မျက်လှည့်ပညာရှင် ဒိုင်နမိုရဲ့ အောင်မြင်ခြင်း လျို့ဝှက်ချက်များ

မင်္ဂလာပါ ရွှေခေတ်ပရိသတ်ကြီးရေ ရွှေခေတ်အွန်လိုင်းတီဗွီကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ စတီဗင်ဖရိန်းဆိုတာကတော့ ဒိုင်နမိုလို့ လူအများစုသိထားကြတဲ့ မျက်လှည့်ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သူဟာ အံ့အားသင့်ဖွယ် မျက်လှည့်ပြကွက်တွေနဲ့ အချိန်တိုအတွင်းမှာ တစ်ကမ္ဘာလုံးကသတိထားရလောက်တဲ့ မျက်လှည့်ပညာရှင်တစ်ဦးဖြစ်လာခဲ့တဲ့သူဆိုတာ ရွှေခေတ်ပရိသတ်ကြီးအားလုံးလည်းသိရှိပြီးဖြစ်မှာပါ။ shwekhitonlinetv.com

အခုတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ ဒီလိုအောင်မြင်ကျော်ကြားနေတဲ့ မျက်လှည့်ပညာရှင် ဒိုင်နမိုရဲ့ အောင်မြင်ခြင်း လျို့ဝှက်ချက်များအကြောင်းပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေက မျက်လှည့် ပညာရှင်ဒိုင်နမို ဆီကနေ အခြားမျက်လှည့်ပညာရှင်တွေ သင်ယူသင့်တဲ့ အတုယူဖွယ်လေးတွေ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ငယ်စဉ်ကတည်းက ကြိုးစားခဲ့တဲ့ဒိုင်နမို

ဒိုင်နမိုဆိုတဲ့ နာမည်တစ်လုံးဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်တည်လာတာတော့မဟုတ်ပါဘူး။ သူရဲ့ငယ်ဘဝက ဆင်းရဲချို့တဲ့လှတဲ့ Delph Hill Estate လိုနေရာမျိုးမှာ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက မျက်လှည့်အတက်ကို အထူးစိတ်ဝင်စားခဲ့တာ့ဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ငယ်ရွယ်လှတဲ့ စတီဗင်လေးဟာ သူနဲ့ ရင်းနှီးတဲ့ မျက်လှည့်ပညာရှင်တွေဆီကနေ ရနိုင်သမျှအတက်ပညာတွေကို ခက်ခက်ခဲခဲလေ့လာ ဆည်းပူးသင်ယူ ခဲ့ရတာလည်းဖြစ်ပါတယ်။ သူတို့နဲ့အတူ မျက်လှည့်ပွဲတွေကိုလိုက်ပါတက်လေ့ရှိတဲ့ စတီဗင်ဟာ သူတို့သင်ကြားပြသတဲ့ ပညာရပ်တွေအပြင် ကိုယ်ပိုင်တီထွင်ထားတဲ့ ပြကွက်တွေကိုတောင် ငယ်စဉ်ကတည်းက ကြိုးစားပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ မျက်လှည့်ဈေးကွက်ကို နားလည်ခဲ့တဲ့ ဒိုင်နမို

ဒိုင်နမိုဟာ သူ့ရဲ့နာမည်နဲ့ မျက်လှည့်ပြကွက်တွေကို ဘယ်လို Promotion လုပ်ရမလဲဆိုတာကို ကောင်းစွာနားလည်သဘောပေါက်ထားတဲ့သူဖြစ်ပါတယ်။ မျက်လှည့်ပြကွက်တွေရဲ့ အရည်အသွေးထက် ပြသသူနဲ့ ပရိသတ်တွေရဲ့ ဆက်နွယ်မှုက အစပိုင်းမှာပိုအရေးပါတယ်လို့ယုံကြည်တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် သူ့ပြကွက်တွေအတွက် ပစ်မှတ်ကို နာမည်ကျော်ကြားသူတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ လမ်းဘေးဂီတပွဲတွေလိုမျိုးနေရာတွေ ကို ရွေးချယ်ခဲ့ပြီး ဒီလောကထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အကောင်းဆုံးစီမံခန့်ခွဲသူတစ်ဦး ထားရှိခြင်း

