ကြည့်လိုက်တာနဲ့တင် ရယ်ချင်စရာ ကောင်းလွန်းတဲ့ ဓာတ်ပုံများ

ပရိသတ်ကြီးရေ အခုလို ကိုဗစ် ကာလထဲမှာ စိတ်ရှုပ်စရာတွေချည်းပဲ အမြဲတမ်းတွေးနေလို့ မဖြစ်ပါဘူးနော် ။ တစ်ခါတစ်လေတော့လည်း စိတ်လက်ပေါ့ပါးသွားအောင် ရယ်မောလိုက်တာက ကျန်းမာရေး အတွက်လည်း ကောင်းစေသလို စိတ်လည်း ကြည်လင်စေနိုင်ပါတယ် ။ shwekhitonlinetv.com

ဒါ့ကြောင့် အခုတစ်ခေါက်မှာတော့ ကြည့်လိုက်တာနဲ့ ရယ်မိသွားစေနိုင်တဲ့ ပုံလေးတွေကို ဖော်ပြပေးထားလို့ တစ်ပုံချင်းစီကြည့်ပြီး ရယ်မောလိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ နေမကောင်းဖြစ်နေပေမယ့်လည်း သီချင်းနားထောင်ချင်သောအခါ

ပုံထဲက အမျိုးသားကတော့ သူ့ငယ်ချင်းကို နေမကောင်း ဖြစ်နေတဲ့ကြားထဲက အခုလို ဟာသပုံလေးရိုက်ပြီး နောက်လိုက်တာပဲ ဖြစ်ပါတယ် ။ အသက်ရှုပိုက်ကို တပ်ရမယ့်အစား နှာခေါင်းမှာ နားကြပ်လေးတပ်ထားတဲ့ ဒီအမျိုးသားရဲ့ ပုံကတော့ ကြည့်မိတိုင်း ပြုံးမိစေပါတယ် ။ shwekhitonlinetv.com

၂။ ဂိမ်းဆော့ဖို့ Headphones မဝယ်ရသေးသာအခါ

တစ်ခါတစ်လေ ကိုယ်အသုံးလိုတဲ့ ပစ္စည်းမရှိသေးတဲ့အချိန်မှာ အဆင်ပြေအောင်လုပ်တတ်ဖို့လိုပါတယ် ။ ဒီပုံထဲက အမျိုးသားကတော့ ဂိမ်းဆော့နေစဉ် headphones မရှိသေးလို့ speakers  အသေးနှစ်ခုကို နားမှာကပ်ပြီး နားထောင်နေရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ လက်နက်မှားသယ်လာတဲ့ ရဲအရာရှိ

ပုံထဲက ရဲအရာရှိကတော့ လက်နက် မှားသယ်လာတဲ့ ပုံပါပဲ ။ လူဆိုးဖမ်းတဲ့ အချိန် ခါးကြားထဲက သေနတ်ထင်ပြီး ထုတ်ပစ်လိုက်မိရင်တော့ အကြီးကြီးလွဲသွားမှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၄။ အိုင်ဒီယာ ကောင်းလွန်းတဲ့ ဆံပင်ပုံစံ

တီထွင်ဖန်တီးမှုဆိုတာ စိတ်ကူးစိတ်သန်း ကောင်းဖို့ကလည်း လိုပါသေးတယ် ။ အခုပုံမှာဆိုရင်လည်း ခေါင်းအနောက်က အရိုးခေါင်း တက်တူးကို ဆံပင်အနည်းငယ်ထဲနဲ့ ပေါ်လွင်အောင် စတိုင်တစ်ခုအဖြစ်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ကလေး ၃ ယောက်ကို ပျော်အောင် ထိန်းနည်း

ကလေးတွေဆိုတာ တစ်ခါတစ်လေ အခုလိုမျိုး ပေါက်ကရ ပုံစံလေးတွေနဲ့ နေပျော်တာလည်း ရှိပါတယ်။ ပုံထဲက အမျိုးသားကတော့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ရင်း နဲ့ ကလေး တွေကို ဆရာကျကျ ထိန်းပြသွားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ မွေးနေ့ကိတ်ကို မြန်အောင် လှီးနည်း

ဒီပုံကတော့ ရယ်ရမှာထက် တစ်ကယ့်ကို အသည်းယားစရာ ကောင်းလှပါတယ် ။မွေးနေ့ကိတ်ကို ပေါက်ပေါက်ရှာရှာ လွှစက်နဲ့ လှီးဖို့ ကြိုးစားနေတာပါ ။ shwekhitonlinetv.com

၇။ ပြသနာနဲ့ ကြုံနေလည်း အပြုံးမပျက်တဲ့ အမျိုးသား

အခုမြင်နေရတဲ့ အမျိုးသားကတော့ တစ်ကယ့်ကို အေးအေးလူလူ နေချင်တဲ့သူမျိုး ဖြစ်မယ်ထင်ပါတယ် ။ ကားတစ်စီးလုံး ရေမြုပ်ခံနီးနေတာတောင်မှ အပူပင်မရှိပဲ သာသာယာယာ နေပူစာလှုံနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဘ၀အမောတွေကို ပြေပျောက်စေမယ့် ဟာသဓာတ်ပုံလေးတွေကို ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်တစ်ခေါက်တွေမှာလည်း စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုဖို့ မမေ့ပါနဲ့နော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။