ပဟေဠိ ဖြစ်နေတဲ့ (၁၆) ရာစုဘုရားကျောင်းနံရံပေါ်က ရုပ်တုရဲ့ အဖြစ်မှန်

ဥရောပတိုက်က ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စပိန်နိုင်ငံ Salamanca မြို့မှာတော့ အဓိကဘုရားရှိခိုးကျောင်းကြီး (၂) ခုရှိပါတယ်။ ဒီအထဲက Viejaဘုရားရှိခိုးကျောင်းဟာ (၁၂) ရာစုအလယ်ပိုင်းလောက်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ဥရောပရဲ့ရှေးအကျဆုံးဘုရားရှိခိုးကျောင်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ထပ်ဘုရားရှိခိုးကျောင်းတစ်ခုကတော့ Nueva ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ပထမတစ်ခုဖြစ်တဲ့ Vieja ကို ဘုရားရှိခိုးကျောင်းအဟောင်း၊ ဒုတိယတစ်ခုဖြစ်တဲ့ Nueva ကို ဘုရားရှိခိုးကျောင်းအသစ်လို့ အလွယ်မှတ်သားပြီးခေါ်ကြပါတယ်။ ဘုရားရှိခိုးကျောင်းသစ် Nueva ဟာအလွန်လက်ရာမြောက်ပြီး များပြားလှတဲ့ အလှအပကျောက်ရုပ်များစွာကို ဘုရားကျောင်းရဲ့အတွင်းအပြင်နံရံတွေပေါ်မှာ ထွင်းထုထားပါတယ်။ shwekhitonlinetv.com

ဒီလိုထွင်းထုထားတဲ့ အရုပ်တွေထဲမှာ အထူးခြားဆုံးအရုပ်တစ်ရုပ်ရှိပါတယ်။ အဲဒါကတော့ ယနေ့ခေတ် အာကာသ ဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူသားနဲ့ ချွတ်စွပ်တူတဲ့အရုပ်ဖြစ်ပါတယ်။
အာကာသဝတ်စုံဝတ်ထားတဲ့လူသားဟာ အာကာသရဲ့ မြေဆွဲအားနည်းပါးမှု့ကြောင့်မျောလွင့်နေတဲ့ပုံစံကို အခြားအရုပ်တွေကြားထဲမှာ ရောထွေးပြီး ထွင်းထုထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအရုပ်ဟာ အာကာသလူသားတွေမှာရှိသင့်တဲ့ ဖိနပ်၊ ဦးထုပ်၊ ကျောမှာပိုးထားပြီး ရှေ့ အင်္ကျီ နဲ့ဆက်ထားတဲ့ အသက်ရှူကိရိယာ ဘူးတွေသာမက ဖိနပ်အောက်ဘက်ခွာကအစ ၂၀ ရာစုနောက်ပိုင်း အာကသဝတ်စုံဝတ်ထားတဲ့သူနဲ့ ချွတ်စွပ်တူနေပါတယ်။ ၁၆ ရာစုကရုပ်ထုဟာ ၂၀ ရာစုမှာရှိတဲ့အာကာသလူသားနဲ့ ဘာကြောင့်ချွတ်စွပ်တူနေရသလဲဆိုတဲ့ ပြဿနာဟာ ပညာရှင် အတော်များများကို ခေါင်းခဲစေခဲ့ပါတယ်။ အင်တာနက်ပေါ်မှာလည်းမကြာခဏပျံ့နှံလေ့ရှိပြီး လူတွေကိုစဉ်းစားမရစေနိုင်တဲ့ မေးခွန်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

တကယ်တော့ ဒီပြဿနာရဲ့အဖြေဟာ ရိုးရှင်းလွန်းလှပါတယ်။ ဘုရားကျောင်းဟာ၁၆ရာစုကလက်ရာဆိုတာမှန်ပါတယ်။ ဒါပေမယ့် လူသိနည်းကြတဲ့အကြောင်းကတော့ ဒီဘုရားကျောင်းကို ၁၉၉၂ ခုနှစ် တုန်းက ပြန်လည်ပြုပြင်ထိန်းသိမ်းရေးတွေလုပ်ခဲ့တယ်ဆိုတာပါ။ Jeronimo Garcia ရဲ့ဦးဆောင်မှုနဲ့ပြုလုပ်ခဲ့ပြီး ဒီအထဲမှာ ကျောက်ဆစ်ပန်းပုပညာရှင် Miguel Romero လည်းပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ၁၆ရာစုကဘုရားကျောင်းကို ၂၀ ရာစုမှာ ပြန်ပြင်ခဲ့တယ်ဆိုတဲ့ သင်္ကေတ တစ်ခုအနေနဲ့ ထူးခြားမှု့တွေပြုလုပ်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကတော့ ပညာရှင်တွေအပါအဝင် လူအတော််များများကိုခေါင်းစားစေခဲ့တဲ့ အာကာသဝတ်စုံ နနဲ့ လူသားရုပ်ကို ထည့်သွင်းထွင်းထုခဲ့တာဖြစ်ပါတယ်ါ။ ဒါတင်မကသေးပါဘူး ဘုရားကျောင်းမျက်နှာစာမှာရှိတဲ့ ပုံပန်းမကျတဲ့အရုပ်တစ်ရုပ်ကိုလည်း ရေခဲမုန့်စားနေဟန် ထည့်သွင်းခဲ့ပါသေးတယ်။ ဒါကြောင့် ဒီရုပ်တုတွေနဲ့ပတ်သက်ပြီး လူတွေကိုခေါင်းရှုပ်စေခဲ့တဲ့အဓိကတရားခံတွေဟာ ကျောက်ဆစ်ပန်းပုပညာရှင်တွေပဲဖြစ်တယ်ဆိုတာတင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။