အနုပညာရဲ့စွမ်းအားနဲ့ ရွာတစ်ရွာလုံးကို ကယ်တင်နိုင်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခု

အနုပညာဆိုတာ စွမ်းအားထက်တဲ့အရာတစ်ခုဖြစ်တယ်လို့ဆိုလိုက်ရင် ဒီအဆိုကို လက်သင့်ခံသူတွေရှိသလို လက်သင့်မခံသူတွေလည်းရှိနိုင်ပါတယ်။ သင့်အနေနဲ့ရော ဘယ်လိုထင်မြင်မိပါသလဲ ? shwekhitonlinetv.com

အပေါ်ယံအားဖြင့်ကြည့်မယ်ဆိုရင်တော့ အနုပညာဟာ အနားယူအပန်းဖြေစရာ ၊ စိတ်ခံစားချက်များကိုဖွင့်ဟဖော်ထုတ်ရာ ၊ အတွေးအခေါ်တွေကို ပုံဖော်ဖန်တီးရာ စသဖြင့် အဓိပ္ပါယ်မှတ်ယူလို့တော့ရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အနုပညာမှာနက်ရှိုင်းလွန်းတဲ့စွမ်းအားတွေရှိနေပြီး တစ်ခါတလေမှာ လူသားတွေရဲ့နေစဉ်ဘဝတွေကို ကယ်တင်ဆောင်မပေးနိုင်အောင် အစွမ်းထက်လှပါတယ်။ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ အနုပညာရဲ့စွမ်းအားနဲ့ ရွာတစ်ရွာလုံးကို ကယ်တင်နိုင်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအဖြစ်အပျက်ဇာတ်လမ်းလေးကတော့ ပြီးခဲ့တဲ့နှစ်အပိုင်းအခြားအနည်းငယ်လောက်က ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ ရွာလေးတစ်ရွာကို ကယ်တင်ပေးနိုင်ခဲ့တဲ့ အသက် (၉၆) နှစ်အရွယ်အဘိုးအိုတစ်ဦးရဲ့ဇာတ်လမ်းဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com

ဒီရွာလေးရဲ့အမည်ကတော့ Taichung ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ Nantun ခရိုင်အတွင်းက ထောင်နဲ့ချီတဲ့ မိသားစုဝင်ထောင်ချီဝင်တွေအခြေချနေထိုင်လျှက်ရှိတဲ့ ရွာလေးတစ်ရွာလည်းုဖြစ်ပါတယ်။ အမှန်စင်စစ်အားဖြင့်တော့ ဒီရွာလေးမှာရှိတဲ့ အဆောက်အဦးတွေဟာ စစ်သားတွေအတွက် ယာယီဆောက်လုပ်ခဲ့တာဖြစ်ပြီး စစ်သားတွေမနေုထိုင်တော့အချိန်မှာ ဒီရွာကလေးကို လူတွေတဖြည်းဖြည်း စွန့်ခွာသွားခဲ့ကြပြီး အချို့သော စစ်သားမိသားစုတွေသာ ဒီနေရာမှာအမြဲတမ်းခြေချနေထိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ အသက် (၉၆) နှစ်အရွယ် Huang Yung-Fu အဘိုးအိုကလည်း တစ်ချိန်ကစစ်ပြန်ဟောင်းကြီးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ဒီရွာမှာနေထိုင်လာတာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်ကတည်းကဖြစ်ပါတယ်။ အဲ့ဒီအတောအတွင်း ရွာကိုစွန့်ခွာပြီးအခြားဒေသတွေမှာ အခြေချနေထိုင်တဲ့သူတွေ တဖြည်းဖြည်းများလာတာကြောင့် နောက်ဆုံး အိမ် (၁၁) လုံးသာ နေထိုင်သူရှိတော့လို့ ဒီရွာကလေးနဲ့ အိမ်လေးတွေဟာ စွန့်ပစ်ခံနေရာတစ်ခုသဖွယ် ခြောက်ကပ်လာပါတော့တယ်။ shwekhitonlinetv.com

Huang ဟာ သူ့ဘဝမှာ ပန်းချီအနုပညာကို သင်တန်းတက်ရောက်သင်ကြားခဲ့တာမျိုး ဖခင်ဖြစ်သူရဲ့သင်ကြားပြသမှုကြောင့် အခြေခံပုံဆွဲခြင်းအပိုင်းကိုတော့ ကျွမ်းကျင်စွာတက်မြောက်ထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်နေ့မှာတော့ Huang ဟာ သူ့ရဲ့နေအိမ်ကိုဆေးသုတ်ရင်းကနေ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ရွာရဲ့အခြားအိမ်တွေလမ်းတွေကိုပါ အရောင်အသွေးစုံလင်ပြီး မျက်စိပသာဒဖြစ်စေမယ့် သက်တံ့ရောင်စုံ ဆေးတွေနဲ့ ပုံတွေလိုက်ဆွဲပြီး အလှဆင်ခဲ့ပါတယ်။ သူ့ရဲ့ဆေးခြယ်ပုံဆွဲဖန်တီးထားတဲ့ ပုံတွေဟာအင်တာနက်လူမှုကွန်ယက်တွေကနေတစ်ဆင့် တစ်စတစ်စ လူသိများလာကာ ဒီရွာကိုလာရောက်လည်ချင်စရာ ပတ်ဝန်းကျင်ကောင်းလေးတစ်ခုအဖြစ် ရှုမြင်လာကြပါတယ်။ shwekhitonlinetv.com

ဒါကြောင့်ပဲဟောင်းနွမ်းနေတဲ့ အဆောက်အအုံနေတဲ့ ခြောက်ကပ်တိတ်ဆိတ်နေပြီး အာဏာပိုင်တွေရဲ့ ဖျက်သိမ်းဖို့လျာထားတဲ့ ရွာကလေးဟာလက်ရှိအချိန်မှာတော့ ထိုင်ဝမ်နိုင်ငံသားတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ပါ လာရောက်လည်ပတ်ပြီး ဓာတ်ပုံရိုက်တာမျိုးတွေ သူ့ရဲ့နံရံတွေလမ်းတွေပေါ်က အနုပညာလက်ရာတွေကို လာရောက်ကြည့်ရှုလေ့လာတာမျိုးတွေနဲ့ လှပပြီး ပြန်လည်စည်ကားတဲ့ နေရာလေးဖြစ်နေခဲ့ပါပြီ။ shwekhitonlinetv.com

ဒီအရာတွေအားလုံးကို တစ်ယောက်တည်းနဲ့ ဖန်တီးခဲ့တဲ့ Huang ဟာ တစ်ချို့နေ့တွေမှာဆိုရင် နံနက် (၃) နာရီလောက်ကတည်းကအိပ်ရာထပြီး ပုံတွေကိုရေးဆွဲဆေးခြယ်ခဲ့ရတယ်လို့လည်းသိပါတယ်။ နောက်ဆုံးမှာတော့ အသက် (၉၆) နှစ်အရွယ်အဘိုးအိုတစ်ဦးရဲ့ အနုပညာဖန်တီးမှုအစွမ်းကြောင့် ဖျက်ဆီးခံရတော့မယ့် ရွာကလေးတစ်ရွာ များပြားတဲ့လည်ပတ်သူတွေရဲ့ဆူညံ့သံတွေကြားမှာ အရောင်အသွေးစုံလင်စွာနဲ့ တစ်ဖန်ပြန်လည် တောက်ပနိုင်ခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။