အိန္ဒိယတွင် မျောက်များက ကိုဗစ် လူနာတွေရဲ့ သွေးနမူနာများကို ခိုးယူမှု ဖြစ်ပွား

အိန္ဒိယနိုင်ငံမှ မျောက်တစ်အုပ်သည် ဆေးဘက်ဆိုင်ရာအရာရှိတစ်ဦးကို တိုက်ခိုက်၍ ကိုဗစ် ကူးစက်ခံထားရသည့် လူနာများ၏ သွေးနမူနာများကို ခိုးယူသွားသည်ဟု အာဏာပိုင်များက သောကြာနေ့ (မေလ ၂၉ ရက်) ကပြောကြားခဲ့သည်။ shwekhitonlinetv.com

Uttar Pradesh ပြည်နယ်၏မြို့တော် Lucknow မြောက်ဘက် ၄၆၀ ကီလိုမီတာအကွာရှိ Meerut ရှိအစိုးရဆေးဘက်ဆိုင်ရာကောလိပ်တစ်ခု၏ ကျောင်းဝင်းအတွင်း ဓာတ်ခွဲခန်းကျွမ်းကျင်သူတစ် ဦး လမ်းလျှောက်နေစဉ် ခိုးယူခံခဲ့ခြင်းဖြစ်သည်။ shwekhitonlinetv.com

“ကုသမှုခံယူနေရတဲ့ ကိုဗစ် လူနာလေးယောက်ရဲ့သွေးနမူနာတွေကို ခိုးယူသွားတာပါ။ လူနာတွေရဲ့ သွေးနမူနာတွေကို ပြန်ယူခဲ့ရတယ်” ဟု ကောလိပ်မှထိပ်တန်းအရာရှိတစ် ဦး က ပြောသည်။

သို့သော် မျောက်များမှ လူနေအိမ်များသို့ သယ်ဆောင်လာလျှင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းများ ဖြစ်ပွားမည်ကို ပတ်ဝန်းကျင်က စိုးရိမ်နေကြသည်။

မျောက်များမှ ရောဂါကူးစက်ခံထားရသောသွေးနှင့် ထိတွေ့မိပါက ကိုရိုနာကူးစက်နိုင်ခြင်း ရှိမရှိ မသေချာကြောင်း ပြောကြားခဲ့သည်။ shwekhitonlinetv.com

“မျောက်တွေက ရောဂါကူးစက်နိုင်တဲ့ အထောက်အထားမရှိဘူး” ဟု Garg ကရိုက်တာ သတင်းဌာနသို့ပြောကြားခဲ့သည်။

ဗိုင်းရပ်က တရုတ်နိုင်ငံ Wuhan ရှိ တောရိုင်းတိရစ္ဆာန်စျေးကွက်ရှိ လူများသို့ ကူးစက်ပျံ့နှံ့ခဲ့သည်ဟုယုံကြည်ရသည်။

မျောက်များသည် အိန္ဒိယရှိလူနေအိမ်များသို့ ရွေ့လျားလာပြီး လူများကို တိုက်ခိုက်ခြင်း အစရှိသည့် အနှောင့်အယှက်များ ပြုလုပ်လေ့ရှိသည်။

သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းသည် တိရစ္ဆာန်များ အစားအစာရှာဖွေရန် မြို့ပြဒေသများသို့ ရွှေ့ပြောင်းရသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟုပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ပြောကြားသည်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Ref: CNA

Be the first to comment

Leave a Reply