အွန်လိုင်းပေါ်မှာ ငွေရှာပြီး သူဌေးဖြစ်သွားကြတဲ့ သူတွေအကြောင်း

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အွန်လိုင်းပေါ်မှာ ငွေရှာပြီး သူဌေးဖြစ်သွားကြသူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ အခုပြောပြပေးမယ့် သူတွေဟာ လူတိုင်းနီးပါး ထိတွေ့အသုံးပြုကြနေတဲ့ အွန်လိုင်းပေါ်မှာ ဘယ်လိုမျိုး ဝင်ငွေရှာဖွေပြီး အောင်မြင်တဲ့ လမ်းကြောင်းကို တည်ဆောက်သွားကြတာလဲဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁ ။ Jeff Bezos

Jeff Bezos ကိုတော့ ( ( ၁၉၆၄ ) ခုနှစ် မှာမွေးဖွားခဲ့ပြီး နာမည်ကြီး Amazon ကုမ္ပဏီကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့အပြင် လက်ရှိမှာလည်း CEO အဖြစ် လုပ်ကိုင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ စာရင်းများအရ Jeff Bezos ရဲ့ ဝင်ငွေဟာ ( ၁၃၁ ) ဘီလျံကျော်ရှိပြီး အင်တာနက် စွန့်ဦးတီထွင် လုပ်ငန်းရှင်စာရင်းရဲ့ နံပါတ် ( ၁ ) နေရာကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ သူဟာ Amazon ဆိုတဲ့ အွန်လိုင်း စာအုပ်စတိုးကို ( ၁၉၉၄ ) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူဖန်တီးထားတဲ့ စတိုးထဲမှာ တစ်ခြားသော ကုန်ပစ္စည်းအမျိုးအမည်တွေကို ထည့်သွင်း ရောင်းချခဲ့ပါတယ် ။ အခုချိန်မှာတော့ Amazon ဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်း စျေးဝယ် စတိုးဆိုင်ကြီး တစ်ခုအဖြစ် ရှိလို့နေတဲ့အပြင် တစ်ခြားသော လုပ်ငန်းတွေဖြစ်တဲ့ Amazon Web Services ၊ Alexa, Junglee ၊ Audible လိုမျိုး လုပ်ငန်းတွေကိုပါ အသစ် တည်ထောင်ထားနိုင်ပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂ ။ Bill Gates

Bill Gates ကတော့ PC ဆော့ဖ်ဝဲလ် လုပ်ငန်းတစ်ခုဖြစ်တဲ့ Microsoft ကော်ပိုရေးရှင်းရဲ့ တည်ထောင်သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ Bill Gates ရဲ့ အသားတင် ကြွယ်၀ချမ်းသာမှုဟာ ဒေါ်လာ ( ၉၇ ) ဘီလျံရှိပြီး အင်တာနက် စွန့်ဦးတီထွင် လုပ်ငန်းရှင် စာရင်းရဲ့ နံပါတ် ( ၂ ) နေရာမှာ ရပ်တည်နေပါတယ် ။ Bill Gates ဟာ ဆိုရင် Mircosoft ရဲ့ Operating System တစ်ခုဖြစ်တဲ့ “ Window ” နဲ့ ကွန်ပျူတာ နည်းပညာ နယ်ပယ်ကို ပြုပြင်တော်လှန်ရေး လုပ်ခဲ့တဲ့ ရှေ့ဆောင် လမ်းပြတစ်ဦး အဖြစ် သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ် ။ ( ၁၉၇၅ ) ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ Microsoft ကုမ္ပဏီဟာဆိုရင် အခုအခါမှာတော့ Skype ၊ LinkedIn ၊ Yammer နဲ့ Microsoft Mobile (အစောပိုင်းတုန်းက Nokia လို့ လူသိများ)စတဲ့ နာမည်ကြီး နည်းပညာ ကုမ္ပဏီခွဲတွေကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် Bill Gates ဟာ နည်းပညာ နယ်ပယ်မှာတင် ထင်ရှားတာမဟုတ်ပဲ ပရဟိတ လုပ်ငန်းတွေမှာပါ တက်ကြွစွာ ပါဝင်ဆောင်ရွက်သူ တစ်ယောက်အဖြစ်လည်း လူသိများပါသေးတယ် ။ shwekhitonlinetv.com

