ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနေနိုင်တဲ့ သတ္တဝါ ၇ မျိုးအကြောင်း

ကမ္ဘာပေါ်မှာသက်တမ်းအရှည်ကြာဆုံးနေထိုင်နိုင်တဲ့ သတ္တဝါမျိုးစိတ်တွေက ဘာတွေဖြစ်မလဲ ? အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုလေ့လာကြည့်မယ်ဆိုရင်တော့ ဒီမေးခွန်းရဲ့ အဖြေကိုသိရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Aldabra Giant Tortoise – (189 years and counting)

ကမ္ဘာ့အသက်အကြီးဆုံး သတ္တဝါတွေအကြောင်းပြောရမယ်ဆိုရင်တော့ Aldabra Giant Tortoise လို့ခေါ်တဲ့ လိပ်ကြီးတွေကနေစပြောရမယ်ထင်ပါတယ်။ ဒီလိပ်မျိုးစိတ်တွေဟာ လေ့လာတွေ့ရှိရသမျှ ကုန်းနေသတ္တဝါတွေ ထဲမှာသက်တမ်းအရှည်ဆုံးမျိုးစိတ်တွေဖြစ်ပါတယ်။ လက်ရှိဂင်းနစ်စံချိန်တင်ထားတဲ့ အသက် (၁၈၉) နှစ်အရွယ် ဂျိုနသန်ဆိုတဲ့လိပ်ကြီးဟာလည်း Aldabra မျိုးစိတ်ဖြစ်ပါတယ်။ ဒီလိပ်ကြီးဟာ ချားစ်ဒါဝင် ဂါလာပါဂို့စ်ကျွန်းကို မရောက်ခင် (၃) နှစ်အလိုကတည်းကမွေးဖွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Red Sea Urchin – (100-200 years)

ပင်လယ်နီသံပချုပ် (Red Sea Urchin) တွေကတော့ ဒီစာရင်းရဲ့ အဆင့် (၆) နေရာမှာဖော်ပြခြင်းခံရပါတယ်။ သူတို့တွေရဲ့သဘာဝအရ အနည်းဆုံးသက်တမ်းပျမ်းမျှ နှစ် (၁၀၀) ကနေ နှစ် (၂၀၀) ဝန်းကျင်လောက်ရှင်သန်နေထိုင်နိုင်ကြပါတယ်။ သူတို့တွေဟာ တစ်နှစ်ထက်တစ်နှစ် အရွယ်အစားပိုမိုကြီးထွားလာကြပေမယ့်လို့ အိုမင်းတဲ့လက္ခဏာမျိုးမပြဘဲ ကောင်းမွန်စွာမျိုးပွားနိုင်ကြတယ်လို့ သိရပါတယ်။ သူတို့သေဆုံးရတဲ့အကြောင်းအရင်းကို လေ့လာစူးစမ်းရသလောက်တော့ အသက်အရွယ်ကြီးလို့ သေဆုံးတာမျိုးမရှိသလောက်ရှားပါးလွန်းပြီး အခြားရေနေသတ္တဝါတွေရဲ့ စားသုံးခံရခြင်းနဲ့ ရောဂါဘယတွေကြောင့် သေဆုံးရတာမျိုးသာရှိပါသတဲ့။ shwekhitonlinetv.com

၅။ Rockfish – (100-200 years)

Rockfish လို့ခေါ်တဲ့ဒီငါးမျိုးစိတ်ကတော့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ များသောအားဖြင့်နေထိုင်ကျက်စားကြတဲ့ ငါးတွေဖြစ်ပါတယ်။ သူတို့တွေရဲ့ ကြီးထွားနှုန်းကအလွန်နှေးကွေးပြီး သက်တမ်းအားဖြင့်လည်း နှစ်ပေါင်း (၁၀၀)၊ (၂၀၀) ကျော်ရှင်သန်နိုင်ကြပါတယ်။ တစ်ချို့ငါးတွေဆိုကြီးထွားနှုန်းနှေးကွေးလွန်းလို့ အသက် (၂၅) နှစ်အရွယ်အထိ မိတ်လိုက်ခြင်းမရှိကြပါဘူး။ ဒီလိုကြီးထွားနှုန်းနှေးကွေးခြင်းကြောင့်လည်း ဒီငါးတွေကို အလွန်အကျွံဖမ်းဆီးခြင်း ရန်ကနေကာကွယ်ပြီးသားဖြစ်စေပါတယ်။ shwekhitonlinetv.com

၄။ Bowhead Whale – (200 years)

ဒီဝေလငါးတွေကတော့ လေးကိုင်းသဏ္ဍာန်ကွေးညွှတ်နေတဲ့ သူတို့ရဲ့ပါးစပ်ကြောင့် (Bowhead Whale) ရယ်လို့ အမည်ပေးထားတာဖြစ်ကြောင်းသိရှိရပါတယ်။ Baleen ဝေလငါးမျိုးစိတ် (၁၄) ခုအနက်ထဲက တစ်ခုဖြစ်ပြီးတော့ အလာစကာမြောက်ပိုင်းက သူတို့ဇာတိဖြစ်ပါတယ်။ ဒီဝေလငါးတွေဟာ အနည်းဆုံးရာစုနှစ် (၂) ခုလောက်ရှင်သန်နိုင်ကြတဲ့ရေသတ္တဝါတွေဖြစ်ပါတယ်။ သုတေသနပြုလုပ်နေတဲ့ Bowhead Whale တစ်ကောင်သေဆုံးချိန်ကဆိုရင် သူ့ရဲ့အသက်ဟာ (၂၁၁) နှစ်တောင်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

၃။ Ocean Quahog – (200-500 years)

Ocean Quahog လို့ခေါ်တဲ့အခွံမာဂုံးကောင်တွေကိုတော့ သမုဒ္ဒရာရေအေးပိုင်းတွေမှာတွေ့ရတက်ပါတယ်။ အများဆုံးတွေ့ရှိရတဲ့ဒေသကတော့ အာတိတ်သမုဒ္ဒရာနဲ့ အတ္တလန္တစ်သမုဒ္ဒရာတွေမှာပဲဖြစ်ပါတယ်။ ဒီအခွံမာဂုံးကောင်တွေဟာ များသောအားဖြင့်သက်တမ်း (၂၀၀) ကနေ (၅၀၀) အထိရှင်သန်နိုင်ကြပြီးသူတို့ရဲ့သက်တမ်းကို အခွံပေါ်မှာရှိတဲ့ အစင်းကြောင်းအရေအတွက်တွေကဖော်ပြနေတယ်လို့လည်းသိရပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်တုန်းကတွေ့ရှိခဲ့တဲ့ Ming the Mollusk လို့အမည်ရတဲ့ Ocean Quahog တစ်ကောင်ကတော့ သက်တမ်း (၅၀၇) နှစ်တောင်ရှိပါတယ်။ သူ့ကို (၁၄၉၉) ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ဟာ မင် (Ming) မင်းဆက်အုပ်စိုးတဲ့ကာလမို့လို့ အခုလိုနာမည်ပေးထားတာဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၂။ Greenland Shark – (400-500 years)

Greenland Shark လို့ခေါ်တဲ့ ဒီငါးမန်းမျိုးစိတ်တစ်မျိုးကတော့ နှစ်ပေါင်း (၄၀၀) ကနေ (၅၀၀) ကျော်အထိရှင်သန်နိုင်ကြတဲ့ ငါးမန်းတွေဖြစ်ပါတယ်။ သူတို့အနေနဲ့ သက်တမ်းအကြာကြီးရှင်သန်နေထိုင်ကြနိုင်ပေမယ့် များသောအားဖြင့် မျက်လုံးကပ်ပါးပိုးလို ဘက်တီးရီးယားတွေကြောင့် မျက်စိတော့ကောင်းစွာမမြင်ကြပါဘူး။ ဒါဟာသူတို့အနေနဲ့ နှေးကွေးစွာရွေ့လျားသွားလာရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်နိုင်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက သုတေသီအချို့တွေ့ရှိခဲ့တဲ့ Greenland ငါးမန်းတစ်ကောင်ကတော့ အရှည် (၁၆) ပေရှိပြီး သက်တမ်းအားဖြင့် (၃၉၂) နှစ်ရှိကြောင်း သိရပါတယ်။ shwekhitonlinetv.com

၁။ Deep Sea Sponges – (2300-18,000 years)

Deep Sea Sponges ဆိုတာကတော့ ပင်လယ်ရေနက်ပိုင်း သန္တာကျောက်တန်းတွေမှာတွေ့ရတက်တဲ့ ရေမြုပ်လိုသက်ရှိတွေဖြစ်ပါတယ်။ သူတို့ရဲ့ပုံသဏ္ဍာန်က များသောအားဖြင့် မီးအိမ်လိုအခေါင်းပွဖြစ်ပြီး ခန္ဓာကိုယ်ကတော့ Silica အလွှာတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ပုံပန်းသဏ္ဍာန်ကိုကြည့်မယ်ဆိုရင်တော့ အတော်လေးကို နုရွတဲ့သတ္တဝါမျိုးစိတ်လို့ထင်ရမှာဖြစ်ပေမယ့် သူတို့ရဲ့သက်တမ်းကတော့ အနည်းုဆုံးနှစ် (၂၃၀၀) ကျော်အထိရှင်သန်နေနိုင်ကြတယ်လို့သိရပါတယ်။ ဒါဟာအတော်လေးကို မယုံကြည်နိုင်စရာလို့ထင်ရပေမယ့် သူတို့အများဆုံးရှင်သန်နိုင်တဲ့ သက်တမ်းကိုသိရင် သင့်အနေနဲ့ပိုလို့တောင် အံ့သြမှင်သက်သွားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ နှစ်ပေါင်း (၁၈,၀၀၀) လောက်ထိတောင်မှ သက်တမ်းရှည်စွာရှင်သန်နိုင်ကြလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အထက်မှာဖော်ပြခဲ့တာတွေကတော့ ကမ္ဘာပေါ်ကသက်တမ်း အရှည်ဆုံး သတ္တဝါမျိုးစိတ် (၇) မျိုးပဲဖြစ်ပါတယ်။ နောက်ထပ်လည်း စိတ်ဝင်စားစရာအကြောင်းအရာတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးသွားပါဦးမယ်နော် … shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။