သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ

ရွှေခေတ်ပရိသတ်တွေ အတွက်အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ မိမိတို့ရဲ့ နေအိမ်တွေမှာ ရိုးရှင်းလွယ်ကူလှတဲ့ နည်းလမ်း၊ အဆောင်ယောင် လေးတွေနဲ့ ကံကြမ္မာကောင်းတွေ ရရှိအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်ခုမှာချင်တာက ဒါဟာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့အယူ မျိုးတွေမဟုတ်ဘဲ နိုင်ငံတကာက ယုံကြည်မှု ဓလေ့ထုံးတမ်းတွေသာဖြစ်တယ်ဆိုတာကို တော့ကြိုတင်ပြီး အသိပေးပါရစေနော် ။  shwekhitonlinetv.com

၁။ အိမ်တံခါးအရောင်

ကံကောင်းစေတဲ့ အိမ်လေးတစ်လုံးဖြစ်ဖို့အတွက် ပထမဆုံးအနေနဲ့ ပြင်ဆင်သင့်တာကတော့ အိမ်ရဲ့တံခါးမကြီးပဲဖြစ်ပါတယ်။ နာမည်ကျော် တရုတ်ဗေဒင်ဆရာကြီး ဖုန်းရွှဲ့ (Feng Shui) ရဲ့ အဆိုအရတော့ အိမ်တံခါးရဲ့ အရောင်ကို အိမ်မျက်နှာမူတဲ့ဘက်ပေါ်မူတည်ပြီး အရောင်ချယ်သခြင်းက သင့်အိမ်ကို ကံကောင်းခြင်းတွေဆောင်ကျဉ်းပေးနိုင်ပါသတဲ့။ shwekhitonlinetv.com

အကယ်၍သင့်အိမ်က တောင်အရပ်ကိုမျက်နှာမူထားတယ် ဆိုရင် တံခါးကို အနီရောင် (သို့) လိမ္မော်ရောင်၊ မြောက်အရပ်ကိုမျက်နှာမူရင်တော့ အပြာရောင် (သို့) အနက်ရောင်၊ အရှေ့ဘက်ဆိုရင် အညိုရောင် (သို့) အစိမ်းရောင်၊ အနောက်ဘက်ဆိုရင်တော့ အဖြူရောင် (သို့) မီးခိုးရောင် ခြယ်မှုန်းထားသင့်တယ်လို့ ၎င်းကဆိုထားပါတယ်။ shwekhitonlinetv.com

၂။ ဆင်ရုပ်

ဆင်ဆိုတာကတော့ သတ္တဝါတွေထဲမှာ အရွယ်အစားကြီးမားပြီး သိမ်မွေ့တဲ့သတ္တဝါတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာဝင်တော်တော်များများကလည်း ဆင်ဟာ သစ္စာစောင့်သိမှုနဲ့ တည်ကြည်ခန့်ညားမှုရဲ့ သင်္ကေတလို့ယူဆထားကြပါတယ်။ shwekhitonlinetv.com

ဒီပုံလေးမှာပါတဲ့ဆင်ရုပ်လေးကတော့ သူ့ရဲ့နှာမောင်းကို အပေါ်မြှောက်ထားတာက လာဘ်လာဘတွေကို ခေါ်တဲ့ သဘောဆောင်ပြီး သူ့ရဲ့ အစွယ်တွေကတော့ သင့်အိမ်ကို ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်ရန်စွယ်တွေကို ကာကွယ်တိုက်ထုတ် ပေးမှာဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဒီလို ဆင်ရုပ်ကလေးတစ်ရုပ်လောက်ကို သင့်အိမ်မှာထားရှိသင့်ပါတယ်။ shwekhitonlinetv.com

၃။ မြင်းခွာများ

အိုင်းရစ်လူမျိုးတွေရဲ့အယူအဆမှာတော့ မြင်းခွာတွေကို ကံကောင်းခြင်းသင်္ကေတလို့ သတ်မှတ်ထားကြပါတယ်။ တစ်ချို့ကတော့ မြင်းခွာတွေဟာ မကောင်းဆိုးဝါးရန်ကနေ ကာကွယ်မှုပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မြင်းခွာတွေကို အိမ်တံခါးမှာ ချိတ်ဆွဲထားခြင်းက ကံကောင်းစေသလို မကောင်းဆိုးဝါးတွေ ရန်ကလည်း ကာကွယ်ပြီးသားဖြစ်စေနိုင်မှာပါ။ shwekhitonlinetv.com

