လက်ရှိအချိန်အထိ အမှန်ထင်ပြီး လူအတော်များများ ယုံကြည်နေတဲ့ အကြောင်းအရာများ

သက်ကြီးစကား သက်ငယ်ကြားဆိုတဲ့ မြန်မာဆိုရိုးစကားလေးအတိုင်းပဲ အသက်အရွယ်ကြီးရင့်ပြီး ဘဝအတွေ့အကြုံစုံလင်တဲ့ လူကြီးပိုင်းတွေဟာ မိမိတို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ရှိနေတဲ့ လူငယ်တွေ ဆီကို ညဏ်ပညာ၊ ဗဟုသုတ စတဲ့ကောင်းမွန်တဲ့ အရာတွေကို လက်ဆင့်ကမ်းသင့်ပါတယ်။ shwekhitonlinetv.com

ဒီနေရာမှာ ကိုယ်လက်ဆင့်ကမ်းမယ့် အကြောင်းအရာတစ်ခုက တိကျသေချာမှန်ကန်ဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတာ့ အမှားတွေကို အမှန်ထင်ပြီးလက်ဆင့်ကမ်းခဲ့လို့ နောင်လာနောင်သားတွေပါ အလွဲလွဲအချော်ချော်နဲ့ အငြင်းပွားနေကြရတဲ့ အကြောင်းအရာတွေရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ဒီနေ့ချိန်ထိ လူတစ်ချို့ အသိအမှတ်မှားနေတဲ့ ထင်ရှားတဲ့ကိစ္စတွေကို တင်ဆက်ပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ လူဆိုတာ မျောက်ကဆင်းသက်လာတယ်

ဒီကနေ့လူသားတွေဟာ ချင်ပန်ဇီလိုမျောက်တွေကနေ ဆင့်ကဲပြောင်းလဲလာတယ်ဆိုတဲ့ အယူအဆက လုံးဝကိုမှားယွင်းပါတယ်။ အမှန်တစ်ကယ်တော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၈) သန်းလောက်ကတည်းက လူသားမျိုးနွယ်တွေရဲ့ ဘိုးဘေးတွေဟာ ကမ္ဘာပေါ်မှာရှင်သန်နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အစုလိုက်အပြုံလိုက် မိမိကိုယ်ကိုအဆုံးစီရင်တက်ကြတဲ့ သတ္တဝါများ

၁၉၅၈ ခုနှစ်မှာ နာမည်ကျော် ဒစ်စနေးရုပ်ရှင်ကုမ္ပဏီဟာ White Wilderness ဆိုတဲ့ ရုပ်ရှင်လေးကို ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ သဘာဝတစ်ချို့ကိုလည်း ဒီကားလေးထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီထဲမှာမှ Lemming လို့ခေါ်တဲ့ကြွက်တစ်မျိုးရဲ့ သဘာဝကတော့ အတော်လေးကို အဆန်းတကြယ်ဖြစ်နေလို့ လူတွေရဲ့စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ Lemmings လေးတွေဟာ အစုလိုက် အပြုံလိုက် ချောက်ကမ်းပါးတွေကနေ ခုန်ချပြီး မိမိကိုယ်ကိုအဆုံးစီရင် တက်တဲ့ သတ္တဝါတွေဖြစ်ကြောင်းဖော်ပြထားတာပါ။ ဒါပေမယ့် အမှန်ကဒီလိုလုပ်ကြတာဟာ သူတို့သဘာဝအရ ချောက်ကမ်းပါးပေါ်ကနေရေထဲခုန်ချပြီး ရေကူးကြတာ၊ ရှင်သန်နေထိုင်ဖို့အတွင် နယ်မြေသစ်ကို အစုပြုံရွှေ့ပြောင်းကြတာမျိုးဖြစ်တယ်ဆိုတာကိုတော့ နောက်ပိုင်းမှသာ လေ့လာမှုတွေအရ သိရှိခဲ့ရပါတယ်။ shwekhitonlinetv.com

၃။ ငါးမန်းတွေဟာရေထဲကျလာတဲ့ သွေးညှီနံ့ကို တစ်မိုင်အကွာကနေ အနံ့ရပါတယ်

ဒီအချက်ကလည်း မှန်သယောင်ယောင်နဲ့ မှားနေပါတယ်။ လက်တွေ့စမ်းသပ်ချက်တွေအရဆိုရင် ငါးမန်းတွေဟာ သွေးညှီနံ့ကို ရေထဲမှာ တစ်မိုင်ရဲ့သုံးပုံတစ်ပုံ (ဝ.၅ ကီလိုမီတာ) အကွာအဝေးလောက်မှသာ အနံ့ရကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ရွှေငါးတွေဟာ စက္ကန့်အနည်းငယ်ကျော်သွားရင် ဘာမှ မမှတ်မိတော့ပါဘူး

လောကမှာတစ်ချို့လူတွေက မှတ်ညဏ်သိပ်မကောင်းတဲ့သူတွေကို ရွှေငါးတွေနဲ့ခိုင်းနှိုင်းတက်ကြပါတယ်။ အကြောင်းကတော့ ရွှေငါးတွေဟာ အချိန် (၃) စက္ကန့်နောက်ပိုင်းက အဖြစ်အပျက်တွေကို မှတ်မိနိုင်စွမ်းမရှိ တော့လို့ပါတဲ့။ သင်ကောဒီအချက်ကို လက်ခံပါသလား ? လက်သင့်မခံတဲ့ ပညာရှင်တွေကတော့ ဒီအချက်ဟာ မှန်ကန်မှုမရှိကြောင်းကို အချိန်ယူလေ့လာ စမ်းသပ်ပြီး သက်သေပြနိုင်ခဲ့ပါတယ်။ သူတို့ရဲ့စမ်းသပ်မှုတွေကနေ အခိုင်အမာ သက်သေပြနိုင်ခဲ့တာကတော့ ရွှေငါးတွေရဲ့ မှတ်ညဏ်ဟာ ဖြစ်စဉ်တစ်ခုကို (၃) လကနေ (၅) လလောက်အထိ မှတ်မိနိုင်စွမ်း ရှိတယ်ဆိုတာပါပဲ။ shwekhitonlinetv.com

၅။ ကုလားအုတ်တွေဟာ သူတို့ရဲ့ ဘို့အတွင်းမှာ ရေကိုသိုလှောင်ထားနိုင်တယ်

ကုလားအုတ်တွေဟာ သဲကန္တာရထဲမှာ ရေမရှိဘဲအချိန်အတော်ကြာအသက်ရှင် နေနိုင်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒီလိုအသက်ရှင်နေနိုင်တာဟာ သူတို့ရဲ့ ကျောကုန်းပေါ်က ဘို့တွေထဲမှာ ရေကိုသိုလှောင်ထားနိုင်လို့ပါတဲ့။ အဲ့ဒီလိုပြောကြတာကြားဖူးတဲ့သူတွေများ ရှိမလားမသိဘူးနော်။ ဟုတ်ကဲ့ရှိတယ်ဆိုရင် အဲ့ဒီအမှားကြီးကို ခေါင်းထဲကထုတ်ပစ်လိုက်ပါလို့ အကြံပြုချင်ပါတယ်။ အမှန်က ကုလားအုတ်တွေရဲ့ ဘို့တွေထဲမှာ အဆီတစ်ရှုးတွေသာ ရှိနေတာဖြစ်ပါတယ်။ ဒီတစ်သျှူးတွေက သူတို့တွေအစာရေစာရှားပါးချိန်မှာ အသက်ဆက်နိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ရေဓာတ်ကို ထိန်းသိမ်းပေးထားတာက သူတို့ရဲ့ကျောက်ကပ်တွေနဲ့ အူတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ခွေးတွေနဲ့ကြောင်တွေဟာ အရောင်တွေကို ခွဲခြားပြီး သိမြင်နိုင်စွမ်းမရှိပါဘူး

ခွေးတွေကြောင်တွေက အရောင်တွေကိုခွဲခြားသိမြင်နိုင်စွမ်းမရှိဘဲ အဖြူနဲ့အမည်း အဖြစ်သာမြင်တွေ့နိုင်စွမ်းရှိတယ်လို့ တစ်ချို့တွေကထင်နေကြပါတယ်။ ဒါပေမယ့် လက်တွေ့စမ်းသပ်ချက် တွေကနေ ထွက်ပေါ်လာတဲ့ အဖြေတွေအရတော့ ကြောင်တွေဟာ အရောင်တွေကို ခွဲခြားသိမြင်နိုင်ပြီး အနီရောင်ကိုတစ်ရောင်တည်းကိုသာ ကောင်းကောင်းခွဲခြားမသိကြတာဖြစ်ပါတယ်။ ခွေးတွေဟာလည်း အလားတူပါပဲ။ အနီရောင်နဲ့ လိမ္မော်ရောင်ကို မခွဲခြားနိုင်တာကလွဲရင် ကျန်တဲ့အရောင်တွေကို တော့ခွဲခြားသိမြင်နိုင်စွမ်းရှိကြတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။