ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တော်ရုံလူတွေ ဝယ်မမွေးနိုင်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အိမ်မွေးလေးတွေ အကြောင်း ပြောပြပေးမှာပဲ ဖြစ်ပါတယ် ။ အခုပြောပြမယ့် ခွေးလေးတွေဟာဆိုရင် ကမ္ဘာအနှံ့က တန်ဖိုးကြီးခွေးလေးတွေကို စာရင်းပြုစုထားတာပါ ။ ဒါ့ကြောင့် ဘယ်အိမ်မွေးခွေးလေးတွေက စျေးအကြီးဆုံး ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Tibetan Mastiff
Tibetan Mastiff လို့ ခေါ်တဲ့ အိမ်မွေးခွေး အမျိုးအစားကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ခွေးအဖြစ် စာရင်းဝင်ထားပါတယ် ။ အကြောင်းကတော့ တရုတ်နိုင်ငံက သူဌေးတစ်ဦးဟာ ဇိမ်ခံအိမ်မွေးခွေး ပြပွဲတစ်ခုမှာ “Big Splash” အမည်ရှိတဲ့ အနီရောင် Mastiff အိမ်မွေးခွေး အမျိုးအစားကို အမေရိကန် ဒေါ်လာ ( ၁.၆ ) သန်းနဲ့ ဝယ်ယူခဲ့တာကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


“Tibetan Mastiff မျိုးသန့် ခွေးတွေက နောက်ပိုင်းမှာ အတော်လေး ရှားပါးလို့ ကျနော်တို့ နိုင်ငံက ပန်ဒါ ဝက်ဝံလေးတွေလိုမျိုး နိုင်ငံရဲ့ ရတနာ တစ်ပါးလိုတောင် ဖြစ်နေပါပြီ ။ ဒီလို မျိုးကောင်း မျိုးသန့် အရမ်းရှားလို့လည်း Mastiff ခွေးလေးတွေရဲ့ တန်ဖိုးက ကြီးမားတာပါလို့ ” မွေးမြူရေး သမားတစ်ယောက်က ပြောပြထားပါတယ် ။ စျေးကွက်ထဲမှာ ပုံမှန် Mastiff ခွေးလေးတွေရဲ့ တန်ဖိုးဟာ ( ၁ ) သန်းအောက်ရှိပြီး မျိုးပွားမယ်ဆိုရင်တော့ ဒေါ်လာ ( ၂၀၀၀ ) ကျသင့်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၂ ။ Akita
Akita ခွေးလေးတွေရဲ့ ပုံစံကို တော်တော်များများက Shiba Inus ခွေးလေးတွေနဲ့ ပုံစံချင်းတူတယ်ဆိုပြီး အမြင်မှားလေ့ရှိပါတယ် ။ တစ်ကယ်တမ်းမှာတော့ Akita ခွေးလေးတွေကို သေချာ ကြည့်မယ်ဆိုရင် Shiba Inus မျိုးစိတ်တွေနဲ့ အတော်များများ ကွဲပြားတာကို သတိထားမိကြမှာပါ ။ ဒါ့အပြင် Akita နဲ့ Shiba Inus မျိုးစိတ်နှစ်ခုကြားက ပုံစံကွဲပြားမှုကို ပိုပြီး ကွဲကွဲပြားပြား သိချင်တယ်ဆိုရင်တော့ Google နဲ့ Instagram ပေါ်က နာမည်ကြီး အိမ်မွေးခွေးအကြောင်းတင်ထားတဲ့ နေရာတွေမှာ လေ့လာလို့ ရပါတယ် ။ shwekhitonlinetv.com


အခုပြောပြမယ့် Akita အိမ်မွေးခွေးလေးတွေဟာဆိုရင်လည်း ကမ္ဘာ့စျေးအကြီးဆုံး စာရင်းထဲမှာ ပါဝင်လို့နေပါတယ် ။ Akita ခွေးလေးတွေဟာ ဂျပန်နိုင်ငံက နေ မကြာခဏ နိုင်ငံရပ်ခြားဆီ တင်ပို့ မရောင်းချခင်တည်းက တန်ဖိုးကြီးမြင့်နေတာခဲ့ဖြစ်ပြီး ပျမ်းမျှစျေးနှုန်းကတော့ ဒေါ်လာ ( ၈၀၀ ) ကနေ ( ၃၅၀၀ ) ကြားမှာ ရှိပါတယ် ။ တစ်ချို့ စျေးကွက်ထဲမှာဆိုရင် အရွယ်ရောက်ပြီးသား Akita ခွေးလေးတစ်ကောင်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ( ၇၅၀၀၀ ) အထိတောင် တန်ဖိုးရှိပါတယ်တဲ့ …. shwekhitonlinetv.com


၃ ။ Löwchen
Löwchen လို့ ခေါ်တဲ့ ခွေးအမျိုးအစားလေးကိုတော့ အိမ်မွေး တိရစ္ဆာန် ချစ်သူတွေကြားမှာ “ ခြင်္သေ့ပေါက်စလေး ” လို့ အမည်ပြောင်ပေးကာ ခေါ်လေ့ရှိကြပါတယ် ။ အမွေးရှည်ရှည်လေးနဲ့ ချစ်စရာပုံစံရှိတဲ့ Löwchen ခွေး မျိုးသန့်တစ်ကောင်ကို ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ( ၃၀၀၀ ) ကနေ ( ၈၀၀၀ ) ကြား ကုန်ကျမှာပဲ ဖြစ်ပါတယ် ။ Löwchen ခွေးလေးတွေဟာ ( ၁၃ ) ရာစု နဲ့ ( ၁၄ ) ရာစုနှစ်ကြားကာလတွေထဲက နာမည်ကြီးခဲ့တာဖြစ်ပြီး ထိုခေတ်ကတည်းက အိမ်မွေးခွေး မွေးမြူသူတွေကြားမှာ ရေပန်းစားခဲ့တာပါ ။ shwekhitonlinetv.com


ဒါပေမယ့် ( ၁၉ ) ရာစုနှစ် အရောက်မှာတော့ Löwchen ခွေးလေးတွေဟာ မျိုးတုန်းလုနီးပါး ဖြစ်ခဲ့တာကြောင့် ဒီဘက်ခေတ်မှာ တွေ့မြင်ရဖို့ အတော်လေး ရှားပါးသွားခဲ့ပါတယ် ။ နောက်တစ်ချက်ကတော့ Löwchen ခွေးလေးတွေဟာ အမြင်အာရုံ မကောင်းတဲ့ ပြဿနာရှိပြီး တိရစ္ဆာန်ဆေးကု ဆရာဝန်နဲ့ သေချာ ပြသ သင့်တယ်လို့ ပိုင်ရှင်တော်တော်များများက အကြံပြုထားကြပါတယ် ။ shwekhitonlinetv.com


၄ ။ Irish Wolfhound
Irish Wolfhound လို့ ခေါ်တဲ့ ခွေးမျိုးစိတ်ဟာဆိုရင်လည်း ကမ္ဘာ့တန်ဖိုးကြီး အိမ်မွေးခွေးတွေ ထဲမှာ ပါဝင်လို့နေပါတယ် ။ နာမည်နဲ့ လိုက်အောင်ပင် Irish Wolfhound တွေရဲ့ မူလမျိုးရင်း နိုင်ငံကတော့ အိုင်ယာလန် နိုင်ငံက ဖြစ်ပြီး မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ဝံပုလွေတွေ ရန်ကနေ ကာကွယ်နိုင်ဖို့အတွက် Irish Wolfhound ခွေးတွေကို မွေးမြူလေ့ရှိကြပါတယ် ။ စျေးကွက်ထဲမှာတော့ Irish Wolfhound ခွေးလေးတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ( ၁၅၀၀ ) ကနေ ( ၂၅၀၀ ) ကြား တန်ကြေးရှိတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


အခုပုံမှာ မြင်ရတာကတော့ နာမည်ကြီး စိန့်ပက်ထရစ်နေ့မှာ အင်္ဂလန်နိုင်ငံရဲ့ ကိန်းဘရစ်ချ် မြို့စားကတော် ဖြစ်တဲ့ ကိတ် မစ်ဒယ်လ်တန် နဲ့ အတူ တွေ့ရတဲ့ Domhnall အမည်ရှိ Irish Wolfhoundခွေးလေးပဲ ဖြစ်ပါတယ် ။ ဒီခွေးလေးဟာဆိုရင် အိုင်းရစ် အစောင့်တပ်ရင်းရဲ့ လာဘ်ကောင် ခွေးလေးဖြစ်ပြီး မကြာသေးခင်ကမှ အခမ်းအနားတွေမှာ လာဘ်ကောင် အဖြစ် လိုက်ပါရတဲ့ ရာထူးကနေ အနားယူခဲ့ပါတယ်တဲ့ ။ shwekhitonlinetv.com


၅ ။ The Pharaoh Hound
The Pharaoh Hound လို့ခေါ်တဲ့ ဒီခွေးမျိုးစိတ်တွေနဲ့ မျိုးစပ်မယ်ဆိုရင် ကျသင့်မယ့် စျေးနှုန်းက တော်တော်လေးကို များလှပါတယ် ။ ဒါ့အပြင် စျေးကွက်ထဲမှာ ဆိုရင်လည်း The Pharaoh Hound ခွေးလေးတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ( ၂၀၀၀ ) ကနေ ( ၅၀၀၀ ) ကြား တန်ဖိုး ရှိပါတယ်တဲ့ ။ ဒါ့အပြင် ရှေးဟောင်း အီဂျစ် အနုပညာ လက်ရာတွေမှာ The Pharaoh Hound ခွေးလေးတွေကို ဖော်ပြထားခဲ့တာမို့လို့ ဒီခွေးလေးတွေဟာ ရှေးအကျဆုံး ခွေးမျိုးစိတ် စာရင်းထဲမှာလည်း ပါဝင်လို့ နေပါတယ် ။ shwekhitonlinetv.com


ပညာရှင်တွေရဲ့ အဆိုအရတော့ The Pharaoh Hound ခွေးမျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ ( ၄၀၀၀ ) ဘီစီတည်းက ရှိနေခဲ့တာလို့ ပြောထားကြပါတယ် ။ ရှေးကျတဲ့ ခွေးအမျိူးအစား ဖြစ်တာကြောင့် ဒီခွေးလေးတွေဟာ ဒီဘက်ခေတ်မှာတော့ မျိုးကောင်းမျိုးသန့်ကို တွေ့ရဖို့အတွက် အတော်လေး ရှားပါးနေပြီပဲ ဖြစ်ပါတယ် ။ အခုအခါမှာတော့ The Pharaoh Hound ခွေးမျိုးသန့်တွေကို မော်လ်တာ နိုင်ငံမှာသာ တွေ့ရပါတော့တယ် ။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ တော်ရုံလူတွေ ဝယ်မမွေးနိုင်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး အိမ်မွေးခွေလေးတွေထဲက တစ်ချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com
Be the first to comment
You must log in to post a comment.