ခရီးသည် (၆) ဦးကို အာကာသအတွင်းအောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့တဲ့ Jeff Bezos ရဲ့ Blue Origin

Jeff Bezos ရဲ့ Blue Origin ဟာပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ အာကာသအတွင်းကို ခရီးသည် (၆) ဦး အောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

NS-20 (New Shepard-20) လို့အမည်ပေးထားခဲ့တဲ့ ဒီခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နံနက် (၉း၅၈) မိနစ်မှာ စတင်ခဲ့တာဖြစ်ပြီး West Texas မှာရှိတဲ့ Blue Origin’s Launch One ကနေ ဒုံးပျံယာဉ်ကိုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒုံးပျံလွှတ်တင်ပြီး (၁၀) မိနစ်ခန့်အကြာမှာတော့ ခရီးသည် (၆) ဦးဟာ ဒုံးပျံယာဉ်ရဲ့ Capsule တစ်ခုကိုလေထီးဖွင့်ပြီး ကမ္ဘာမြေပေါ်ကိုဖြေးညှင်းစွာ ပြန်လည်ဆင်းသက်လာခဲ့ကြတယ်လို့သိရပါတယ်။ မြေပြင်ရောက်တဲ့အချိန်ထိ ခရီးသည် (၆) ဦးစလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ အန္တရာယ်ကင်းခဲ့တယ်လို့ လည်းသိရပါတယ်။ shwekhitonlinetv.com

ဒီခရီးစဉ်ဟာ Blue Origin ရဲ့ စတုတ္ထအကြိမ်မြောက် အာကာသတွင်းခရီးသည်ပို့ဆောင်တဲ့အစီအစဉ်ဖြစ်ပါတယ်။ ပထမဆုံးပို့ဆောင်ခဲ့တာကတော့ ၂၀၂၁ ဇူလိုင်လ (၂၀) ရက်နေ့မှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာတော့ Blue Origin ကိုတည်ထောင်သူဖြစ်တဲ့ Jeff Bezos ကိုယ်တိုင်နဲ့ အခြားသူ (၃) ဦးပါဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒုတိယခရီးစဉ်မှာတော့ Star Trek သရုပ်ဆောင် William Shatner နဲ့အတူ Dr.Chris Boshuizen , Glen de Vries , Audrey Powers တို့ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှာ အာကသတွင်းပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

တတိယခရီးစဉ်မှာတော့ Good Morning America TV Show ရဲ့ စတားတစ်ဦးဖြစ်တဲ့ Michael Strahan နဲ့အတူ Laura Shepard Churchley , Evan Dick , Dylan Taylor , Cameron Bess , Lane Bess တို့ပါဝင်ခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလ (၈) ရက်နေ့က အာကသတွင်းပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုစတုတ္ထအကြိမ်ခရီးစဉ်မှာတော့ New Shepard System ရဲ့ ဗိသုကာချုပ် Gary Lai၊ စွန့်ဦးတီထွင်လုပ်ငန်းရှင် Jim Kitchen၊ Commercial Space Technologies LLC ဥက္ကဌ George Nield တို့နဲ့အတူ Marty Allen , Sharon Hagle , Marc Hable တို့လိုက်ပါသွားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုလိုအာကာသထဲကို အချိန်ခဏတာသွားရောက်နိုင်ဖို့အတွက် Blue Origin ကိုပေးရတဲ့ လက်မှတ်တစ်စောင်ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၄.၅) သိန်းလောက်ရှိတယ်လို့သိရပါတယ်။ သတင်းတွေအရတော့ နောက်ထပ်လည်း အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) ကိုပို့ဆောင်ပေးမယ့် ခရီးစဉ်ကိုလည်း စီစဉ်နေတယ်လို့သိရပြီး အဲ့အတွက်ကိုတော့ လူတစ်ဦးကို (၅၅) သန်းလောက်ထိကျသင့်မယ်လို့ သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။