွင်းဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပြီး လူအများစုရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ shwekhitonlinetv.com

မိနစ်အနည်းငယ်ကြာတဲ့ ဒီ ဗီဒီယိုဖိုင်အတိုလေးမှာတော့ သူမဟာ နိုင်ငံခြားသား ခရီးသွားများကို မတူညီတဲ့ ဘာသာစကားတွေနဲ့ စကားစမြည်ပြောဆိုနေတာကို မြင်တွေ့ခဲ့ရပြီး လူအများရဲ့ သဘောကျနှစ်သက်မှုကို ရရှိစေခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ မစ္စတူးဟာ စိတ်ကြည်လင်ရွှင်ပြစွာနဲ့ တရုတ်နိုင်ငံတောင်ပိုင်း၊ Guangxi ပြည်နယ်က Yangshuo အပန်းဖြေမြို့မှာ ပို့စကတ်နဲ့ ပန်းစည်းတွေကို ရောင်းချတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

မစ္စ တူး နေထိုင်တဲ့ ရွာကလေးကတော့ The Moon လို့အမည်ရတဲ့တောင်ခြေမှာရှိပြီး ဆင်းရဲချို့တဲ့တဲ့ မိသားစု အခြေအနေကြောင့် အတန်းပညာကို ၃ တန်းအထိသာသင်ယူခဲ့ရပါတယ်။ ဒါပေမယ့် သူမအနေနဲ့ အသက်အရွယ်ကြီးပြင်းလာတာနဲ့အမျှ နိုင်ငံခြားသား ဧည့်သည်တွေကိုလက်ဆောင်ပစ္စည်းတွေ ပိုမိုရောင်းချနိုင်ဖို့ အတွက် နိုင်ငံခြားဘာသားစကားတွေကို မိမိဘာသာ လေ့လာသင်ယူခဲ့ပါတယ်။ shwekhitonlinetv.com

သူမရဲ့ရည်ရွယ်ချက်ကတော့ “ကျွန်မတို့အနေနဲ့ နိုင်ငံခြားသားခရီးသွားတွေအတွက် ဧည့်လမ်ညွှန်ဖြစ်ခဲ့ရင် ပိုက်ဆံပိုရနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ရွာမှာရှိတဲ့ အခြားညီအစ်မတွေပါ နိုင်ငံခြားဘာသာစကားကို စတင်လေ့လာခဲ့ကြပါတယ်။ အားလုံးထဲမှာတော့ ကျွန်မက ဘာသာစကား အများဆုံး ပြောတတ်သူပါ” လို့ မစ္စ တူးက ဂုဏ်ယူစွာ ပြောဆိုတက်ပါတယ်။ shwekhitonlinetv.com

၁၉၉၈ ခုနှစ်ကစပြီး သူမနေထိုင်တဲ့ ကျေးရွာလေးဟာ ကျော်ကြားလာခဲ့ပြီး အနောက်တိုင်းခရီးသွားများနှင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားသားခရီးသွားတွေနဲ့ ပြောဆိုဆက်ဆံနိုင်ခြင်းက မိမိတို့ဝင်ငွေတိုးတက်ဖို့အတွက် အဓိကကျတဲ့အချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်။ မစ္စ တူး အနေနဲ့ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှ၊ ကိုးရီးယား၊ ဂျာမန်၊ အီတလီနှင့် စပိန်တို့အပါအဝင် ဘာသာစကား ၁၁ မျိုးလောက်ကို အခြေခံအားဖြင့် ပြောဆိုဆက်ဆံနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply