အပျင်းကြီးပေမယ့်လည်း ဉာဏ်သုံးပြီး အထာကျကျ ပျင်းကြသူများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာပေါ်က အပျင်းကြီးလွန်းတဲ့ ဉာဏ်ကြီးရှင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့တွေဟာဆိုရင် အပျင်းကြီးကြပေမယ့်လည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လို‌ဖြေရှင်းကြလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ခြေညောင်းမခံပဲ တန်းစီနည်း

ဒီပုံထဲက လူတွေကတော့ မတ်တပ်ရပ်စောင့်ရတာကို မကြိုက်တဲ့ သူတွေ ဖြစ်လောက်မှာပါ ။ ကိုယ့်ရဲ့ နံပါတ်စဉ်အလိုက် ဖိနပ်တွေနဲ့ တန်းစီပြီး စောင့်ရတာဖြစ်လို့ ခြေထောက်လည်း မညောင်းတော့သလို အေးအေးလူလူ ထိုင်နေလိုက်ရုံပါပဲ ။ shwekhitonlinetv.com

၂။ ခုံရှာရမှာ ပျင်းနေတဲ့ အမျိုးသား

အခုမြင်နေရတဲ့ အမျိုးသားကတော့ ပုံးတစ်ခုကို ဖောက်ဖို့အတွက် ခုံရှာရမှာ ပျင်းလို့ အနီးနားက ကတ္ထူပုံးတစ်ခုကို ယူပြီး ထိုင်လိုက်တာပဲ ဖြစ်ပါတယ် ။ ဒီပုံစံလေးကတော့ စာဖတ်နေသူတွေ တော်တော်များများလည်း တစ်ခါတစ်လေ ဒီလိုမျိုးလေး လုပ်ဖူးခဲ့ကြမယ် ထင်ပါတယ် ။ shwekhitonlinetv.com

၃။ ချစ်သူအတွက် ကိတ်မုန့်ပြင်ပေးတဲ့ ကောင်လေး

ကောင်လေးတစ်ယောက်ကတော့ သူ့ကောင်မလေးအတွက် အမှတ်တရ အဖြစ် မွေးနေ့ကိတ်လေး ပြင်ဆင်ပေးထားတာပါ ။ ဒါပေမယ့်လည်း အပျင်းကြီးတဲ့သူဖြစ်နေတာကြောင့် ပုံထဲမှာ မြင်ရတဲ့အတိုင်း ပြင်ဆင်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ Gamer အစစ်ဆိုတာ ….

ဂိမ်းဆိုင်မှာ နေရာမလောက်တော့တာကို  အိမ်မပြန်ပဲ အဆင်မပြေပြေအောင် ဆော့နေတဲ့ ဒီကောင်လေးရဲ့ စိတ်ဓာတ်ကတော့ တစ်ကယ့်ကို အံ့မခန်းပါပဲ ။ shwekhitonlinetv.com

၅။ ပိုစတာနဲ့ ဖြဲခြောက်ထားတဲ့ လုံခြုံရေး ဦးလေးကြီး

ဒီပုံထဲက ဦးလေးကတော့ အလုပ်မှာ ပင်ပန်းလို့ အိပ်ပျော်သွားတဲ့ပုံပါပဲ ။ ဒါပေမယ့်လည်း သူ မအိပ်ခင်မှာ အလုပ်တာဝန်ကျေပွန်အောင် ပိုစတာလေးတော့ ထောင်ထားပေးခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၆။ လမ်းမပေါ်မှာ ဘေးကင်းစွာ အိပ်စက်နည်း

ဒီအမျိုးသားကလည်း လုပ်ငန်းခွင်မှာ တော်တော်ပင်ပန်းနေတဲ့ သူ ဖြစ်ပါလိမ့်မယ် ။ သူအိပ်နေတဲ့ နေရာက လမ်းမကြီးပေါ်ဖြစ်နေတာကြောင့် ယာဉ်မောင်း တွေ ရှောင်သွား နိုင်အောင် လမ်းအမှတ်အသား တုံးလေးတွေ ဘေးပတ်ပတ်လည်မှာ ချထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အပျင်းကြီးပေမယ့်လည်း ဉာဏ်ကို လွှာသုံးကြသူတွေရဲ့ ပုံလေးတွေကို ရှာဖွေ တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။