Covid-19 ဗိုင်းရပ် ကူးစက်ခံရရင် ခံစားရမယ့် ရောဂါလက္ခဏာများ

စတင်ကူးစက်ခံရပြီး ရောဂါလက္ခဏာ ပြဖို့ အချိန်ဘယ်လောက်ကြာသလဲ?

စတင်ကူးစက်ချိန်ကနေ ရောဂါလက္ခဏာပြဖို့ ၁ ရက်မှ ၁၄ ရက် အထိ ကြာနိုင်ပါတယ်။ အများစုအတွက် ရောဂါလက္ခဏာပြဖို့ ကြာချိန်ကတော့ (၅) ရက်ဝန်းကျင်ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင်တော့ ရက်စွဲအလိုက် အောက်ပါဝေဒနာတွေကိုခံစားရနိုင်ပါတယ်။ shwekhitonlinetv.com

  • စတင်ကူးစက် ခံရပြီး (၁) ရက်မှ (၃) ရက်

သာမန်တုပ်ကွေးအဖျားနဲ့ဆင်တူပါတယ်။ အဖျားငွေ့ငွေ့လေးရှိမယ် ။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက်မပျက်ဘူး ။ ပုံမှန်အတိုင်း စားနိုင်သောက်နိုင်တယ် ။ shwekhitonlinetv.com

  • (၄) ရက်‌မြောက်နေ့

အဖျားကတော့ ငွေ့ငွေ့လေးပဲ ရှိနေဦးမယ်။ လည်ချောင်းနည်းနည်းပိုနာလာမယ် ။ အစားအသောက်တွေစတင်ပြီး ပျက်လာမယ် ။ ခေါင်းတွေကိုက်လာမယ် ။ ဝမ်းပျက်၊ ဝမ်းလျှောတာမျိုးတွေပါ ဖြစ်လာတတ်ပါတယ်။ shwekhitonlinetv.com

  • စတင်ကူးစက် ခံရပြီး (၅) ရက်မြောက်နေ့

(၅) ရက်မြောက်နေ့ဆိုရင်တော့ အတော်လေးကိုသိသိသာသာ လက္ခဏာတွေပြလာမှာ ဖြစ်ပါတယ်။ အဖျားကငွေ့ငွေ့ပဲ ရှိနေဦးမှာဖြစ်ပေမယ့် လည်ပင်းတွေ အရမ်းနာလာမယ်။ အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ်။ ရေသောက်ရင်တောင် လည်ပင်းနာလာမယ် ။ စကားပြောရင်လည်းလည်ပင်းတွေ နာလာမယ် ။ ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ် ။ လူက ညောင်းပြီးတော့ အားနည်းလာမယ် ။ shwekhitonlinetv.com

  • (၆) ရက်မြောက်နေ့

အဖျားက ငွေ့ငွေ့လေးပဲရှိနေဦးမယ်။ လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်း‌ခြောက်တွေ ဆိုးလာမယ် ။ အသက်ရှူရတာခက်ခဲပြီး မောလာမယ် ။ ခြေလက်တွေ ပိုပြီးကိုက်ခဲလာမယ် ။ shwekhitonlinetv.com

  • (၇) ရက်မြောက်နေ့

အဖျားက နည်းနည်းပိုပြင်းထန်လာမယ်။ ချောင်းတွေ အရမ်းဆိုးလာမယ် ။ သလိပ်တွေထွက်လာမယ်။ shwekhitonlinetv.com

  • (၈) ရက်မြောက်နေ့

လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။ အရမ်းမောလာမယ် ။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ် ။ တခြားခံစားရတဲ့ဝေဒနာတွေကလည်းပိုဆိုးလာမယ် ။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်။ shwekhitonlinetv.com

  • (၉) ရက်မြောက်နေ့ နှင့် နောက်ပိုင်း

ဒီအချိန်မှာတော့ အရေးပေါ် အခြေအနေကိုရောက်ရှိသွားမှာဖြစ်ပြီး ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။ မျက်နာနဲ့ အသားအရေတွေပြာလာမယ်။ မျက်လုံးတွေပြာလာမယ်။ ဒါဆိုရင်တော့ ဆေးရုံကို အမြန်ဆုံး သွားဖို့ လိုပါပြီ။ shwekhitonlinetv.com

ဒါပေမယ့် ရောဂါကူးစက်ခံရသူ (၂၀) ရာခိုင်နှုန်းလောက်သာ (၅) ရက်နဲ့ အထက်ကိုရောက်ရှိတာဖြစ်တယ်လို့သိရပြီး ကျန်တဲ့ (၈၀) ရာခိုင်နှုန်းကတော့ မိမိရဲ့ ကိုယ်ခံအားနစ်နဲ့ ခုခံကာကွယ်နိုင်ပြီး ရောဂါပျေက်ကင်းခဲ့ကြတယ်လု့ိ စစ်တမ်းတွေအရသိပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။