၄။ လတ်ဆက်ပြီးတောက်ပတဲ့ ပန်းများ

လတ်ဆက်တဲ့ပန်းများကို အိမ်အတွင်းအလှဆင်ထားရှိခြင်းက သင့်ထံကို စိတ်ပျော်ရွှင်ကြည်နူးမှုနဲ့ ကောင်းမွန်လှပတဲ့ အနာဂတ်တွေ ဆောင်ကျဉ်းပေးနိုင်တယ်လို့ ဖုန်းရွှဲ့ (Feng Shui) ကဆိုထားပါတယ်။ အထူးသဖြင့်တောက်ပတဲ့ အရောင်အသွေးရှိတဲ့ ပန်းတွေကို အိမ်ရဲ့ဧည့်ခန်းလိုနေရာမျိုးမှာ အလှဆင်ထားရှိခြင်းက ရွှေငွေ များ သင့်အိမ်ကို စီးဆင်းဝင်ရောက်လာစေနိုင်ပါသတဲ့။ shwekhitonlinetv.com

၅။ ဝါးပင်များ

အရှေ့တိုင်းအယူအဆမှာတော့ ကံဆိုးမိုးမှောင်ကျမှုအတွက် အကောင်းဆုံးကုထုံးတစ်ခုက ဝါးပင် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝါးပင်တွေဟာ စိတ်ကိုငြိမ်းချမ်းမှုပေးစွမ်းနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်စွမ်း လည်း ရှိပါသတဲ့။ တရုတ်လူမျိုးတွေကတော့ ဝါးပင်တွေဟာ အိမ်ရဲ့စီးပွားကို တိုးတက်စေတဲ့ ရွှေပင် ငွေပင်တွေလို့တောင် ယုံကြည်ထားကြတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၆။ ဝက်ရုပ်

ဥရောပမှာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ သမိုင်းကြောင်းအယူအဆတစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့ အလယ်ခေတ်လောက်က ဥရောပနိုင်ငံတွေက မွေးမြူရေးလုပ်ငန်းတွေမှာ ကျွဲ၊ နွား၊ ကြက် စတဲ့ တိရိစ္ဆာန်တွေကို စီးပွားဖြစ်မွေးမြူကြပေမယ့်ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် ဝက်ကိုမွေးမြူကြတဲ့ အခါမှာတော့ အတော်လေးကို အဆင်ပြေပြီး စီးပွားဖြစ်ထွန်းခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ shwekhitonlinetv.com

ဒါကြောင့် ဥရောပနိုင်ငံတွေမှာ ဝက်သင်္ကေတဟာ ချမ်းသာကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်းရဲ့ အတိတ်နိမိတ်လို့ ယနေ့တိုင် ယုံကြည်ထားကြပါတယ်။ အထူးသဖြင့် ဂျာမနီနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဝက်ရုပ်ကလေးတွေ ဟာလည်း အိမ်တွင်းအလှဆင်ဖို့သင့်တော်တဲ့ ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

၇။ ရွှေငါးများ

ရွှေငါးလေးတွေက သင့်အိမ်ကိုကျရောက်လာနိုင်တဲ့ အပျက်စွမ်းအားတွေကို စုပ်ယူထားနိုင်စွမ်းရှိတယ်လို့ ဖုန်းရွှဲ့ (Feng Shui) နိယာမမှာဖော်ပြထားပါတယ်။ ဒါတင်မကေသေးဘဲ သူတို့က သင့်အိမ်မသားစုကို ကျန်းမာပျော်ရွှင်ခြင်း နဲ့ ကြွယ်ဝမှုတွေကို ပေးစွမ်းနိုင်ပါသတဲ့။ ဒါပေမယ့် ရွှေငါးလေးတွေရဲ့ အကောင်အရေအတွက် ကတော့အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ (၉) ကောင်မွေးမြူထားခြင်းပဲ ဖြစ်ပါတယ်။ ရွှေငါး (၉) ကောင် လာဘ်ကိုဆောင်ဆိုတာ ဒါကိုဆိုလိုတာ ထင်ပါရဲ့နော် ။ shwekhitonlinetv.com

ဟုတ်ကဲ့ အခုဖော်ပြပေးခဲ့တာကတော့ ကံကြမ္မာနဲ့သက်ဆိုင်တဲ့ အစီအရင် တွေကြောင့်နာမည်ကျော်ခဲ့တဲ့ တရုတ်ဗေဒင် ပညာရှင်ကြီး ဖုန်းရွှဲ့ (Feng Shui) ရဲ့ နည်းနာမတွေ နဲ့ အခြားပညာရှင်တွေရဲ့ အဆိုတွေ၊ ကမ္ဘာ့နိုင်ငံအသီးသီးက ယုံကြည်မှုတွေကို တစ်ဆင့်ပြန်လည် ကိုးကားပြီး ဝေမျှပေးခြင်းပဲဖြစ်ပါတယ်။ ရွှေခတ်ပရိသတ်တွေအားလုံးလဲ ကျန်းမာပျော်ရွှင်ပြီး ကံကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply