Gym ခန်းမ၊ ရေကူးကန်၊ ဈေးဝယ်စင်တာတွေပါဝင်တဲ့ နျူကလီးယားစွမ်းအင်အသုံးပြု ဧရာမ ဇိမ်ခံလေယာဉ်ကြီး

ခရီးသည် (၃၀၀၀) ကျော်တင်ဆောင်နိုင်တဲ့ တိုက်တန်းနစ်သင်္ဘောထက် ပိုကြီးတဲ့အရာတစ်ခုကိုလေပေါ်မှာ ကာလအတန်ကြာပျံသန်းနေနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမယ့် ဒီမဖြစ်နိုင်တဲ့ကိစ္စကို အနာဂတ်ကာလမှာလက်တွေ့အကောင်အထည့်ဖော်ဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ပရောဂျက်ကိုချပြခဲ့တဲ့သူကတော့ ဂျာမနီနိုင်ငံ Jacobs University Bremen က ယီမင်နိုင်ငံသား မော်လီကျူးဇီဝပညာရှင် Hashem Al-Ghaili ဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ်သာရှိသေးတဲ့ Hashem Al-Ghaili ဟာ သူ့ရဲ့စီမံကိန်းကို CGI ဗီဒီယိုနဲ့ အသေးစိတ်ဖော်ပြပြီး Youtube မှာတင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ လေယာဉ်ကြီးမှာတော့ နျူကလီးယားစွမ်းအင်ကိုပေါင်းစပ်အသုံးပြုထားတဲ့ Hybrid Engine အလုံး (၂၀) ပါဝင်ပြီး ခရီးသည် (၅၀၀၀) လောက်ကိုအများဆုံးတင်နိုင်မှာဖြစ်ပါတယ်။ တစ်ကြိမ်ပျံသန်းလျှင် လအတန်ကြာ ဝေဟင်မှာပဲရှိနေမှာဖြစ်ပြီး အဲ့ကာလအတွင်း နောက်ထပ်ခရီးသည်သစ်တွေထပ်မံ တင်ဆောင်ဖို့အတွက်လည်း မြေပြင်ကိုဆင်းသက်စရာမလိုအောင် စီစဉ်ထားပါတယ်။ shwekhitonlinetv.com

နောက်ပြီး ဒီဧရာမ ဇိမ်ခံလေယာဉ်ကြီးပေါ်မှာ ဈေးဝယ်စင်တာတွေ၊ အားကစားခန်းမ၊ စားသောက်ဆိုင်၊ ရေကူးကန်၊ မင်္ဂလာခန်းမ နဲ့ခရီးသည်တွေပတ်ဝန်းကျင်ကို ၃၆၀ ဒီဂရီကြည့်ရှုနိုင်ဖို့ ဖန်တီးထားတဲ့ မြင်ကွင်းကျယ် ခန်းမတွေပါဝင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

“အနာဂတ်သယ်ယူ ပို့ဆောင်ရေးရဲ့ ရှေ့ပြေးပြယုဂ် ဖြစ်လာဖို့အတွက် အသေးစိတ်ဒီဇိုင်းရေးဆွဲထားပါတယ်။ ၂၄ နာရီ ၇ ရက်ပတ်လုံး လေယာဉ်ကြီးချို့ယွင်းမှုမရှိအောင် ပြုပြင်ရေးဝန်ထမ်းတွေ အများအပြားတင်ဆောင်သွားပြီး အလှည့်ကျတာဝန်ယူခိုင်းသွားမှာဖြစ်လို့ ခရီးသည်တွေအနေနဲ့ အန္တရာယ်ကင်းစွာနဲ့ ဇိမ်ခံလိုက်ပါနိုင်မှာပါ ” လို့ Hashem ကဆိုပါတယ်။ shwekhitonlinetv.com

ဒါဟာ ရူးသွပ်ချင်လောက်စရာကောင်းလွန်းတဲ့ စိတ်ကူးစိတ်သန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ ဗီဒီယိုရဲ့အောက်မှာ ဝေဖန်ထောက်ပြမှုတွေ ချီးကျူးအားပေးမှုတွေအများအပြားရရှိခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ ကွန်းမန့်တစ်ခုမှာတော့ “နျူကလီယားဓာတ်ပေါင်းဖိုကြီး ကောင်ကင်မှာပျံဝဲနေတာ အလွန်ကောင်းတဲ့စိတ်ကူးတစ်ခုပါ။ တစ်စုံတစ်ခုချို့ယွင်းပြီးပျက်ကျရင်တော့ အောက်မှာရှိနေတဲ့မြို့က ကံဆိုးတာပေါ့” လို့ ရေးသားထားခဲ့ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် လေယာဉ်ပျံသန်းမှုပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ချို့ကလည်း လေယာဉ်ရဲ့အလေးချိန်နဲ့ လေခွင်းအားတွေပေါ်မှာမူတည်ပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကိုတွက်ချက်ပြထားတာတွေလည်းရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစိတ်ကူးကတော့ အတော်လေးကိုထူးခြားဆန်းသစ်တဲ့ စိတ်ကူးတစ်ခုဖြစ်ပြီး အနာဂတ်ကာလမှာ လက်တွေ့ဖြစ်လာနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမှာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။