ဒိုင်နမိုမှာ အတော်ဆုံးမန်နေဂျာတစ်ဦးရှိပါတယ်။ ဖျော်ဖြေရေးနယ်ပယ်ရဲ့ ကြီးမားတဲ့ဈေးကွက်တွေကို သေချာနားမလည်တဲ့ ဒိုင်နမိုအတွက်တော့ဒီလို မန်နေဂျာတစ်ဦးထားရှိတာဟာ သူ့ကိုတောထဲကနေမြို့ပေါ် ကို ခေါ်ဆောင်လာ ခြင်းခံရသလိုပါပဲလို့ဆိုပါတယ်။ shwekhitonlinetv.com

ဟုတ်ပါတယ်… သူ့ရဲ့မန်နေဂျာကြောင့် ဒိုင်နမိုအနေနဲ့ အခွင့်အလမ်းသစ်တွေများစွာ ရရှိလာခဲ့ပါတယ်။ ပြီးတော့ မျက်လှည့်ပညာနဲ့ ပတ်သတ်တဲ့ ကျင့်စဉ်တွေကိုသာ အာရုံစိုက်ပြီး လုပ်နေရုံကလွဲရင် တခြားအရာတွေကို လျစ်လျူရှုထားလို့ရအောင် သူ့ရဲ့မန်နေဂျာက စီမံခန့်ခွဲပေးတယ်လို့လဲ ဆိုပါတယ်။ shwekhitonlinetv.com

၄။ ဘယ်လိုနေရာတွေက ပရိသတ်ရဲ့အာရုံစူးစိုက်မှုကို ရနိုင်လဲဆိုတာ သဘောပေါက်ခြင်း

ဒိုင်နမိုဟာ စင်မြင့်ထက်မှာ အခမ်းအနားနဲ့ ပြသလေ့ရှိတဲ့ မျက်လှည့်ပညာရှင်တစ်ဦးမဟုတ်ပါဘူး။ ဒါကြောင့် လူအများရဲ့အာရုံစူးစိုက်မှုခံရအောင် ဘယ်လိုမျိုးပြုမူသင့်သလဲဆိုတာကို စီနီယာ မျက်လှည့်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘလိန်း (David Blaine) ဆီကနေသင်ယူလေ့လာခဲ့တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

ဥပမာပြောရရင်တော့ အခမ်းအနားတစ်ခုခုကို တက်ရောက်လာတဲ့ နာမည်ကြီးသရုပ်ဆောင် (ဒါမှမဟုတ်) အဆိုတော်လို ပုဂ္ဂိုလ်တွေထံ ရုတ်တရက် ချဉ်းကပ်ပြီး အံ့အားစရာပြကွက်ကို ပြသခဲ့ပြီး ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားသလိုမျိုးတွေပေါ့။ shwekhitonlinetv.com

၅။ အတ္တတွေကို အိမ်မှာထားခဲ့တဲ့ ဒိုင်နမို

ဒိုင်နမိုမှာရှိတဲ့ လေးစားအတုယူဖွယ်ကောင်းလွန်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ တကယ်လို့များ သူမျက်လှည့်ပြဖို့စိတ်ကူးထားတဲ့ နေရာမှာအခြားမျက်လှည့်ပညာရှင်တစ်ဦးက မျက်လှည့်ပြကွက်တွေ ပြသနေခဲ့ရင် ဒိုင်နမိုက ဘယ်တော့မှ ပရိသတ်ရဲ့ အာရုံစူးစိုက်မှုရဖို့အတွက် အဲ့ဒီပညာရှင်နဲ့အလုအယက် ပညာပြိုင်တာမျိုးလုပ်လေ့မရှိပါဘူး။ shwekhitonlinetv.com

