ရောဂါကြီးတွေကိုတောင် သက်သာစေလို့ အထင်မသေးသင့်တဲ့ ကန်စွန်းရွက်

ကန်စွန်းရွက်ကိုတော့ လူတိုင်းစားဖူးကြမယ်ထင်ပါတယ်။ ကန်စွန်းရွက်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေလည်း ရှိနေနိုင်ပါတယ်။ အခြေခံလူတန်းစားတွေအဖို့တော့ ကန်စွန်းရွက်ဟာ တစ်ပတ်စာ မီနူးထဲမှာ မပါမဖြစ်ပါဝင်နေတက်တဲ့ ဟင်းလျာတစ်မျိုး ဖြစ်တယ်လို့ ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ ဒါဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် အလွန်အကျိုးများတဲ့ အစားအစာ စားသုံးမှုတစ်ရပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ကန်စွန်းရွက်မှာ Calcium ကြွယ်ဝစွာပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေကို ကျန်းမာသန်စွမ်းစေနိုင်ရုံသာမက အရိုးသိပ်သည်းဆကိုလည်း တိုးမြင့်ပေးနိုင်ပြီး အရိုးပွရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၂။ နောက်ပြီးအမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေထက် ကန်စွန်းရွက်ကို ပိုမိုစားသုံးပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကန်စွန်းရွက်မှာပါဝင်တဲ့ “Hypoxia Inducible Factor” က ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်စွမ်းရှိနေလို့ပါပဲ။ shwekhitonlinetv.com

၃။ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသူတွေ နဲ့ မှတ်ညဏ်ချို့ယွင်းမှုဖြစ်ပွားတဲ့ ဝေဒနာခံစားနေရသူတွေအနေနဲ့လည်း ကန်စွန်းရွက်စားသင့်ပါတယ်။ ကန်စွန်းရွက်မှာ အယ်လ်ဇိုင်းမား ရောဂါကိုသက်သာအောင် ပြုလုပ်နိုင်စွမ်းရှိသလို အာရုံခံဆဲလ်တွေကိုလည်း ပြန်လည်ကျန်းမာအောင် ပြုလုပ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ shwekhitonlinetv.com

၄။ ကန်စွန်းရွက် စားပေးခြင်းက အသည်းရောဂါတွေနဲ့ အသားဝါခြင်းကိုသက်သာစေနိုင်တာကြောင့် အသည်းရောဂါ ရှိသူတွေအတွက်တော့ အထူးသင့်တော်တယ်လို့ ဆိုရမှာပါ။ shwekhitonlinetv.com

၅။ ညဘက်ကောင်းမွန်စွာ အိပ်စက်ဖို့အခက်အခဲရှိသူတွေအနေနဲ့လည်း ကန်စွန်းရွက်ကို စားပေးသင့်ပါတယ်။ ကန်စွန်းရွက်မှာ ကောင်းမွန်စွာအိပ်စက်ခြင်းကို ကူညီပေးနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်နေတယ်လို့ ဆေးဝါးဆိုင် ရာသုတေသီတွေက ဆိုပါတယ်။ shwekhitonlinetv.com

၆။ မျက်စိကျန်းမာရေးအတွက်လည်း ကန်စွန်းရွက်က အထောက်အကူပြုနိုင်ပါသေးတယ်။ ကန်စွန်းရွက်ကို ပုံမှန်စားသုံးတဲ့သူတွေဟာ မျက်စိအတွင်းတိမ် ရောဂါတွေဖြစ်ပွားခြင်းမရှိဘူးလို့ စစ်တမ်းတွေအရ သိရပါတယ်။ shwekhitonlinetv.com

၇။ ကန်စွန်းရွက်မှာ Antioxidant Compound (၁၃) မျိုးပါဝင်နေတယ်လို့ သိရပြီး အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ နဲ့ အရေပြားရောဂါတွေကို မဖြစ်ပွားအောင်ကာကွယ်နိုင်စွမ်းလည်းရှိနေပါတယ်။ အရေပြားမှာ ထိခိုက်ဒဏ်ရာရရှိတဲ့အခါလည်း အနာကျက်မြန်စေပါတယ်။ ဒါ့ပြင် ကန်စွန်းရွက်ဟာ တော်ရုံအဆိပ်အတောက်တွေကိုလည်း ပြေပျောက်စေနိုင်ပါသေးတယ်။ shwekhitonlinetv.com

၈။ ကန်စွန်းရွက်မှာပါတဲ့ Vitamin (A) , Vitamin (C) ဓာတ်တွေကတော့ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ Cholesterol တွေကို လျော့ချပေးနိုင်ပြီး နှလုံးသွေးကြောပိတ်ခြင်းနဲ့ Heart Attack ဖြစ်ပွားခြင်းမှ ကင်းဝေးနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၉။ သုတေသန ပြုလုပ်ချက်တွေအရတော့ ကန်စွန်းရွက်ဟာ ဆီးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်တွေမှာဖြစ်တက်တဲ့ ဆီးချိုဝေဒနာကို ခုခံတိုက်ခိုက်ပေးနိုင်စွမ်းလည်း ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၁၀။ Vitamin C ကြွယ်ဝစွာပါဝင်တာကြောင့် ကန်စွန်းရွက် ပုံမှန်စားပေးတဲ့ သူတွေက အခြားသူတွေထက်စာ ရင် သာမန်အအေးမိ ဖျားနာတာမျိုးတွေမရှိသလောက်နည်းပါးတယ်လို့ စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။