နှစ်ပေါင်း (၄.၅) ဘီလီယံကျော်သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာဂြိုဟ်ကြီးပေါ်က သက်ရှိမျိုးစိတ်တွေ

နှစ်ပေါင်း (၄.၅) ဘီလီယံကျော်သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာဂြိုဟ်ကြီးပေါ်မှာ သက်ရှိမျိုးစိတ်တွေဟာ ခေတ်အဆက်ဆက် အသွင်သဏ္ဍာန်မျိုးစုံနဲ့ ဖြစ်တည်ရှင်သန်ခဲ့ကြဖူးပါတယ်။ အခုဖော်ပြပေးမှာကတော့ သမိုင်းမတိုင်မီခေတ်က ကမ္ဘာပေါ်မှာကြီးစိုးခဲ့ကြပြီး ဒီနေ့ခေတ်လူတွေမြင်ရင် ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် သားရဲကြီးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Terror in the Sky – Quetzalcoatlus

ကမ္ဘာကြီးပေါ်မှာရှိခဲ့ဖူးသမျှ ပျံသန်းနိုင်တဲ့တွားသွားသတ္တဝါတွေထဲမှာတော့ Quetzalcoatlus တွေဟာ အရွယ်အစားအကြီးမားဆုံးဖြစ်ပါတယ်။ မြေပြင်မှာ သက်တောင့်သက်သာထိုင်နေချိန်မှာတောင် အရပ်အမြင့် (၁၀) ပေလောက်ရှိတဲ့ ဒီရုပ်ဆိုးဆိုးသတ္တဝါကြီးတွေမှာချွန်ထက်ရှည်လျားတဲ့ နှုတ်သီးကြီးတွေကလည်းရှိနေတာကြောင့် Cretaceous ခေတ်နှောင်းပိုင်းကာလမှာ အခြားသတ္တဝါငယ်တွေအတွက်တော့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းနေစေမှာ အမှန်ပါပဲ။ shwekhitonlinetv.com

၂။ Sea Scorpian God – Jaekelopterus

ဒီနေ့ခေတ် ကုန်းပေါ်မှာမြင်နေတွေ့နေကြရတဲ့ကင်းမြီးကောက်တွေက လူသားတွေအတွက်တော့ အရမ်းကြီးထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းလှမယ်မထင်ပါဘူး။ ဒါပေမယ့် ရှေးခေတ်ကမ္ဘာကြီးရဲ့ရေကန်တွေ မြစ်တွေထဲမှာ နေထိုင်ခဲ့ကြတဲ့ ကင်းမြီးကောက်တွေကိုသာသင်မြင်ဖူးမယ်ဆိုရင် နေရာမှာတင်နှလုံးရပ်သွားနိုင်ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကင်းမြီးကောက်ကြီးတွေရဲ့ အရွယ်အစားက ဒီနေ့ခေတ်ကင်းမြီးကောက်တွေထက် အဆရာပေါင်းများစွာကြီးလို့ပဲဖြစ်ပါတယ်။ ဒီ ဧရာမကင်းမြီးကောက်ကြီးတွေကိုတော့ Sea Scorpian God လို့သိထားကြပြီး အမည်ပေးထားပြီး Jaekelopterus မျိုးစိတ်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Gigantic Danger Noodle – Titanoboa

ဒီနေ့ခေတ် (ဖမ်းဆီးရမိဖူးတဲ့) မြွေတွေထဲမှာအကြီးမားဆုံးအဖြစ်မှတ်တမ်းဝင်ထားတဲ့ မြွေကြီးဟာ (၂၅) ပေရှည်လျားပြီး ပေါင် (၃၅၀) လောက်ရှိပါတယ်။ ဒါပေမယ့် Titanoboa ဆိုတဲ့ကမ္ဘာဦးကမြွေကြီးတွေကတော့ အရှည် (၄၂) ပေလောက်ရှိပြီး အလေးချိန်ပေါင် (၂၅၀၀) လောက်ထိရှိပါတယ်။ သူတို့တွေအနေနဲ့ အဲ့ဒီအချိန်က ဘာတွေကိုစားသောက်အသက်ရှင်ကြသလဲဆိုတာ အတိအကျမသိပေမယ့် သိပ္ပံပညာရှင်တွေကတော့ ငါးတွေကိုအဓိကစားကြတယ်လို့ ယုံကြည်ထားပါတယ်။ ဒီ ဧရာမမြွေကြီးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေမှာ တွေ့ရတဲ့မေးရိုးကြီးတွေအရဆိုရင် အရွယ်ရောက်ပြီးသားလူတစ်ယောက်ကိုတောင် ပါးစပ်ကျယ်ကျယ်ဟဖို့မလိုဘဲ အသာလေးမျိုချလိုက်လို့ရနိုင်ပါတယ်။ shwekhitonlinetv.com

၄။ Anthropod With a Snout – Opabinia

Cambrian ခေတ်ဟာ ပုံသဏ္ဍာန်ထူးခြားလှတဲ့ သတ္တဝါမျိုးစိတ်တွေသန်းပေါင်းများစွာဖြစ်တည် ရှင်သန်နေထိုင်ခဲ့ကြတဲ့ ကာလအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ အဲ့ဒီလို သတ္တဝါဆန်းတွေထဲကမှ Opabinia လို့အမည်ပေးထားတဲ့ သတ္တဝါလေးကတော့ အတော်လေးကို ကြည့်ရတာအမြင်ဆန်းနေစေပါတယ်။ သူ့မှာ မျက်လုံးကြီးကြီး (၅) လုံး၊ နှာမောင်းတစ်ခုနဲ့ လိပ်ပြာလိုအတောင်ပံပုံစံလေးပါရှိလို့ ရေအောက်ဆင်လို့တင်စား ခေါ်ဝေါ်ကြပါတယ်။ shwekhitonlinetv.com

၅။ Monster Shark – Megalodon

အခုနောက်ဆုံးဖော်ပြပေးမယ့် ဧရာမသတ္တဝါကြီးကိုတော့ ရွှေခေတ်ပရိသတ်တွေအနေနဲ့ အင်တာနက်စာမျက်နှာတွေမှာ မြင်ဖူး၊ ကြားဖူးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒီသတ္တဝါတွေဟာ ဒီနေ့ခေတ်ငါးမန်းတွေရဲ့ ဘိုး၊ ဘေးတွေဖြစ်ပြီး လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၃.၆) သန်းကနေ (၂၃) သန်းအတွင်း ကမ္ဘာပေါ်မှာရှင်သန်ကျက်စားခဲ့ကြတဲ့မျိုးစိတ်တွေဖြစ်ပြီး မျိုးတုန်းပျောက်ကွယ်ခဲ့တာဆိုရင်လည်း အတော်ကြာပြီလို့ ဆိုရမှာပါ။ သူတို့ရဲ့အရွယ်အစားကို ကျောက်ဖြစ်ရုပ်ကြွင်းတွေအရ ခန့်မှန်းကြည့်မယ်ဆိုရင် ပေပေါင်း (၅၀) ကနေ (၆၀) လောက်ရှည်လျားပြီး အလေးချိန်အားဖြင့်တန် (၅၀) လောက်ရှိပါတယ်။ နောက်ပြီး (၁၂) လောက်ကျယ်တဲ့ပါးစပ်ကြီးနဲ့ ချွန်ထက်တဲ့သွားကြီးတွေကိုပိုင်ဆိုင်ထားတာကြောင့် အတော်လေးကိုကြောက်မက်ဖွယ်ရာကောင်းမယ့် သတ္တဝါကြီးတွေဖြစ်ခဲ့ကြမယ်ဆိုတာ သေချာပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။