နှစ်ပေါင်း ( ၁၀၀ ) ကြာတဲ့အထိ လောင်စာဆီ ဖြည့်စရာမလိုပဲ မောင်းနိုင်တဲ့ မော်တော်ကား

ယနေ့ခေတ် ကမ္ဘာကြီးဟာ လိုက်မမှီနိုင်လောက်အောင် သိပ္ပံ နည်းပညာတွေနဲ့ တစ်ရှိန်ထိုး တိုးတက်နေတာကို အားလုံးလည်း သိကြမှာပါ ။ ဒီလို ဆန်းပြားလွန်းတဲ့ နည်းပညာတွေထဲမှာမှ အချိန်အတော်ကြာတဲ့အထိ လောင်စာဖြည့်စရာမလိုပဲ မောင်းနိုင်တဲ့ ကားတစ်စီးကို သိပ္ပံပညာရှင်တွေက တီထွင်လိုက်နိုင်ပါတယ် ။ ဘယ်လို ထူးဆန်းတဲ့ လုပ်ဆောင်ချက်တွေ ဒီကားထဲမှာ ပါဝင်နေလဲဆိုတာ အတူ ကြည့်လိုက်ရအောင်နော် ။ shwekhitonlinetv.com

အခု ပြောပြမယ့် ကားရဲ့ နာမည်ကတော့  Thorium powered car လို့ အမည်ပေးထားပြီး Laser Power System ( LPS ) ကုမ္ပဏီကနေ ဖန်တီးထားတာလည်း ဖြစ်ပါတယ် ။ ဒီကားရဲ့ ထူးခြားချက်ကတော့ နှစ်ပေါင်း ( ၁၀၀ ) ကြာတဲ့အထိ လောင်စာဖြည့်စရာ  မလိုပဲ မောင်းနှင်နိုင်တာ ဖြစ်ပါတယ် ။ ဒါပေမယ့် အခုလိုမျိုး ကားကို မောင်းနှင်နိုင်ဖို့အတွက် လောင်စာအနေနဲ့ Thorium ဆိုတဲ့ လောင်စာကို လိုအပ်ပါတယ် ။ shwekhitonlinetv.com

Thorium ဆိုတာ ကမ္ဘာပေါ်က အထူထပ်ဆုံး သတ္ထုတစ်မျိုး ဖြစ်ပြီး ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ် ။ Thorium ဆိုတဲ့အမည်ကို ဒဏ္ဍာရီထဲက မိုးကြိုးနတ်ဘုရား Thor ရဲ့ နာမည်ကို ယူပြီး ပေးထားတာပါ ။ သေးငယ်တဲ့ Thorium အစိတ်အပိုင်းလေးတစ်ခုဟာ သူနဲ့ အရွယ်အစားတူတဲ့ ကျောက်မီးသွေးထက် စွမ်းအင် အဆပေါင်း သိန်း နှစ်ဆယ်ကျော်လောက် ထုတ်လုပ်နိုင်ပါတယ်တဲ့ ။ shwekhitonlinetv.com

Laser Power Systems ရဲ့ CEO ဖြစ်တဲ့ Charles Stevens ရဲ့ ပြောကြားချက်အရ Thorium ဒြပ်စင်  တစ်ဂရမ်ဟာ ဓာတ်ဆီ လီတာပေါင်း ၂၈၀၀၀ လီတာက ထုတ်တဲ့ စွမ်းအားနဲ့ ညီမျှတယ်လို့ ပြောပြထားပါတယ် ။ နောက်ပြီး Thorium ဒြပ်စင်ရဲ့ ၈ ဂရမ်လောက်ကို သုံးလိုက်မယ်ဆိုရင် ကားတစ်စီးကို တစ်သက်စာနီးပါးလောက် လောင်စာ ဖြည့်စရာမလိုပဲ မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း စျေးကွက်အနေအထားအရ Thoruim ဒြပ်စင်ဟာ လိုအပ်ချက်များစွာ ရှိနေတဲ့အတွက်ကြောင့် ယနေ့အချိန်အထိတော့ လောင်စာ အဖြစ် အသုံးမပြုနိုင်သေးပါဘူး ။ Stevens နဲ့ သူ့အဖွဲ့တွေကတော့ Thorium စွမ်းအင်ဟာ တစ်နေ့နေ့မှာ ကမ္ဘာကြီးကို အထောက်အကူ ပြုလာနိုင်တယ်လို့ ယုံကြည်လျက် ရှိနေပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နှစ်ပေါင်း ( ၁၀၀ ) ကြာတဲ့အထိ လောင်စာမဖြည့်ပဲနဲ့ မောင်းနိုင်တဲ့ ကားအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို‌ ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။