လူတွေသိပ်ပြီးမသိရှိကြသေးတဲ့ Area 52 အကြောင်း

Area 51 အကြောင်းကိုတော့ လူအတော်များများအနေနဲ့ အင်တာနက်စာမျက်နှာတွေမှာ မြင်ဖူး၊ ကြားဖူးကြမှာဖြစ်ပေမယ့် Area 52 အကြောင်းကတော့ လူအနည်းငယ်လောက်ပဲ သိရှိဦးမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com

Area 52 ဟာလည်း Nevada သဲကန္တာရထဲက Tonopah မြို့ရဲ့ အရှေ့တောင်ဘက် မိုင် (၃၀) အကွာမှာရှိတာဖြစ်ပါတယ်။ အဲ့ဒီမှာ လျှို့ဝှက်မြေအောက် အဆောက်အဦးများစွာရှိနေပြီးတော့ Area 51 လိုမျိုးပဲ ထိပ်တန်းလျှို့ဝှက် သုတေသနလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဓိကလုပ်ဆောင်ရတာကတော့ Area 51 ကတောင်းဆိုလာတဲ့ အချက်အလက်တွေကို သေချာအောင်ရှာဖွေဆန်းစစ်တာမျိုးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ထပ်လုပ်ဆောင်နေတာတွေကတော့ Area 51 က ပို့ဆောင်တဲ့ ယာဉ်တွေကိုစမ်းသပ်မောင်းနှင်တာမျိုး၊ လက်နက်တွေကို စမ်းသပ်တာမျိုးတွေကို ဒီ Area 52 ဆိုဒ်ထဲမှာလုပ်ဆောင်ကြတာဖြစ်တယ်လို့သိရပါတယ်။ ဒီ နေရာမှာအမှုထမ်းနေတဲ့ ဝန်ထမ်းပေါင်းကတော့ (၂၅,၀၀၀) လောက်တောင်ရှိတယ်လို့ ဒီနေရာမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ အသက် (၇၉) နှစ်အရွယ်ရှိ လေယာဉ်မှုးဟောင်း John Lear က ဖွင့်ချပြောဆိုခဲ့ပါတယ်။ shwekhitonlinetv.com

“ဒီနေရာမှာရှိတဲ့မြေအောက်စခန်းတွေဟာ အလွန်လျှို့ဝှက်ပြီး အဆင့်မြင့်တဲ့နည်းပညာတွေနဲ့ ဝေဟင် (ဒါမှမဟုတ်) အာကာသထဲကကြည့်ရင်မမြင်တွေ့နိုင်အောင် ရုပ်ဖျက်ထားပါသေးတယ်။ ဇစ်သဘောမျိုးပေါ့။ အလိုရှိတဲ့အချိန်ဇစ်ဖွင့်လိုက်ပြီး ကျန်တဲ့အချိန်မှာဇစ်ပိတ်ထားသလိုမျိုး ဝေဟင်ကကြည့်ရင် သဘာဝတောတောင်ရှုခင်းတွေကိုပဲ မြင်တွေ့ရမှာပါ” လို့ Lear က ဆိုပါတယ်။ shwekhitonlinetv.com

သူ့အနေနဲ့ S-4 လို့အမည်ပေးထားတဲ့ ဆိုဒ်တစ်ခုက ပန်းကန်ပြားပျံယာဉ်ပေါ်မှာ အလုပ်လုပ်ခဲ့ရဖူးတယ်လို့ Lear ကဆိုခဲ့ပြီး အဲ့ဒီနေရာကို အထူးဝင်ခွင့်ကတ်ရှိသူ အနည်းငယ်ပဲ ဝင်/ထွက် ခွင့်ရှိတယ်လို့သိရပါတယ်။ နောက်ပြီး Area 52 ကနေ Las Vegas ကိုဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့်ရထားတစ်စင်းလည်းရှိပြီး ဒီရထားကို အသုံးပြုမယ့်အချိန်မှာ ခုနဇစ်ပုံစံပိတ်ထားတဲ့ လျှို့ဝှက်လမ်းကြောင်းတွေကို ဖွင့်ရတယ်လို့လည်းဆိုပါတယ်။ shwekhitonlinetv.com

ဒီနေရာကို Tonopah Test Range (TTR) လို့လည်းခေါ်ကြပြီး လက်နက်တွေစမ်းသပ်တဲ့ နေရာတစ်ခုအဖြစ်သာ အစိုးရက ဟန်ပြထားရှိထားတာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ကယ်လုပ်ကိုင်နေတာက နျူလက်နက်စမ်းတွေ တီထွင်စမ်းသပ်တာ၊ အဆင့်မြင့်ရေဒါနည်းပညာတွေစမ်းသပ်တာတွေပါ ပါဝင်ပါတယ်။ shwekhitonlinetv.com

တစ်ကယ်တော့ဒီ Area 52 ထဲမှာ အမည်မသိယာဉ်ပျံတစ်စင်း (UFO) ပျံသန်းနေတာကို Google Map ကတစ်ဆင့်ပေါက်ကြားခဲ့ဖူးတယ်လို့သိရပါတယ်။ ဒါပေမယ့် Area 52 ကတာဝန်ရှိသူတွေက သိသိချင်းပဲ Google Map ဟာ (၈) နာရီကြာအောင် Update တစ်ခုပြုလုပ်နေတယ်လို့ ဆိုပြီး အသုံးပြုမရအောင်ပိတ်ပစ်လိုက်ပါတယ်။ ယခုအချိန် အွန်လိုင်းဂြိုလ်တုဓာတ်ပုံတွေမှာတော့ Tonopah စမ်းသပ်ကွင်းအတွင်း ခြောက်သွေ့သောရေကန်နှစ်ခုကိုသာ ပြသထားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။