ဘယ်သူမှ မစဥ်းစားမိတဲ့ အရာတွေကို ဖန်တီးခဲ့ကြတဲ့ ဇနီးမောင်နှံ နှစ်ဦး

ခရစ္စတို နဲ့ ဂျင်းမ်ကလော်ဒီ ဆိုတာကတော့ ပတ်ဝန်းကျင်ဆိုင်ရာ Installation Arts တွေကို ထူးထူးခြားခြားဖန်တီးခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပါတယ်။ ဝါသနာတူတဲ့ ဒီဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) အတွင်းမှာ ဘယ်သူမှမစဉ်းစားမိတဲ့ အရာတွေကိုအတူတကွဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ဘယ်လိုအရာတွေဖန်တီးခဲ့သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော် ……. shwekhitonlinetv.com

၁။ ထုပ်ပိုးထားတဲ့သစ်ပင်များ

ထူးထူးဆန်းဆန်းပရောဂျက်တွေကို တီထွင်ဖန်တီးရတာဝါသနာပါတဲ့အနုပညာရှင် (၂) ဦးဖြစ်တဲ့ခရစ္စတိုနဲ့ ဂျင်းမ်ကလော်ဒီ တို့ဟာ ၁၉၉၈ ခုနှစ်မှာတော့ Berower Park မှာရှိတဲ့ သစ်ပင် (၁၇၈) ပင်ကို မီးခိုးရောင် Polyester Fabric အစတွေနဲ့ပတ်ပြီး Installation Arts တစ်ခုကိုဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ဖန်တီးမှုဟာ အလွန်လူကြိုက်များခဲ့ပြီး Berower Park သုံးပတ်တိတိပြသထားခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ တောင်ကြားလိုက်ကာ

၁၉၇၂ ခုနှစ်မှာတော့ ခရစ္စတို နဲ့ ဂျင်းမ်ကလော်ဒီ တို့ဟာ ပိတ်စ မီတာ (၁၄,၀၀၀) ကျော်ကို ချုပ်လုပ်ပြီးတော့ မီတာ (၄၀၀) လောက်ကျယ်တဲ့ ကော်လိုရာဒိုပြည်နယ်ကတောင်ကြားတစ်ခုမှာ ကြီးမားတဲ့လိုက်ကာကြီးတစ်ခု ပြုလုပ်ခဲ့ကြဖူးပါတယ်။ ဒီအတွက်သူတို့ဟာ တစ်နှစ်နီးပါးလောက်အချိန်ယူခဲ့ကြရပါတယ်။ ဒီလိုက်ကာကြီးဟာ နာမည်ကျော်ကြားလှတဲ့ ကော်လိုရာဒိုရဲ့ လေပြင်းဒဏ်ကိုအံ့တုပြီး နာရီပေါင်း (၂၈) နာရီလောက်မပျက်မစီးဘဲတည်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

၃။ ရှည်လျားလှတဲ့ပိတ်စခြံစည်းရိုး

သူတို့နှစ်ဦးဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆိုနိုမာမြို့ကနေသမုဒ္ဒရာအထိ ကီလိုမီတာ (၄၀) ကျော်ရှည်လျားတဲ့အဖြူရောင်ပိတ်စခြံစည်းရိုးတစ်ခုကိုလည်းဖန်တီးခဲ့ဖူးပါတယ်။ ဒီပရောဂျက်မှာတော့ ပုဂ္ဂလိကမြေပိုင်ရှင် (၆၀) နီးပါးအပါဝင် ပြည်နယ်နှင့်ဒေသဆိုင်ရာအစိုးရအဖွဲ့တွေပါ ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ကမ်းရိုးတမ်းဒေသအတွက် ခွင့်ပြုချက်မရတာကြောင့် သူတို့နှစ်ဦးဟာ ဒဏ်ငွေဒေါ်လာ (၆၀,၀၀၀) ရိုက်ခံရမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ shwekhitonlinetv.com

၄။ ကျွန်းကိုဝိုင်းပတ်ထားတဲ့ ပန်းရောင်များ

၁၉၈၃ ခုနှစ်မှာတော့ သူတို့နှစ်ဦးဟာ မိုင်ယာမီမှာရှိတဲ့ Biscayne ပင်လယ်အော်က ကျွန်းတစ်ကျွန်းကို မီတာ (၆.၅) သန်းကျော်ရှည်လျားတဲ့ ပန်းရောင် Polypropylene အစတွေနဲ့ဝန်းရံထားတဲ့ ပရောဂျက်တစ်ခုကိုပြုလုပ်ဖန်တီးဖူးပါတယ်။ သဘာဝပန်းဝတ်ကျင်ကိုထိခိုက်မှုမရှိစေဘဲ သဟဇာတဖြစ်စေမယ့် ဒီပရောဂျက်ကတော့ ဂျင်းမ်ကလော်ဒီရဲ့စိတ်ကူးစိတ်သန်းကို အကောင်အထည်ဖော်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ပြင်သစ်နိုင်ငံမှ အဝါရောင်တံတား

သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ၁၉၈၅ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံရဲ့အထင်ရှားဆုံးတံတားတွေထဲကတစ်ခုဖြစ်တဲ့ Pont Neuf တံတားကို မီတာ (၄၀,၀၀၀) ကျော်ရှည်လျားတဲ့ အဝါရောင်အဝတ်စတွေကိုချုပ်လုပ်ပြီး ရစ်ပတ်ခဲ့ကြပါတယ်။ သူတို့ရဲ့အနုပညာကိုတော့ နှစ်ပတ်အတွင်းလူပေါင်း (၃) သန်းကျော်လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ shwekhitonlinetv.com

၆။ အဝါရောင်ထီးများ

၁၉၉၁ ခုနှစ်မှာတော့ သူတို့နှစ်ဦးဟာ ဂျပန်နဲ့ကယ်လီဖိုးနီးယားတို့မှာ ထီးပေါင်း (၃,၀၀၀) ကိုဖြန့်ကျက်ပြီးထားရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံက ကမ်းရိုးတန်းတစ်ခုမှာတော့ အပြာရောက်ထီး (၁,၃၀၀) ကိုထားရှိခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ အဝါရောင်ထီး (၁,၇၀၀) ကိုစိုက်ထူထားရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ပါကင်ထုပ်ခံလိုက်ရတဲ့ ဘာလင်မြို့မှသမိုင်းဝင်အဆောက်အဦး

၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ သူတို့နှစ်ဦးဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့ကသမိုင်းဝင်အဆောက်အဦးတစ်ခုဖြစ်တဲ့ The Reichstag ကို အဖြူရောင်ပိတ်စတွေနဲ့ ဖုံးအုပ်ဖို့အတွက်ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ ဒီအတွက်သူတို့ဟာ အပူခံ Polypropylene အစ မီတာ (၁၀၀,၀၀၀) ကျော်အသုံးပြုခဲ့ရပါတယ်။ shwekhitonlinetv.com

၈။ ရေပေါ်မှ ရွှေရောင်လူသွားလမ်း

၂၀၁၆ ခုနှစ်မှာတော့ သူတို့ဇနီးမောင်နှံရဲ့ဖန်တီးမှုတွေထဲက အကောင်းဆုံးလက်ရာတစ်ခုကို အီတလီနိုင်ငံ Lake Leso မှာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအရာကတော့ ရွှေရောင်ပိတ်စတွေနဲ့ထုပ်ပိုးထားတဲ့ ရေပေါ်လူသွားလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီပရောဂျက်ရဲ့နာမည်ကတော့ Floating Piers ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ကြီးမားတဲ့လေပူဖောင်းကြီး

၂၀၁၃ မှာတော့ ခရစ္စတိုဟာ သူ့ဇနီး ဂျင်းမ်ကလော်ဒီ မပါဝင်ဘဲအလွန်ကြီးမားတဲ့ လေပူဖောင်းကြီးတစ်ခုကို တစ်ကိုယ်တော်ပြုလုပ်ဖန်တီးခဲ့ပါတယ်။ ဒီလေပူဖောင်းကြီးကိုတော့ ဂျာမနီနိုင်ငံ Oberhausen မြို့မှာ (၆) လကျော်ကြာပြသထားရှိခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။