ရုရှားနိုင်ငံမှာသာမြင်တွေ့ရနိုင်တဲ့ အထူးအဆန်းမြင်ကွင်းများ

ရွှေခေတ်ပရိတ်သတ်တွေကို အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံတစ်နိုင်ငံတည်းမှာသာ မြင်တွေ့ရနိုင်တဲ့ထူးထူးခြားခြား မြင်ကွင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေဖြစ်နေမလဲ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် ….. shwekhitonlinetv.com

၁။ ရုရှားနိုင်ငံရဲ့ ရာသီဥတုကတော့အများအားဖြင့်အေးစက်နေတတ်ပြီး တစ်ချို့သောနေ့တွေမှာဆိုရင်နှင်းတွေထူထပ်စွာ ကျဆင်းနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုနေ့မျိုးတွေမှာကျောင်းတွေကို ပိတ်မယ်လို့တော့မထင်လိုက်ပါနဲ့။ ရုရှားနိုင်ငံဟာ ဆိုးရွားတဲ့ရာသီဥတုအခြေနေမှာတောင် ကျောင်းတွေကိုဖွင့်ထားပြီး ကလေးငယ်တွေကိုလည်း ကျောင်းထဲက ကစားကွင်းတွေမှာ ကစားခွင့်ပြုထားပါတယ်။ shwekhitonlinetv.com

၂။ ဒီပုံထဲကလိုဖြစ်ရပ်မျိုးကတော့ ရုရှားမှာအထူးအဆန်းကိစ္စတစ်ခုမဟုတ်ပါဘူး။ လူတစ်ယောက်ခုံတန်းလျားတစ်ခုမှာ ထိုင်နေချိန် ဘယ်ကမှန်းမသိတဲ့ဝက်ဝံတစ်ကောင်က ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ဒီလူကတော့ ဝက်ဝံကိုသိပ်စိတ်ဝင်စားပုံမရဘဲ သူ့ဘာသာ အေးအေးဆေးဆေး ဆက်ထိုင်နေပါတယ်။ shwekhitonlinetv.com

၃။ သင့်အနေနဲ့ ဟိုင်းဝေးကားတွေစီးပြီးခရီးထွက်တဲ့အခါမှာ နောက်ခုံမှာထိုင်တဲ့လူက သင့်ရဲ့ခုံကို ခြေထောက်နဲ့ကန်ထားတာ (ဒါမှမဟုတ်) ခြေထောက်တင်ထားတာမျိုးတွေကြုံဖူးပါသလား။ ဒါဟာတစ်ကယ့်ကို စိတ်မသက်သာစရာကောင်းတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ ဒီပုံထဲကလူနှစ်ယောက်ကလည်း သူတို့ရှေ့မှာထိုင်နေတဲ့သူက ရုရှားမှာ သြဇာအရှိဆုံးဖြစ်တဲ့ သမ္မတပူတင်ဆိုတာကို မေ့လျော့ပြီး အထက်ပါအတိုင်း ပြုမူမိခဲ့ပါတယ်။ သူတို့ရဲ့ မျက်နှာအမူအရာကိုကြည့်တာနဲ့တင် အခြေအနေတွေက ဘာဆက်ဖြစ်တော့မယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။ shwekhitonlinetv.com

၄။ ရုရှားအာဏာပိုင်တွေဟာ တစ်ချိန်ကပျက်ကျခဲ့တဲ့ လေယာဉ်အပျက်အစီးတွေကို များသောအားဖြင့် ဖယ်ရှားရှင်းလင်းခြင်းပြုခွင့်မပေးပါဘူး။ ဒါဟာ နောက်ထပ်ပျက်ကျမှုတွေမဖြစ်အောင် လေယာဉ်မောင်းတဲ့ ပိုင်းလော့တွေကို နမူနာယူစေဖို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရုရှားနိုင်ငံဟာတစ်ချို့သောနိုင်ငံတွေလို နွေ၊ မိုး၊ ဆောင်း စတဲ့ရာသီဥတုမျိုးမရှိပါဘူး။ နွေနဲ့ဆောင်းပဲရှိပါတယ်။ ဒါကြောင့် အလွန်အေးတဲ့ ဆောင်းရာသီကနေ အင်းဆက်တွေပေါများစွာ ထွက်လာတက်တဲ့ နွေရာသီကိုရုတ်တရက်ပြောင်းသွားတာမျိုးက ပုံမှန်လူတစ်ယောက်အတွက်တော့ နေချင်စရာကောင်းတဲ့ ရာသီဥတုမျိုးဖြစ်လိမ့်မယ်မထင်ပါဘူး။ shwekhitonlinetv.com

၆။ ဒီအချက်ကတော့ မဆိုးလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ရုရှားမှာရှိတဲ့သူတွေအနေနဲ့ မိမိရဲ့ကားကို မိမိစိတ်ကြိုက်ပြင်ဆင် ခြယ်သပြီးမောင်းနှင်အသုံးပြုခွင့်ရှိလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ကားပါကင်ရှာရခက်တဲ့ပြဿနာက ကားပိုင်ရှင်အတော်များများကြုံဖူးတဲ့ကိစ္စဖြစ်မယ်ထင်ပါတယ်။ ရုရှားမှာတော့ ဒီပြဿနာကပိုဆိုးမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှာပြထားသလိုပဲ ကားပါကင်မှာ အမှတ်တမဲ့ရပ်မိတဲ့ စက်ဘီးတစ်စီးဟာ သစ်ပင်ပေါ်မှာ နန်းစံသွားရတဲ့အထိ ကားပါကင်ရှာနေသူရဲ့ ဒေါသကကြီးလို့ပါပဲ။ shwekhitonlinetv.com

၈။ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာကို တာဝန်ရှိသူတွေမလာသေးခင်မှာ ကားပိုင်ရှင်တွေကနှင်းတွေနဲ့ နှင်းလူသားအရုပ်လေးတွေပြုလုပ်ပြီး အခင်းဖြစ်ရာနေရာကို မြင်သာထင်သာရှိအောင်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဒါကတော့ ရုပ်ရှင်ထဲက ရုရှား၊ ဗီဒီယိုဂိမ်းတွေထဲက ရုရှားနဲ့ အပြင်ကတစ်ကယ့်အစစ်အမှန် ရုရှားကို လှောင်ပြောင်သရုပ်ဖော်ပြီး နှိုင်းယှဉ်ပြထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ရုရှားသမ္မတပူတင်အနေနဲ့ တစ်စုံတစ်ခုခု သင့်ကိုကမ်းလှမ်းလာပြီဆိုရင် လက်ခံလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုချင်ပါတယ်။ ဒီပုံထဲမှာတော့ အခြားနိုင်ငံက သံတမန်တွေက ပူတင်လက်ဘက်ရည်တိုက်တာကို ယဉ်ကျေးစွာငြင်းဆန်နေပုံပါပဲ။ သူတို့အတွက်တော့ အဆုံးသတ်ကောင်းမွန် ပါစေလို့ပဲဆုတောင်းပေးလိုက်ရပါတယ်။ shwekhitonlinetv.com

အထက်မှာဖော်ပြခဲ့တာတွေကတော့ရုရှားနိုင်ငံမှာသာမြင်တွေ့ရမယ့် မြင်ကွင်းတွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း စိတ်ဝင်စားစရာအကြောင်းအရာတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးသွားပါဦးမယ်နော် … shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။