မိဘတွေနဲ့ အတူ လုံးဝ သွားရောက်မလည်ပတ်သင့်တဲ့ နေရာများ

ပရိသတ်ကြီးရေ ခရီးတွေ ထွက်တဲ့အခါ မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းတွေချည်းပဲ စုပြီး ခရီးထွက်တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ခရီးထွက်တာနဲ့ ပတ်သတ်ပြီး ထူးထူးဆန်းဆန်း ပြောပြချင်တဲ့ အကြောင်းအရာလေးတစ်ခု ရှိပါတယ်။ shwekhitonlinetv.com

ဒါကတော့ မိဘတွေနဲ့ အတူ သွားမလည်သင့်တဲ့ နေရာ တွေပဲ ဖြစ်ပါတယ်။ ဘယ်လိုနေရာတွေလဲ ? ဘာကြောင့်မလည်သင့်တာလဲဆိုတာကတော့ အောက်မှာ ဖတ်ကြည့်လိုက်ပါ ဦးနော်။ shwekhitonlinetv.com

၁။ ပတ္တရား ( ထိုင်းနိုင်ငံ)

ပတ္တရား ကမ်းခြေဆိုတာ ရှုခင်းတွေ အတော်လေးကို ပေါများပြီး စိတ်အပန်းလည်း ပြေစေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီနေရာမှာရှိတဲ့ အပျော်အပါးတွေလည်း တော်တော်လေးကို စုံပြီး ကလပ်တွေ ၊ ဘားတွေကလည်း အများအပြားပါပဲ။

ယောကျာ်းလေးအများစုဟာ မင်္ဂလာမဆောင်ခင် သူတို့ရဲ့ လူပျိုည ပါတီကို ပတ္တရား မြို့မှာ လာရောက် ပျော်ပါးတတ်ကြပါတယ်။ ဒါ့ကြောင့်ပဲ မိသားစုနဲ့ အတူ သွားမလည်သင့်တဲ့ နေရာတစ်ခုလို့ပဲ ဆိုရမှာပါ။ shwekhitonlinetv.com

၂။ အမ်စတာဒမ်မြို့ ( နယ်သာလန် နိုင်ငံ)

အမ်စတာဒမ်မြို့ဟာဆိုရင် လှပတဲ့ ပတ်ဝန်းကျင်တွေ ရှိတဲ့အပြင် အေးချမ်းလှတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမြို့မှာ အပျော်အပါး ပါတီတွေ များပြားပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သောက်စရာတွေလည်း ရှိပါတယ်။

ဒါ့ကြောင့် မိသားစုနဲ့အတူ အမ်စတားဒမ်မြို့ကို သွားလည်မယ်ဆိုရင်တော့ ကိုယ့်မိဘရဲ့ အစီအစဉ်အတိုင်း သွားလည်တာ အကောင်းဆုံးပါပဲ။ shwekhitonlinetv.com

၃။ Kasol ( အိန္ဒိယနိုင်ငံ)

Kasol မြို့ဟာဆိုရင် ပါဗတ်တီ ချိုင့်ဝှမ်းထဲမှာ တည်ရှိတာဖြစ်ပြီး သွားလည်မယ်ဆိုရင်တော့ တစ်ယောက်တည်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ သွားလည်တာအကောင်းဆုံးပါပဲ။

ဘာကြောင့်လဲဆိုတာ ဒီမြို့မှာ ပျော်ပွဲရွှင်ပွဲတွေ အတော်လေးကို များပြားပြီး သောက်စားစရာ အလွယ်တကူ ရနိုင်လို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လက်စ်ဗီးဂတ်စ် ( အမေရိကန်နိုင်ငံ )

ကမ္ဘာ့အကြီးဆုံး လောင်းကစား မြို့တော်လို့ နာမည်ကြီးတဲ့ လတ်စ်ဗီးဂတ်စ်မြို့မှာဆိုရင် လောင်းကစားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ စားသောက်ဆိုင် အကောင်းစားများရှိခြင်းတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နာမည်ကြီး ဖျော်ဖြေပွဲတွေ များစွာ ကျင်းပပြီး လူငယ်တွေအနေနဲ့ လွတ်လွတ်လပ်လပ် ပျော်ပါးလို့ရတဲ့ နေရာတွေလည်း ရှိလို့ မိသားစုနဲ့ အတူ သွားရောက် မလည်ပတ်သင့်ပါဘူးနော်။ shwekhitonlinetv.com

၅။ Acapulco ( မက္ကစီကို နိုင်ငံ )

Acapulco မြို့မှာဆိုရင် လှပတဲ့ ကမ်းခြေတွေ အပြင် စားသောက်ဆိုင်တွေ လည်းရှိပြီး ပျော်ပါးနိုင်တဲ့ နေရာတွေလည်း အများအပြားပါပဲ။

ဒါ့အပြင် လူနေမှုပုံစံတွေက မျိုးစုံလှပြီး လုံခြုံမှုမပေးနိုင်တဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ မြို့ တစ်မြို့လည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Ibiza ( စပိန်နိုင်ငံ)

စပိန်နိုင်ငံမှာရှိတဲ့ Ibiza မြို့ဟာဆိုရင် သူငယ်ချင်းတွေနဲ့သာ ကျိန်းသေပေါက် လည်ပတ်ပြီး ပျော်ပါးသင့်တဲ့ နေရာတစ်ခုပါ။ ပျော်ပွဲရွှင်ပွဲ ပါတီတွေ များစွာရှိတဲ့အပြင် အသောက် အစားတွေလည်း ရနိုင်တာကြောင့် မိသားစုနဲ့အတူ လုံး၀သွားမလည်သင့်ပါဘူးနော်… shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ မိသားစုနဲ့ အတူ သွားရောက် မလည်ပတ်သင့်တဲ့ နေရာတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတရစရာ အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။