၃ ။ Larry Ellison

Larry Ellison ကတော့ နာမည်ကြီး ဆော့ဖ်ဝဲလ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Oracle ကို ပူးတွဲ တည်ထောင်ခဲ့သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ စစ်တမ်းများအရ Larry ရဲ့ ချမ်းသာ ကြွယ်၀မှုဟာ ဒေါ်လာ ( ၆၂ ) ဘီလျံရှိပြီး အွန်လိုင်း စွန့်ဦးတီထွင်သူ လုပ်ငန်းရှင် စာရင်းရဲ့ နံပါတ် ( ၃ ) နေရာမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ် ။ Oracle ဆော့ဖ်ဝဲလ် ကုမ္ပဏီဟာဆိုရင် အဓိက အားဖြင့် CRM ဒေတာ ဘေ့စ်ကို အခြေခံထားတာပဲ ဖြစ်ပါတယ် ။ ( CRM ဒေတာဘေ့စ်ဆိုတာ စီးပွားရေးလုပ်ငန်း အတွက် လိုအပ်တဲ့ အဆက်အသွယ်တွေနဲ့ Customers တွေရဲ့ အချက်အလက်တွေကို စုစည်းပြီး စီမံခန့်ခွဲပေးတဲ့ ဒေတာဘေ့စ်ပဲ ဖြစ်ပါတယ် ။ ) ဒါ့အပြင် Oracle ကုမ္ပဏီဟာ မကြာသေးခင်ကမှ NetSuite ကုမ္ပဏီကို ဝယ်ယူလိုက်တာကြောင့် Cloud Computing နယ်ပယ်မှာ တစ်ခြားသူတွေ ထက် ပိုပြီးဦးဆောင်သွားတယ်လို့ ထင်ကြေးပေးခံထားရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ Mark Zuckerberg

Mark Zuckerberg ကတော့ အားလုံး နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့ Facebook ဆိုရှယ်မီဒီယာ ကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး လက်ရှိမှာလည်း CEO အဖြစ် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ် ။ Mark Zuckerberg ရဲ့ ချမ်းသာ ကြွယ်၀မှုဟာ ဒေါ်လာ ( ၆၂ ) ဘီလျံရှိပြီး အွန်လိုင်း စွန့်ဦးတီထွင် လုပ်ငန်းရှင် စာရင်းရဲ့ နံပါတ် ( ၄ ) နေရာကို ရောက်ရှိနေတာပါ ။ ဆိုရှယ် မီဒီယာ တစ်ခုဖြစ်တဲ့ Facebook ကို ( ၂၀၀၄ ) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး တည်ထောင်ပြီးချိန်က စလို့ သုံးစွဲသူတွေ အကြား တစ်ဟုန်ထိုး ရေးပန်းစားလာခဲ့ပါတယ် ။ ဒါ့အပြင် နောက်ပိုင်းမှာတော့ Facebook ဟာ Instagram နဲ့  WhatsApp တို့လို နာမည်ကြီး ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကိုပါ ဝယ်ယူခဲ့ပါသေးတယ် ။ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်ကတော့ Zuckerberg ဟာ Facebook ကနေ သူ ရရှိမယ့် အကျိုးအမြတ် ( ၉၉ ) ရာခိုင်နှုန်းကို လိုအပ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာ လှူဒါန်းမယ်လို့ ပြောကြားထားပါသေးတယ် ။ shwekhitonlinetv.com

၅ ။ Larry Page

Larry Page ကတော့ Google ရဲ့ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Alphabet Inc. ကို ပူးတွဲ တည်ထောင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း CEO အဖြစ် လုပ်ကိုင်နေပါတယ် ။ Larry Page ရဲ့ ချမ်းသာ ကြွယ်၀မှုကတော့ ဒေါ်လာ ( ၅၀ ) ဘီလျံရှိပြီး အခုပြောပြခဲ့တဲ့ အွန်လိုင်း စွန့်ဦးတီထွင် လုပ်ငန်းရှင် စာရင်းရဲ့ နံပါတ် ( ၅ ) နေရာမှာ ရပ်တည်နေပါတယ် ။ ကမ္ဘာ့အကြီးဆုံး Serach Engine တစ်ခုဖြစ်တဲ့ Google ဟာဆိုရင် နာမည်ကြီး ဒစ်ဂျစ်တယ် Services တွေ ဖြစ်တဲ့ YouTube ၊ Maps ၊ Drive ၊  Cloud နဲ့ Gmail တို့လို နာမည်ကြီး ဒစ်ဂျစ်တယ် ဆားဗစ်တွေ နဲ့ ဝန်ဆောင်မှု ပေးနေတာပဲ ဖြစ်ပါတယ် ။ Google ရဲ့ ဝန်ဆောင်မှုပေးတဲ့ Services တွေထဲမှာ Alphabet ဟာလည်း တစ်ခု အပါအဝင်ဖြစ်ပြီး ကွဲပြားခြားနားတဲ့ ကျန်းမာရေး နဲ့ စမတ် အိမ်သုံး ပစ္စည်း အသုံးအဆောင်တွေကို တီထွင်ဖန်တီးနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အွန်လိုင်းပေါ်မှာ ငွေရှာပြီး သူဌေးဖြစ်သွားကြတဲ့ သူတွေထဲက တစ်ချို့ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com