ကမ္ဘာ့တန်ဖိုးအကြီးဆုံး အသေးစားခွေးမျိုးစိတ်လေးများ

Advertisements

အခုတစ်ခေါက်မှာတော့ ခွေးပိစိလေးတွေကိုချစ်တက်တဲ့ ရွှေခေတ်ပရိသတ်တွေအတွက် ကမ္ဘာတစ်ဝှမ်းက တန်ဖိုးအကြီးဆုံး အသေးစားခွေးမျိုးစိတ် (၁၀) မျိုး အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁၀။ Papillon

ပါပီလွန် (Papillon) လို့ခေါ်တဲ့ဒီခွေးလေးတွေရဲ့မွေးရင်းဇာတိကတော့ ပြင်သစ်၊ စပိန် နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေဖြစ်ပါတယ်။ သူတို့ဟာ ပျမ်းမျှအားဖြင့် (၂၀) စင်တီမီတာကနေ (၂၈) စင်တီမီတာလောက်အထိပဲကြီးထွားတက်ကြပါတယ်။ ဒါပေမယ့်သူတို့ရဲ့ဈေးနှုန်းကတော့ တစ်ကောင်ကို အမေရိကန်ဒေါ်လာ (၅၀၀) ကနေ (၁၉၀၀) အထိရှိပါတယ်။ shwekhitonlinetv.com

၉။ Maltese

ဒီခွေးကလေးတွေကတော့ ဥရောပတိုက် မော်လ်တာနိုင်ငံကနေစတင်ပြန့်ပွားလာတဲ့ခွေးကလေးတွေဖြစ်ပါတယ်။ (၂၅) စင်တီမီတာလောက်အထိ ကြီးထွားတက်ကြပြီး (၁၅) နှစ်လောက်အထိရှင်သန်နိုင်ကြပါတယ်။ ဝယ်မယ်ဆိုရင်တော့ တစ်ကောင်ကို အမေရိကန်ဒေါ်လာ (၆၀၀) ကနေ (၂၀၀၀) ကြားပေါက်ဈေးရှိပါတယ်။ shwekhitonlinetv.com

၈။ Affenpinscher

များသောအားဖြင့်အနက်ရောင်ဆင်းရှိပြီး အမွှေးစုတ်ဖွားလေးတွေရှိတက်ကြတဲ့ ဒီခွေးလေးတွေကတော့ ဂျာမနီနိုင်ငံမှာစတင်မွေးမြူခဲ့ကြတဲ့ခွေးလေးတွေပါ။ တစ်ကောင်ကို လက်ရှိပေါက်ဈေး အမေရိကန်ဒေါ်လာ (၈၀၀) ကနေ (၂၀၀၀) အထိရှိနေပြီး (၂၉) စင်တီမီတာကတော့ အကြီးဆုံးအဖြစ်မှတ်တမ်းဝင်ထားတဲ့ ခွေးမျိုးစိတ်လေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Chinese Crested Dog

တရုတ်နဲ့ မက္ကဆီကိုမျိုးရင်းဖြစ်တဲ့ ဒီခွေးလေးတွေကတော့အများဆုံး (၃၃) စင်တီမီတာအထိကြီးထွားနိုင်ကြတဲ့ ခွေးကလေးတွေဖြစ်ပါတယ်။ သက်တမ်းအားဖြင့် (၁၅) နှစ်လောက်အထိရှင်သန်နိုင်ကြတဲ့ဒီခွေးလေးတွေရဲ့ တန်ဖိုးကတော့ တစ်ကောင်ကိုအနည်းဆုံး အမေရိကန်ဒေါ်လာ (၁၂၀၀) ကနေ (၂၂၀၀) အထိရှိပါတယ်။ shwekhitonlinetv.com

