ဗြိတိန်တော်ဝင်ရေတပ်ရဲ့ စစ်သင်္ဘောထံကနေ ပေါင် (၂၅၀,၀၀၀) ကျော်တန်ဖိုးရှိတဲ့ ဒီဇယ်ဆီတွေ ခိုးယူခံလိုက်ရတဲ့ ဖြစ်ရပ်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရုတ်ရုတ်သည်းသည်းဖြစ်သွားစေခဲ့တဲ့ သတင်းတစ်ပုဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ ဗြိတိန်တော်ဝင်ရေတပ်က စစ်သင်္ဘောဆီကနေ ပေါင် (၂၅၀,၀၀၀) ကျော်တန်ဖိုးရှိတဲ့ ဒီဇယ်ဆီတွေ ခိုးယူခံခဲ့ရတဲ့သတင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အင်္ဂလန်နိုင်ငံ Plymouth မြို့ HMNB Devonport ဆိပ်ကမ်းမှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကတော့ ဗြိတိန်သမိုင်းမှာသာမကဘဲ ကမ္ဘာ့သမိုင်းမှာပါ အကြီးမားဆုံး ဒီဇယ်ဆီ ခိုးယူမှုအဖြစ်စံချိန်တင်သွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

လိမ်လည်ခိုးယူသွားသူတွေဟာ ဗြိတိန်တော်ဝင်ရေတပ်က Bulwark စစ်သင်္ဘောထံကို လောင်စာဆီဖြည့်တင်းပေးမယ့် မော်တော်ဘုတ်ငယ်တွေအသွင်နဲ့ ချဉ်းကပ်ခဲ့ပြီး များပြားလှတဲ့ ဒီဇယ်ဆီတွေကို ခွဲဝေပြီး ထုတ်ယူသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဗြိတိန်တော်ဝင်ရေတပ်က အရာရှိတွေအနေနဲ့ကတော့ ဒီကိစ္စအပေါ်ကိုအတော်လေးဒေါသထွက်နေပြီး ခိုးယူသွားသူတွေကို အပူတပြင်းရှာဖွေဖမ်းဆီးဖို့ ကြိုးပမ်းလျှက်ရှိတယ်လို့သိရပါတယ်။ ဒီကိစ္စဟာ ဗြိတိန်တော်ဝင် ရေတပ်အတွက် အရှက်ရစရာကောင်းတဲ့ကိစ္စတစ်ရပ်ဖြစ်သလို လုံခြုံရေးအခြေအနေတွေ အတွက်လည်းမေးခွန်းထုတ်စရာကောင်းတဲ့ အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

Plymouth Sutton နှင့် Devonport တို့၏ ပါလီမန်အမတ် Luke Pollard က The Sun သို့ ပြောကြားရာမှာတော့ “တော်ဝင်ရေတပ် စစ်သင်္ဘောတစ်စီးဆီကနေ လောင်စာဆီခိုးယူမှုဟာ ရာဇဝတ်မှုမြောက်ပါတယ်။ နိုင်ငံတော်အကျပ်အတည်းကာလမှာ အခုလိုရှားပါးတဲ့ အရင်းအမြစ်တွေကို ခိုးယူတာဟာ လုံးဝကိုခွင့်မလွှတ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။” လို့ ဆိုပါတယ်။ shwekhitonlinetv.com

ပိုဆိုးတာက အဆိုပါခိုးယူခံရတဲ့ကိစ္စကို ကနဦးအစမှာတစ်ဦးတစ်ယောက်မှ သတိထားမိခဲ့ခြင်းမရှိတာပဲဖြစ်ပါတယ်။ သင်္ဘောရွှေ့လျားမှုနဲ့ ပတ်သတ်ပြီး ကင်းသမားတစ်ဦးက သံသယဖြစ်တာကြောင့် သင်္ဘောကို အလုံးစုံစစ်ဆေးကြည့်မှသာ ဒီဇယ်ဆီတွေ ထုတ်ယူခိုးခံထားရတာကို သိခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

လက်နက်တစ်စုံတစ်ရာအသုံးမပြု၊ အကြမ်းဖက်ခြင်းမရှိဘဲ ဗြိတိန်တော်ဝင်ရေတပ်ရဲ့ စစ်သင်္ဘောထံကနေ များပြားလွန်းတဲ့ ဒီဇယ်ပမာဏကို လက်တလုံးခြားပြုပြီး ခိုးယူသွားတဲ့ ဒီသူခိုးတွေရဲ့ လုပ်ရပ်ကတော့ အတော်လေးကို ပြောင်မြောက်လွန်းလှတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။