အဲ့ဒီအစား ဒိုင်နမိုက အဆိုပါပညာရှင်ကို ဖော်ရွေစွာ နှုတ်ဆက်မယ် သူ့ရဲပြကွက်တွေကို စိတ်ဝင်တစားကြည့်ရှုအားပေးမယ် ပြီးရင်တော့ မျက်လှည့်ပညာတွေ အကြောင်း အဲ့ဒီ ပညာရှင်နဲ့ အပြန်အလှန် ဆွေးနွေးရတာမျိုးကိုသာ လုပ်လေ့ရှိပါတယ်တဲ့။ shwekhitonlinetv.com

၆။ Social Media တွေအကြောင်းကောင်းစွာနားလည်တဲ့ ဒိုင်နမို

မျက်လှည့်ပညာရပ်အတော်များများက ရှေးရိုးဆန်တယ်ဆိုပေမယ့် ဒိုင်နမို လိုမျက်လှည့်ပညာရှင်ကတော့ ခေတ်နဲ့ လိုက်လျောညီထွေရှိတဲ့ သူလို့ဆိုရမှာပါ။ ကမ္ဘာနဲ့ချီပြီး အောင်မြင်ကျော်ကြားတဲ့သူဖြစ်ဖို့အတွက် လူမှုကွန်ယက် မီဒီယာတွေက ဒီနေ့ခေတ်မှာ အလွန်အရေးပါတာကို သိရှိထားတဲ့သူဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com

ဒါကြောင့် သင့်အနေနဲ့ Dynamo World ဆိုတဲ့ Website ကနေတစ်ဆင့် Dynamo ကို အလွယ်တကူဆက်သွယ်နိုင်သလို Youtube မှာလည်း Dynamo ကို Subscribe လုပ်ထားနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ပြကွက်များနှင့်အတူ သူ့ဘဝဇာတ်ကြောင်းများကို ပြောကြားခြင်း

ဒါကတော့ ဘယ်သူနဲ့မှမတူတဲ့ ဒိုင်နမိုရဲ့ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ သူဟာ မျက်လှည့်ပြကွက်တွေပြသနေတဲ့ အချိန်နဲ့ ပြသပြီးချိန်တွေမှာ သူ့ဘဝနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ပြောကြားလေ့ရှိပါသတဲ့ ပရိတ်ကြီးရေ။ shwekhitonlinetv.com

ဥပမာ ပြောရရင် သူ့အနေနဲ့ မိသားစုထဲမှာ ဘယ်လိုကြီးပြင်းလာခဲ့တယ်။ သူ့မိသားစုကို သူ့အနေနဲ့ဘယ်လောက်ချစ်တယ်။ ဒီလိုမိသားစုမျိုးရှိတာ သူ့အတွက်ဘယ်လောက်ကံကောင်းတယ်။ သူ့ရဲ့ သူငယ်ချင်းဟောင်းတွေဟာလည်း သူ့ရဲ့ မိသားစုနဲ့ထပ်တူ သူ့အတွက်အရေးကြီးတယ် … စတဲ့အကြောင်းတွေဖြစ်ပါတယ်။ shwekhitonlinetv.com

“အခုဆိုရင်ကျွန်တော့ Video File တွေကို ကမ္ဘာအနှံ့က ကြည့်ရှုနေကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် ဒီလိုပြောကြားခြင်းအနေနဲ့ ကွဲကွာနေတဲ့ ကျွန်တော့် သူငယ်ချင်းဟောင်းတွေနဲ့ မိသားစုဝင်တွေအတွက် မက်ဆေ့တစ်ခုခုပေးသလို ဖြစ်စေနိုင်တယ်” လို့ ဒိုင်နမိုကရှင်းပြပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ ဒါကတော့ ဒိုင်နမိုနဲ့ ပတ်သတ်ပြီး အတုယူဖွယ်ကောင်းတဲ့ အကြောင်းအချက်လေးတွေပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။