၆။ Pomeranian

ဥရောပတိုက် ပိုလန်နိုင်ငံမွေးရင်းဖြစ်ကြတဲ့ Pomeranian လေးတွေကတော့ မြန်မာနိုင်ငံမှာလည်းအများအပြားမြင့်တွေ့ကြရတဲ့ခွေးကလေးတွေဖြစ်ပါတယ်။ ဒါပေမယ့် မျိုးစပ်ထားခြင်းမရှိတဲ့ Pomeranian စစ်စစ်တစ်ကောင်ကတော့ အမေရိကန်ဒေါ်လာ (၂၅၀၀) အထိဈေးရှိပါတယ်။ shwekhitonlinetv.com

၅။ Lhasa Apso

နီပေါနိုင်ငံမျိုးရင်းဖြစ်တဲ့ ဒီခွေးကလေးတွေကတော့ အမွှေးရှည်လျားတဲ့ခွေးမျိုးစိတ်တစ်မျိုးပါ။ သက်တမ်းအားဖြင့် (၁၂) နှစ်ကနေ (၁၄) နှစ်အထိရှင်သန်တက်ကြတဲ့ ဒီခွေးကလေးတွေက တစ်ကောင်ကိုအနည်းဆုံးအမေရိကန်ဒေါ်လာ (၁၅၀၀) ကနေ (၂၅၀၀) လောက်ထိကိုဈေးရှိပါတယ်။ shwekhitonlinetv.com

၄။ Pekingese

တစ်ကောင်ကိုအမေရိကန်ဒေါ်လာ (၇၅၀) ကနေ (၃၀၀၀) လောက်အထိဈေးရှိတဲ့ ဒီခွေးကလေးတွေကလည်း မျက်နှာပြဲပြဲလေးတွေနဲ့ တအားကိုချစ်ဖို့ကောင်းလှပါတယ်။ များသောအားဖြင့် သူတို့ရဲ့ပုံစံကအလျားရှည်ပြီး အရပ်အမြင့်ကတော့ (၂၀) စင်တီမီတာဝန်းကျင်ပဲရှိတက်ကြပါတယ်။ shwekhitonlinetv.com

၃။ Boston Terrier

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာစတင်မွေးမြူခဲ့တယ်လို့ မှတ်တမ်းတွေမှာဖော်ပြထားတဲ့ ဒီခွေးကလေးတွေကတော့ အရပ်အမြင့် (၄၃) စင်တီမီတာလောက်အထိကြီးထွားတက်ကြပါတယ်။ သူတို့ရဲ့ဈေးနှုန်းကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ (၃၅၀) ကနေ အများဆုံး (၃၃၀၀) လောက်အထိရှိတက်ကြပါတယ်။ shwekhitonlinetv.com

၂။ Bichon Frise

အရမ်းကိုအဆော့သန်တဲ့ခွေးကလေးတွေအဖြစ်သတ်မှတ်ထားကြတဲ့ Bichon Frise ခွေးလေးတွေကတော့ ပြင်သစ်၊ စပိန် နဲ့ ဘယ်လ်ဂျီယံ မျိုးရင်းတွေဖြစ်ပါတယ်။ တစ်ကောင်ကိုတော့ အနိမ့်ဆုံး အမေရိကန်ဒေါ်လာ (၁၀၀၀) ကနေ (၄၀၀၀) လောက်အထိဈေးရှိပါတယ်။ shwekhitonlinetv.com

၁။ Brussels Griffon

ဘယ်လ်ဂျီယံမျိုးရင်းဖြစ်တဲ့ ဒီခွေးကလေးတွေကတော့ ထူးခြားတဲ့ပုံပန်းသဏ္ဍာန်နဲ့ခွေးကလေးတွေဖြစ်ပါတယ်။ အသက်ကတော့ (၁၅) နှစ်လောက်အထိရှိတက်ပြီး (၂၅) စင်တီမီတာလောက်အထိပဲကြီးထွားတက်ကြတဲ့ခွေးကလေးတွေဖြစ်ပါတယ်။ သူတို့ရဲ့ဈေးနှုန်းကတော့ တစ်ကောင်ကို အနိမ့်ဆုံးအမေရိကန်ဒေါ်လာ (၁၅၀၀) ကနေ (၄၀၀၀) ထိရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment