အိုင်ဒီယာ level နောက်တစ်ဆင့်ကို ရောက်နေတဲ့ ထူးထူးခြားခြား ဒီဇိုင်းများ

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဆန်းဆန်းပြားပြား ဖြစ်အောင် တီထွင်လိုက်ရာကနေ လူပြောစရာ ဖြစ်သွားတဲ့ ဒီဇိုင်းတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လိုမျိုး အလွဲလွဲ အချော်ချော် ဒီဇိုင်းတွေ ဖြစ်မလဲဆိုတာကတော့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ Donald Toilet

အခု မြင်ရတဲ့ ပုံကတော့ Donald ပုံစံ ဖန်တီးပေးထားတဲ့ ဘိုထိုင် အိမ်သာ ဒီဇိုင်းကို အရောင်းပြခန်း တစ်ခုမှာ ပြသထားတာကို တွေ့ရမှာပါ ။ Donald ကို ကြိုက်တဲ့သူတွေ အတွက်တော့ ဒီ ဘိုထိုင် အိမ်သာ ထဲ အပေါ့ ၊ အလေ့သွားတဲ့ အခါ စိတ်ထဲ တစ်မျိုး ဖြစ်နေမှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၂ ။ မြို့ ကြီး နှစ် မြို့ကို ပေါင်း ပေးထားတဲ့ စာအုပ်

နောက်ထပ် တွေ့ရမယ့် ဒီဇိုင်း တစ်ခုကတော့ မြို့ကြီး ( ၂ ) မြို့ကို ပေါင်းစပ် ပေးထားတဲ့ မှတ်စု စာအုပ် ကလေးပဲ ဖြစ်ပါတယ် ။ ဒီ မှတ်စုစာအုပ်ကို ဖန်တီးထားတဲ့ ဒီဇိုင်နာဟာ အစော ပိုင်းတုန်းက လန်ဒန် မြို့ရဲ့ နာမည်ကြီး ပုံတွေကို ထည့်သွင်းထားပေမယ့် တစ်ကယ်တမ်း မြို့နာမည်ကို ထည့်ပေးတဲ့ အခါ မှာတော့ အမေရိကန်နိုင်ငံ က နယူးယောခ့် မြို့ ဆိုပြီး ရေးပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ မျက်စိ လေ့ကျင့်ခန်း လုပ်ပေးမယ့် ဓာတ်လှေကား

အခု မြင်ရတာကတော့ ဓာတ်လှေကား အတွင်း ပိုင်းက အလွှာ နံပါတ်တွေကို ပုံမှန် ဓာတ်လှေကားတွေ နဲ့ မတူအောင် ဖန်တီးပေးထားတာ ပဲ ဖြစ်ပါတယ် ။ ခက်တာက ဒီ ဓာတ်လှေကား ထဲ ရောက်တာနဲ့ ကိုယ် သွားချင်တဲ့ အလွှာ နံပါတ် ကို အချိန်တစ်ခု ပေးပြီး တော့ ရှာရမှာ ဖြစ်ပြီး အရက်သောက်ပြီး အမူးမပြေသေးတဲ့ သူတွေ ဆိုရင်တော့ ဒီလို နံပါတ်တွေ ပါတဲ့ ဓာတ်လှေကားကို မစီးသင့်ဘူးလို့ အကြံပေးပါရစေ ။ shwekhitonlinetv.com

၄ ။ သံချေးတက်နေတဲ့ ဘေစင်

နောက်ထပ် ပြောပြပေးမှာကတော့ စားသောက်ဆိုင် တစ်ခုမှာ တွေ့ရတဲ့ ဘေစင် ဒီဇိုင်းပုံစံ တစ်ခုပဲ ဖြစ်ပါတယ် ။ ဒီလိုမျိုး ဒီဇိုင်းကို ဖန်တီးထားခဲ့ သူကတော့ အဓိပ္ပါယ် တစ်မျိူး နဲ့ ဖန်တီးခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် စားသောက်သူတွေ အနေနဲ့ ဒီဘေစင်မှာ လက်ဝင်ဆေး တဲ့အခါ ဘေစင်ပုံစံကို ကြည့်ပြီး စိတ်ထဲ မအီမသာ ဖြစ်သွားမိမှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၅ ။ အပိုင်း ( ၄ ) ပိုင်း ခွဲ ပေးထားတဲ့ ကြော်ငြာ ဘုတ်

ဒီတစ်ခါ မြင်တွေ့နေရတာကတော့ ကြော်ငြာ ဘုတ် တစ်ခု ရဲ့ ထူးထူးဆန်းဆန်း အိုင်ဒီယာ ပုံစံပဲ ဖြစ်ပါတယ် ။ ကြော်ငြာထဲမှာ ပါတဲ့ အမျိုးသား မျက်နှာကို ဘယ်လို အကြောင်းရင်းကြောင့် အပြည့် မဆက်ပေးပဲ ဒီအတိုင်း ထားပေးလိုက်လဲဆိုတာ တော်တော်လေး စဉ်းစားစရာ ဖြစ်နေပါတယ် ။ ကြော်ငြာထဲက အမျိုးသားကတော့ သူ့ပုံသူ အပြင်မှာ ကြည့်မိတဲ့ အခါကျရင် လန့်နေမိလောက်မှာပါ ။ shwekhitonlinetv.com

၆ ။ မြက်ခင်းတု ဖိနပ်

ဘောလုံးကွင်းတွေ တည်ဆောက်တဲ့ အခါ သဘာ၀ မြက်တွေကို ထည့်မရတဲ့ အခါကျရင် မြက်ခင်းတုတွေ နဲ့ အစားထိုး ဖန်တီးပေးထားတာကို တွေ့ကြမှာပါ ။ ဒါပေမယ့် အခု မြင်ရတဲ့ ဖိနပ်ကတော့ ဘယ်လို ကြောင့် မြက်ခင်းတု ပုံစံ ဖန်တီးထားလဲဆိုတာကို ဖန်တီးထားသူ ကိုယ်တိုင်ပဲ သိမှာပါ ။ ဖိနပ်ရဲ့ အိုင်ဒီယာက တစ်ခြားဖိနပ်တွေထက် တစ်မျိုးဆန်းစေပေမယ့် စီးကြည့်လိုက်ရင်တော့ ခြေဖဝါးကို တော်တော်လေး ယားစေလောက်မှာပါ ။ shwekhitonlinetv.com

၇ ။ ပလက်စတစ် ခရင်း

နောက်ထပ် ပြောပြပေးချင်တာကတော့ ပလက်စတစ်နဲ့ ဖန်တီးထားတဲ့ ခရင်း ဒီဇိုင်းပုံစံလေး အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီခရင်းလေးကို ဖန်တီးထားသူ က တစ်ခြား အမြင်တစ်မျိုးနဲ့ ကာလာ စပ်ပြီး ဖန်တီးပေးထားတာ ဖြစ်နိုင်ပေမယ့် အသုံးပြုသူတွေရဲ့ အမြင်မှာတော့ ခရင်းက ညစ်ပတ်နေတဲ့ ပုံစံ ပေါက်နေသလိုမျိုး ဖြစ်နေတာပါ ။ shwekhitonlinetv.com

၈ ။ လှေကားတွေကို အရမ်းကြိုက်တဲ့ ဒီဇိုင်နာ

အခု မြင်ရတာကတော့ ရေချိုးခန်း တစ်ခုရဲ့  အတွင်းပိုင်းကို  ပြင်ဆင်ထားတဲ့ ဒီဇိုင်းပုံစံကို မြင်ရမှာပဲ ဖြစ်ပါတယ် ။ ရေချိုးခန်းထဲကို စဝင်လိုက်တာနဲ့ တစ်ပြိုင်နက် လှေကား တစ်ဆင့်ကို တက်ရမှာ ဖြစ်သလို Toilet သွားမယ်ဆိုရင်တော့ နောက်ထပ်လှေကားတစ်ခု ကို တက်ပေးရမှာပဲ ဖြစ်ပါတယ် ။ ဒီဇိုင်းကို ဖန်တီးထားသူက တစ်ခြားသူတွေကို စင်ပေါ်တက်ပြီး Toilet တက်နေရတယ် ဆိုတဲ့ ခံစားချက်မျိုး ပေးချင်လို့ ဖန်တီးထားတာ များလားလို့တောင် အောက်မေ့ရပါတယ် ။ shwekhitonlinetv.com

၉ ။ Marvel ထဲရောက်သွားတဲ့ Batman

ဒီပုံကတော့ DC Universe ကို အားပေးသူတွေ အတွက်  တော်တော်လေးကို ကသိကအောက် ဖြစ်စေမှာ အသေအချာပါပဲ ။ DC Universe ရဲ့ အထင်ကရ Hero ဖြစ်တဲ့ Batman တစ်ယောက် Avengers အဖွဲ့ထဲ ရောက်နေတာပဲ ဖြစ်ပါတယ် ။ ဖြစ်နိုင်တာကတော့ အရုပ်တွေကို ထုတ်ပိုးတဲ့ အချိန်တုန်းက မတော်တဆ မှားယွင်းပြီး ထည့်ပေးလိုက်တာမျိုး ဖြစ်နိုင်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အိုင်ဒီယာ level နောက်တစ်ဆင့်ကို ရောက်နေတဲ့ ထူးထူးခြားခြား ဒီဇိုင်းများ အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် . … shwekhitonlinetv.com

Be the first to comment

Leave a Reply