ဂင်းနစ်စံချိန် ဝင်ခဲ့ကြတဲ့ ကမ္ဘာ့အသက်အကြီးဆုံး သတ္တဝါများ

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ဆိုတာကတော့ ကမ္ဘာပေါ်မှာ နှစ်ခုမရှိနိုင်တဲ့ စံချိန်တွေကို စာရင်းပြုစု မှတ်သား ထားတဲ့ စာအုပ်ကြီးလို့ အကြမ်းဖျဉ်းပြောလို့ရမယ်ထင်ပါတယ်။

အကြောင်းအရာ အဖြစ်အပျက် မျိုးစုံကို မှတ်တမ်းပြုစုထားတဲ့ ဒီစာအုပ်ရဲ့စံချိန်မှတ်တမ်းတွေထဲကမှ အခုတင်ဆက်ပေးမယ့် ဆောင်းပါးမှာပါဝင်မှာကတော့ ကမ္ဘာ့ အသက်အကြီးဆုံးတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုး ကမ္ဘာ့အသက်အကြီးဆုံးတွေလဲ ဆိုတာကိုတော့ ဒီစာလေးကို ဆက်လက်ဖတ်ရှုပေးကြပါဦးနော် … shwekhitonlinetv.com

ကမ္ဘာ့အသက်အကြီးဆုံးခွေး

သြစတြေးလျနိုင်ငံက လက်စ် (Les) နဲ့ အမ်မာဟောလ် (Emma Hall) ဆိုတဲ့ ဇနီးမောင်နှံ မွေးမြူထားတဲ့ ဒီခွေးကတော့ အသက် (၂၉) နှစ် နဲ့ (၅) ရက် မှာသေဆုံးခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ခွေးအဖြစ် ဒီနေ့အချိန်ထိကို စံချိန်တင်ထားပါတယ်။ ဘလူအီ (Bluey) လို့အမည်ရတဲ့ ဒီခွေးက (၁၉၁၀) ခုနှစ်မှာပေါက်ဖွားခဲ့ပြီး (၁၉၃၉) ခုနှစ်မှာသေဆုံးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်

ခိုင်လုံတဲ့ အထောက်အထားတွေအရပြောရရင်တော့ ဂျင်းန်လူဝီကဲလ်မန့် (Jeanne Louise Calment) လို့အမည်ရတဲ့ ဒီပြင်သစ်အဖွားအိုက ကမ္ဘာ့အသက်အကြီးဆုံးလူပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထား ပါတယ်။

(၁၈၇၅) ခုနှစ်မှာဖွားမြင်ခဲ့တဲ့ ဂျင်းန် ဟာ ပြင်သစ်နိုင်ငံရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ အီဖယ်တာဝါ (Eiffel Tower) ကြီးစတင် မဆောက်လုပ်ခင် (၁၄) နှစ်လောက်တည်းက လူ့လောကထဲရောက်ရှိနေတာ လည်းဖြစ်ပါတယ်။ သူသေဆုံးခဲ့တာကတော့ (၁၉၉၇) ခုနှစ်မှာဖြစ်ပြီး အဲဒီအချိန်မှာ သူ့အသက်က (၁၂၂) နှစ်နဲ့ (၁၆၄) ရက်တောင်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့အသက်အကြီးဆုံးကြောင်

ကြောင်တစ်ကောင်ရဲ့ သက်တမ်းက ပုံမှန်အားဖြင့် (၁၄) နှစ်ကနေ နှစ် (၂၀) သာ အများဆုံးရှင်သန်နိုင်တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က (Texas) ခရင်းမ်ပတ်ဖ် (Crème Puff) လို့အမည်ပေးထားတဲ့ ကြောင်ကတော့ အံ့အားသင့်စွာပဲ အသက် (၃၈) နှစ်ရောက်မှ သေဆုံးခဲ့လို့ ဂင်းနစ်မှတ်တမ်းမှာ အသက်အကြီးဆုံး ကြောင်အဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com

ကမ္ဘာအသက်အကြီးဆုံးယုန်

ဟေဇယ် (Hazal) လို့အမည်ရတဲ့ မီးခိုးရောင် ယုန်လေးကတော့ အမေရိကန် မက်ဆာချူးဆက်ပြည်နယ် က စုံတွဲတစ်တွဲမွေးမြူထားတာဖြစ်ပါတယ်။ သူကလည်း သာမန် ယုန်တွေနဲ့ယှဉ်ရင်တော့ ဖိုးသက်ရှည် ယုန်လေးဖြစ်မှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ ဟေဇယ်က သာမန်ယုန်တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းဖြစ်တဲ့ (၅) နှစ်က (၈) နှစ်ဆိုတာထက်ကို အများကြီးကျော်လွန်ပြီး ရှင်သန်နေထိုင်သွားလို့ပါပဲ။ ဟေဇယ်ဟာ သူ့အသက် (၁၄) နှစ်အရွယ်မှာ ဂင်းနစ်မှတ်တမ်းဝင်ခဲ့ ပြီး (၁၆) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့အသက်အကြီးဆုံးလိပ်

လိပ်ဆိုတဲ့ သတ္တဝါကတော့ အသက်ရှည်ကြတာ အားလုံးလဲသိပြီးဖြစ်မယ်ထင်ပါတယ်။ ဒီလို အသက်ရှည်လှတဲ့ လိပ်မျိုးစိတ်ထဲက ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ လိပ်ကတော့ သက်တမ်း (၁၇၅) နှစ်တောင်ရှိတယ်လို့ သိရပါတယ်။

နာမည်ကျော် သမိုင်းသုတေသီ ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ချားလ်ဒါဝင် (Charles Darwin) ရဲ့ လေ့လာရေးခရီးစဉ်တစ်ခုမှာ လိပ်ကလေး (၃) ကောင်ကိုတွေ့ရှိခဲ့ပြီး ဒီလိပ်လေးတွေကို ဒါဝင်က တွမ် (Tom) ဒစ်ခ် (Dick) နဲ့ ဟယ်ရီ (Harry) ဆိုပြီးနာမည်ပေးကာ အင်္ဂလန်ကို သယ်ဆောင်ခဲ့ပါသတဲ့ ပရိသတ်ကြီးရေ …. ဒီ (၃) ကောင်ထဲက အသက် (၁၇၅) နှစ်ပြည့်မွေးနေ့ကို တိရိစ္ဆာန်ရုံမှာ ဖြတ်သန်းပြီး စံချိန်တင်ခဲ့တာကတော့ ဟယ်ရီ (Harry) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့အသက်အကြီးဆုံး မြင်း

သဘာဝတရားဟာ ဆန်းကြယ်လှတာကြောင့် တစ်ချို့အရာတွေကို ပုံသေသတ်မှတ်ဖို့ ခဲယဉ်းတယ်ဆိုတာကို ဒီမြင်းကြီးကလည်း သက်သေပြနေသလိုပါပဲပရိသတ်ကြီးရေ …..ဘာလို့လဲဆိုတော့ မြင်းတစ်ကောင်ရဲ့ သက်တမ်းက (၂၀-၂၅) နှစ်ဝန်းကျင်လို့ သုတေသီတွေ နဲ့ ပညာရှင်တွေက ပျမ်းမျှသတ်မှတ်ထားကြတယ်လေ။

အင်္ဂလန်နိုင်ငံ လန်ကတ်ရှိုင်းယားအရပ်က ဘီလီ (Billy) ဆိုတဲ့ မြင်းထီးတစ်ကောင်ကတော့ အံ့အားသင့်စွာပဲ အသက် (၆၂) နှစ်ကျမှသာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အံ့အားသင့်လောက်အောင် အသက်ရှည်ပြီး ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ ဘီလီ ရဲ့ ဦးခေါင်းကိုတော့ ဘတ်ဒ်ဖို့ပြတိုက် (Bedofrd Museum) မှာ ရုပ်လုံးသွင်းပြီး ပြသထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပူးကောင်

ရွှေခေတ် ပရိသတ်ကြီးအနေနဲ့ ပူးလို့ခေါ်တဲ့ အကောင်ငယ်လေးတွေကို မြင်ဖူးကြလားမသိဘူးရှင့် …. သူတို့တွေက အလွန်နူးညံ့တဲ့ သတ္တဝါလေးတွေဖြစ်ပြီး ပုံမှန်အားဖြင့် သက်တမ်းက (၄) နှစ် ကနေ (၇) နှစ်အထိသာ ရှင်သန်နိုင်ကြတယ်လို့သိရပါတယ်။ ဒါပေမယ့် (၁၉၇၉) ခုနှစ်တုန်းက ဂင်းနစ်မှတ်တမ်း ဝင်ခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး ပူးကောင်လေး ကတော့ သေဆုံးချိန်မှာ အသက် (၁၄) နှစ်နဲ့ (၁၀) လတောင်ရှိပါသတဲ့ ပရိသတ်ကြီးရေ ….. shwekhitonlinetv.com

အခုလိုမျိုး ဆောင်းပါးလေးကိုအဆုံးထိ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော် …

Shwe Khit Online TV မှ​ ရေးသားတင်ဆက်ပါသည်။