ဖုန်းကင်မရာ ရဲ့ ဘေးမှာပါတဲ့ အပေါက်ငယ် လေးတွေဟာ ဘာအတွက် အသုံးပြုသလဲဆိုတဲ့ အဖြေ

နည်းပညာတွေတစ်နေ့ထက်တစ်နေ့ လျှင်မြန်စွာပြောင်းလဲနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာတော့ အဆင့်မြင့်တဲ့ နည်းပညာထုတ်ကုန်တွေဟာလည်း ဒီဇိုင်းပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲကို စီးဆင်းဝင်ရောက်လျှက်ရှိနေပါတယ်။ shwekhitonlinetv.com

ငွေကြေးချမ်းသာကြွယ်ဝသူတွေ (ဒါမှမဟုတ်) ခေတ်မီချင်သူတွေကတော့ နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာထုတ်ကုန်တွေကို စဉ်ဆက်မပြတ်ဝယ်ယူ သုံးစွဲလျက်ရှိပါတယ်။ ဒီလိုဝယ်ယူသုံးစွဲရာမှာ တစ်ချို့တွေကတော့ မိမိဝယ်ယူသုံးစွဲနေတဲ့ Device မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေ (Features) ကို အသေးစိတ် ခရေစေ့တွင်းကျ သိကြပေမယ့် တစ်ချို့တွေကတော့ Features အကုန်သေချာစွာ ဂဃနဏ သိရှိကြခြင်းမရှိပါဘူး။ shwekhitonlinetv.com

ဒီကိစ္စနဲ့ပတ်သက်ပြီး ထင်သာမြင်သာအရှိဆုံး ဥပမာတစ်ခုကိုပြောပြရမယ်ဆိုရင်တော့ Apple ရဲ့ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ iPhone ကိုအသုံးပြုနေသူတွေကိုပြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ iPhone Series တွေဆိုတာ ငွေကြေးအတော်အတန်ရှိသူတွေမှ ကိုင်တွယ်သုံးစွဲနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုကိုင်တွယ်သုံးစွဲနေတဲ့သူတွေထဲမှာ တစ်ချို့တော့ iPhone ရဲ့လုပ်ဆောင်ချက်တွေ၊ လုံခြုံရေးစနစ်တွေ စတဲ့အချက်တွေကို သေသေချာချာသိရှိကြလို့ ဝယ်ယူကိုင်တွယ်နေကြတာမျိုးရှိသလို တစ်ချို့ကလည်း ငွေကြေးချမ်းသာလို့ ခေတ်မီချင်လို့ ကိုင်တွယ်နေတဲ့သူတွေလည်း အများအပြားရှိပါတယ်။ shwekhitonlinetv.com

ဒီလိုလူတွေအနေနဲ့ အမှတ်မှားလေ့ရှိကြတဲ့ iPhone မှာပါဝင်တဲ့ Device လေးတစ်ခုအကြောင်းကိုတော့ အခုတစ်ခေါက်မှာ ဗဟုသုတ အနေနဲ့ ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ တစ်ချို့ကတော့ ဒါကို သိရှိပြီးသားဖြစ်ချင်ဖြစ်နေမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com

iPhone သုံးစွဲသူအများစုအမှတ်မှားလေ့ရှိတဲ့ အချက်က ဖုန်းရဲ့ ကင်မရာဘေးမှာရှိတဲ့ အမဲစက်သာသာ အပေါက်ကလေးတွေကို ဖုန်းကင်မရာနဲ့ သက်ဆိုင်တဲ့အရာလို့ထင်မှတ်ကြတာဖြစ်ပါတယ်။ တစ်ချို့ကတော့ ဖုန်းကင်မရာနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ Flash မီးလင်းတဲ့ အပေါက်ကလေးလို့ထင်ကြပါတယ်။ shwekhitonlinetv.com

တစ်ကယ်တမ်းတော့ ဒီအမဲစက်သာသာ အပေါက်ကလေးက ဖုန်းရဲ့ မိုက်ကရိုဖုန်းဖြစ်ပါတယ်။ ဒီအရာလေးတွေက iPhone Model အများစုမှဆိုရင်ဖုန်းရဲ့ အရှေ့နဲ့ အနောက် ကင်မရာ (၂) ခုစလုံးရဲ့ ဘေးနားမှာရှိနေတက်ပါတယ်။ ဒါပေမယ့် ဒီအရာလေးတွေက ကင်မရာနဲ့သက်ဆိုင်ခြင်းမရှိတဲ့ မိုက်ကရိုဖုန်းလေးတွေသာဖြစ်ပါတယ်။ shwekhitonlinetv.com

FaceTime လိုမျိုး App တွေကိုအသုံးပြုတဲ့အခါမှာ App ကိုအဆင်ပြေပြေနဲ့ အရည်အသွေးပိုမိုကောင်းမွန် စွာအသုံးပြုနိုင်အောင်လို့ ကင်မရာနဲ့ အနီးတစ်ဝိုက်မှာ မိုက်ကရိုဖုန်းလေးတွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့အောက်ခြေမှာလည်း မိုက်ကရိုဖုန်း ပါရှိပေမယ့် ဖုန်းကိုထောင်ထားပြီး Video Call ပြောဆိုတဲ့ အခါမျိုးတွေမှာ အသံထွက် ပိုမိုရှင်းလင်းကောင်းမွန်စွာဖမ်းယူနိုင်ဖို့အတွက် အခုလိုနေရာတွေမှာ မိုက်ကရိုဖုန်းတွေ တပ်ဆင်ပေးထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။