ပုံမှန်မဟုတ်ဘဲ တစ်မူထူးခြားတဲ့ မျိုးဗီဇနဲ့ မွေးဖွားလာတဲ့ လူထူးလူဆန်းများ

လောကမှာလူတစ်ဦးကို အခြားသာမန်လူတွေနဲ့ လုံးဝမတူညီဘဲကွဲထွက်နေစေတဲ့ ရောဂါမျိုးတွေရှိနေတာကို သင်မြင်ဖူးပါသလား ? မမြင်ဖူးသေးဘူးဆိုရင်တော့ အောက်ကအကြောင်းအရာလေးမှာ ဆက်ပြီးလေ့လာကြည့်လိုက်ပါနော် ….. shwekhitonlinetv.com

၁။ တရုတ်နိုင်ငံတောင်ပိုင်းက Nong Youhui လို့ခေါ်တဲ့ကလေးငယ်တစ်ဦးကတော့ ကြောင်မျက်လုံးလို့ခေါ်တဲ့ မွေးရာပါရောဂါရှိသူဖြစ်ပါတယ်။ ဒီရောဂါကြောင့်သူဟာ ကြောင်တွေလိုပဲအမှောင်ထဲမှာ ကောင်းစွာမြင်နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၂။ ဒါကတော့ Ulnar Dimelia လို့ခေါ်တဲ့ရောဂါခံစားနေရသူတစ်ဦးဖြစ်ပါတယ်။ ဒီရောဂါဟာ တစ်ကမ္ဘာလုံးကဆေးမှတ်တမ်းတွေမှာ အယောက် (၁၀၀) တောင်မရှိတဲ့ ရောဂါလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒီ ယူဂန္ဓာကလေးငယ်ကတော့ Vitiligo လို့ခေါ်တဲ့အရေပြားရောဂါတစ်မျိုးခံစားနေရသူဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ Ocular Albinism လို့ခေါ်တဲ့ ရောဂါကိုပါခံစားနေရတာကြောင့် အရောင်အဆင်းထူးခြားတဲ့မျက်လုံးတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဒီရောဂါကတော့ မွေးကင်းစကလေး (၁၀,၀၀၀) မှာ တစ်ယောက်လောက်ဖြစ်နိုင်ခြေရှိတဲ့ ရောဂါမျိုးဖြစ်ပြီး Marfan Syndrome လို့ခေါ်ပါတယ်။ ဒီရောဂါရဲ့ သက်ရောက်မှုကတော့ပုံမှန်ရှိရမယ့်အနေအထားထက်များစွာပိုပြီး အရိုးတွေရှည်ထွက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီရောဂါခံစားရသူတွေဟာ ခြေလက်တွေသွယ်လျပြီး ခါးကိုင်းတက်ကြပါတယ်။ shwekhitonlinetv.com

၅။ ဒါကတော့ Plica Fimbriata လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ လျှာအောက်မှာပုံမှန်မဟုတ်တဲ့ အဖုအထစ်နဲ့ အသားစွယ်တွေပါရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဒါကတော့လူအတော်များများဖြစ်တက်တဲ့ရောဂါမျိုးဆိုပေမယ့် ဒီလိုမျိုး တစ်ဖက်ကိုလက်ချောင်း (၆) ချောင်းစီပါဝင်ပြီ ညီညာလှပတာမျိုးကတော့ရှားပါးလှပါတယ်။ ဒီရောဂါမျိုးကို Polydactyly လို့ခေါ်ပါတယ်။ shwekhitonlinetv.com

၇။ Hypertrichosis လို့လူသိများတဲ့ဒီရောဂါကတော့ အလယ်ခေတ်လောက်ကတည်းက ဖြစ်ပွားခဲ့တဲ့ရောဂါတစ်မျိုးလို့ မှတ်တမ်းတွေအရသိရပါတယ်။ ခန္ဓကိုယ်အနှံ့ကအရေပြားတွေမှာ အမွှေးအမျင်တွေဖုံးလွှမ်းနေတက်တဲ့ရောဂါဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ မွေးရာပါအမှတ်ပါတဲ့ ကလေးငယ်တွေကတော့ ကမ္ဘာပေါ်မှာအများအပြားရှိပါတယ်။ ဒါပေမယ့် ဒီတူရကီ ကလေးငယ်ကတော့ ထူးခြားလှပစွာနဲ့ပဲ နဖူးမှာ အသည်းပုံသဏ္ဍာန်အမှတ်ကလေးပါရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဒီလိုရောဂါမျိုးကိုတော့ ထူးခြားတဲ့အမည်နာမတစ်ခုပေးထားပါတယ်။ Hollywood Genetic ပါတဲ့။ ဘာကြောင့်လဲဆိုတော့ Hollywood သည်းထိတ်ရင်ဖိုရုပ်ရှင်ကားထဲက Slenderman ဆိုတဲ့ဇာတ်ကောင်နဲ့ တူနေလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Triphalangeal Thumb လို့ခေါ်တဲ့ဒီရောဂါကတော့ လက်မက သာမန်လူတွေလိုမျိုးမဟုတ်ဘဲ သိသိသာသာ ရှည်ထွက်နေတဲ့ရောဂါမျိုးဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။