မိန်းမသားတစ်ယောက် ဖြစ်နေပေမယ့် ရှည်လျားတဲ့ မုတ်ဆိတ်မွေးတွေ ပေါက်နေတဲ့ အမျိူးသမီးအကြောင်း

သူမရဲ့အမည်ကတော့ Harnaam Kaur လို့ခေါ်ပါတယ်။ သူမဟာလက်ရှိအချိန်မှာ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ဗြိတိသျှအနိုင်ကျင့်မှုဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ၊ ဘဝရပ်တည်နေထိုင်ရေးလမ်းညွှန်သူ၊စိတ်ဓာတ်တက်ကြွရေးလှုံ့ဆော်ဟောပြောသူတစ်ယောက်အဖြစ်ဘဝကိုရပ်တည်ဖြတ်သန်းလျှက်ရှိပါတယ်။ shwekhitonlinetv.com

ဒါကသူမရဲ့သာမန်လူနေမှု ဘဝဖြစ်ပြီးသူမကို တစ်ကမ္ဘာလုံးကသတိထားမိတဲ့အချက်တစ်ချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ သူမဟာသာမန်အမျိုးသမီးတွေနဲ့မတူဘဲ အမျိုးသားတွေလိုမျိုး ရှည်လျားတဲ့နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေရှိနေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ပါတယ်။ သူမဟာ ကမ္ဘာပေါ်မှာ မုတ်ဆိတ်မွှေးအရှည်ဆုံး အသက်အငယ်ဆုံးအမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ထားပါတယ်။ သူမရဲ့ အသက် (၂၄) နှစ် (၂၈၂) ရက်အရောက်မှာ သူမရဲ့မုတ်ဆိတ်မွှေးတွေက (၆) လက်မအထိရှည်လျားခဲ့တာကြောင့် အခုလိုစံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

သူမကို နိုဝင်ဘာလ (၂၉) ရက် (၁၉၉၀) မှာ အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမအသက် (၁၁) နှစ်အရွယ်အရောက်မှာတော့ မျက်နှာမှာ အမွှေးအမျှင်တွေပေါက်လာခဲ့တာကိုစတင်သတိပြုမိခဲ့ပါတယ်။ အဲ့ဒီနောက် သူမအသက် (၁၂) နှစ်အရွယ်မှာတော့ Polycystic Ovary Syndrome ဆိုတဲ့ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒါရောဂါဟာ သာမန်များအမျိုးသမီးအများစုထက် Testosterone များစွာပိုမိုရတဲ့ ရောဂါတစ်မျိုးလို့ဆိုနိုင်ပြီး သူမကို အမျိုးသားတွေကဲ့သို့အမွှေးအမှင်တွေပေါက်စေခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် သူမဟာ ဝိုင်းဝန်းလှောင်ပြောင်ခြင်းကိုခံခဲ့ရပြီး အိမ်ကနေထွက်ပြေးဖို့နဲ့ သူမကိုယ်သူမ အဆုံးစီရင်ဖို့တောင်စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်နောက်ဆုံးမှာတော့ သူမအနေနဲ့ သမရိုးကျမဟုတ်တဲ့ သူမရဲ့ဖြစ်တည်မှုကိုလက်ခံဖို့ကြိုးစားခဲ့ပြီး ပတ်ဝန်းကျင်က လှောင်ပြောင်တိုက်ခိုက်မှုတွေကို ကြံ့ကြံံ့ခံရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အလုပ်အကိုင်အနေနဲ့လည်း သင်ကြားရေးလက်ထောက်တစ်ယောက်အဖြစ်လုပ်ကိုင်ရင်း ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့တစ်နေ့မှာတော့ သူမရဲ့ထူးခြားတဲ့သွင်ပြင်ကို လူမှုကွန်ယက်မီဒီယာတွေကတစ်ဆင့် ဖက်ရှင်ကုမ္ပဏီတစ်ခုကတွေ့ရှိသွားပြီး ဖက်ရှင်ရှိုးတစ်ခုမှာပါဝင်ဖို့ကမ်းလှမ်းခြင်းကိုခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်မှာ သူမဟာမုတ်ဆိတ်မွှေးနဲ့ ဖက်ရှင်ရှိုးလျှောက်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာ သူမရဲ့ ဆိုရှယ်မီဒီယာချန်နယ်တွေဖြစ်တဲ့ Facebook၊ Twitter နဲ့ Youtube တွေကနေတစ်ဆင့် ပိုမိုလူသိများလာပြီး ဂင်းနစ်စံချိန်မှတ်တမ်းကိုပါတင်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။