ဒေါ်လာသန်းနဲ့ချီပြီးတန်ကြေးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သတို့သမီးဝတ်စုံများ

မင်္ဂလာဆောင်တယ်ဆိုတာ အမျိုးသမီးအများစုအတွက်တော့တစ်သက်မှာတစ်ခါသာရရှိနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့်လည်းတစ်သက်လုံးအမှတ်ရနေစေဖို့ မိမိရဲ့မင်္ဂလာပွဲကို အခမ်းနားဆုံးကျင်းပလိုကြတာမဆန်းပါဘူး။ ဒီလိုခမ်းနားဖို့ဆိုတာ မင်္ဂလာခမ်းမလိုနေရာတွေအပြင် မင်္ဂလာဝတ်စုံတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး မင်္ဂလာသတို့သမီးဝတ်စုံတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ Angelababy Wedding Dress

တရုတ်စူပါစတား Angela Yeung Wing မင်္ဂလာဆောင်တုန်းကဝတ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံကတော့ အမေရိကန်ဒေါ်လာ (၃၁) သန်းတန်ကြေးရှိပြီး ဒီနေ့အချိန်ထိတိုင် တန်ဖိုးအကြီးဆုံးမင်္ဂလာဝတ်စုံအဖြစ်စံချိန်တင်ထားပါတယ်။ ဒီဝတ်စုံပြီးမြောက်ဖို့အတွက်တော့အချိန် (၅) လလောက်ယူခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ The Diamond Wedding Dress

ဒီဇိုင်နာ Renee Strayss နဲ့ ကျောက်မျက်လုပ်ငန်းရှင် Martin Katz တို့ပူးပေါင်းဖန်တီးထားတဲ့ The Diamond Wedding Dress ကတော့ကမ္ဘာပေါ်မှာ ဒုတိယမြောက်တန်ဖိုးအကြီးမားဆုံး မင်္ဂလာဝတ်စုံဖြစ်ပါတယ်။ ၁၅၀ ကာရက်ရှိတဲ့ စိန်တွေနဲ့စီမံချုပ်လုပ်ထားတဲ့ ဒီမင်္ဂလာဝတ်စုံရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁၂) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Yumi Katsura’s White Gold Dress

ဒီသတို့သမီးဝတ်စုံကတော့ ဂျပန်ဖက်ရှင်ဒီဇိုင်နာ ယုမိကက်ဆူရာ (Yumi Katsura) ရဲ့လက်ရာဖြစ်ပြီး ပိုးသား၊ ဖဲသားတွေမှာမှ အဖိုးတန်ပုလဲအလုံးရေ (၁၀၀၀) ရှားပါးလှတဲ့ (၅) ကာရက် ရွှေဖြူစိန်တစ်လုံးကို ထည့်သွင်းဖန်တီးထားတာပါ။ ဒီဝတ်စုံရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၈.၅) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Amal Clooney’s Wedding Dress

ကိန်းကြီးခမ်းကြီးနိုင်လွန်းတယ်လို့ လူပြောများတဲ့ ကမ္ဘာကျော်သရုပ်ဆောင် ဂျော့ကလူနေးဟာ သူ့ရဲ့ သတို့သမီးကိုလည်း တန်ဖိုးကြီးမားလွန်းတဲ့ မင်္ဂလာဝတ်စုံကိုဆင်မြန်းစေခဲ့ပါတယ်။ နာမည်ကျော် ဒီဇိုင်နာ Oscar De La Renta မကွယ်လွန်မီဖန်တီးပေးခဲ့တဲ့ နောက်ဆုံးလက်ရာဖြစ်တဲ့ ဒီသတို့သမီးဝတ်စုံဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၄.၆) သန်းရှိပါတယ်။ shwekhitonlinetv.com

၅။ Peacock Wedding Dress

ဒီမင်္ဂလာဝတ်စုံကလည်းအတော်လေးကိုထူးဆန်းလှပြီး ဒေါင်းအကောင်ရေ (၂၀၀) ကျော်ရဲ့ အမွှေးအတောင်တွေနဲ့ချုပ်လုပ်ထားတာဖြစ်ပါတယ်။ တိရိစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုကိုခံခဲ့ရတဲ့ ဒီသတို့သမီးဝတ်စုံရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁.၅) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Danasha Luxury Gown

ဒီ မင်္ဂလာသတို့သမီးဝတ်စုံကိုတော့ Miami International Fashion Week မှာပြသသွားခဲ့တာဖြစ်ပါတယ်။ တန်ဖိုးကြီး Antwerp စိန် (၇၅) ကာရက် နှင့် (၁၈) ကာရက်ရွှေ (၂၅၀) ဂရမ်လောက်ထည့်သွင်းဖန်တီးထားတဲ့ ဒီဝတ်စုံရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁.၅) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Victoria Swarovski’s Crystal Gown

သြစတြီးယားအဆိုတော်နဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ Victoria Swarovski ကလည်းသူမရဲ့ မင်္ဂလာပွဲမှာ သူမစိတ်ကြိုက်ဒီဇိုင်းဆွဲထားတဲ့ မင်္ဂလာဝတ်စုံကို ဒီဇိုင်နာဆီအထူးအပ်နှံံခဲ့တာ့ဖြစ်ပါတယ်။ Crystal (၅၀၀,၀၀၀) ကျော်ပါဝင်ပြီးတောက်ပနေတဲ့ ဒီသတို့သမီးဝတ်စုံအတွက် ကုန်ကျခဲ့တာကတော့ အမေရိကန်ဒေါ်လာ (၁) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။