ဒီတစ်ခေါက် ရွှေခေတ်ပရိတ်သတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းကတော့ ကမ္ဘာပေါ်က အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Cocktails ( ၁၀ ) မျိုးအကြောင်းပဲဖြစ်ပါတယ်။ သေချာပေါင်းစပ် ဖန်တီးထားတဲ့ ဒီကော့တေးတွေကို လူတိုင်း တစ်သက်မှာတစ်ခါတော့ သောက်ကြည့်သင့်ပါတယ်နော် ..။ ဒါဆိုရင် ဘာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် …။ shwekhitonlinetv.com
၁။ Doug Laming’s Margarita

တစ်ကယ်လို့ သင်က Caviar ငါးဥကိုကြိုက်နှစ်သက်တဲ့ သူတစ်ယောက်ဆိုရင် ဒီကော့တေးကို မသောက်ပဲနေနိုင်မှာမဟုတ်ပါဘူးနော်…။ ဒီကော့တေးကိုတော့ Australian Bar တစ်ခုက ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီကော့တေးမှာဆိုရင် Caviar ငါးဥတွေကို Tequila ၊ margarita စတဲ့အရာတွေနဲ့ သေချာပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ Tequila cocktails က လူကြိုက်များနေရခြင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ The Coquetier

၁၈ရာစုလောက်က ဒီကော့တေးကို နယူးအော်လန်မှာစတင်ထုတ်လုပ်ခဲ့ပေမယ့် ဂျာမနီနိုင်ငံက ပိုပြီး ပြီးပြည့်စုံတဲ့ Cocktails အဖြစ် ပြန်လည်ဖန်တီးခဲ့ပါတယ်။ ဒီ Coquetier ကော့တေးကိုတော့ Sazerac ဆိုပြီး လူသိများပါတယ်။ နှစ်ပေါင်းများစွာ ဒီကော့တေးကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ခဲ့ပြီးတော့ ဘာလင်၊ ဂျာမနီနိုင်ငံတွေမှာဆိုရင် ဒီကော့တေးကို Rum, Cinnamon နဲ့ ချောကလက် စတာတွေနဲ့ ပုံစံမတူအောင် ဖန်တီးခဲ့ကြတယ်။ shwekhitonlinetv.com
၃။ Diamonds Are Forever

နောက်ထပ်မယုံနိုင်စရာ ကောင်းအောင်အရသာရှိပြီး ဈေးကြီးတဲ့ကော့တေးကတော့ Diamond Are Forever ပဲဖြစ်ပါတယ် ။ နာမည်လေးကချစ်စရာလေးနော် ..။ဒူဘိုင်းက အစပြုပြီးတော့ Diamonds Are Forever ဟာ L’Heraud Grand Champagne Cognac နဲ့ Luxor 24K Gold Flake Champagne တွင်ပါဝင်သောအကောင်းဆုံးရှမ်ပိန်တီထွင်မှုဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com
၄။ Dropje Daiquiri

စင်ကာပူနိုင်ငံက ဖန်တီးထားတဲ့ ဒီကော့တေးကတော့ စိတ်မကြည်တဲ့အချိန်မှာတောင် သောက်လိုက်မယ်ဆိုရင် စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်တဲ့ ပရိတ်သတ်ကြီးရေ…။ မိုက်တယ်နော်…။ shwekhitonlinetv.com
၅။ The Gunpowder Plot
တစ်ကယ့်ကို ထူးခြားပြီးပေါက်ကွဲစေနိုင်လောက်အောင်ကောင်းတဲ့ cocktail ကတော့ The Gunpowder Plot ပဲဖြစ်ပါတယ်။ ဒီကော့တေးကိုတော့ Australia နိုင်ငံက စတင်ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီထဲမှာဆိုရင် Gunpowder အမှုန့်၊ အရည်တွေနဲ့ ကြက်ဥအဖြူစတာတွေကို ပေါင်းစပ်လှုပ်ခါပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၆။ The Deep Sea

တစ်ကယ်လို့ သင်က အပြာရောင်သမုဒ္ဒရာကြီးကို နှစ်သက်သဘောကျတဲ့သူဆိုရင် ဒီကော့တေးကိုသောက်ဖို့ စောင့်ဆိုင်းမနေသင့်ပါဘူးတဲ့..။ Deep Sea cocktail မှာဆိုရင် ပြည်ကြီးငါးရဲ့မှင်၊ ပင်လယ်ရေမှော်တွေအပြင် တစ်ခြားသောအရာတွေနဲ့ သေချာစွာပေါင်းစပ်ထုတ်လုပ်ထားပါတယ်။
သမုဒ္ဒရာကဲ့သို့လျှို့ဝှက်ဆန်းကြယ်တဲ့အနှစ်သာရကိုကိုယ်စားပြုထားတဲ့ ကော့တေးတစ်ခွက်ဟာ သာမန်ထက်ထူးခြားပြီး စိတ်ဝင်စားဖွယ်ကောင်းတယ်ဆိုတာကတော့ အမှန်ပဲထင်ပါတယ်နော်…။ shwekhitonlinetv.com
၇။ The Sourtoe

ဒါကတော့ ထူးဆန်းစွာနဲ့ပဲ သေချာစွာထိန်းသိမ်းထားတဲ့ လူ့ရဲ့ခြေချောင်းအစစ်ကို ဒီကော့တေးမှာထည့်သွင်းပြုလုပ်ထားတာပါတဲ့..။ ကြောက်စရာကြီးနော်..။ အဲ့ခြေချောင်းကိုမှ နောက်ထပ်အရက်နဲ့ရောစပ်ပြီးသောက်ရတာပါတဲ့ပရိတ်သတ်ကြီးရေ..။အစစ်အမှန်စွန့်စားမှုကိုကြိုက်တဲ့သူတွေက သူတို့ရဲ့သောက်စရာအဖြစ် ဖြတ်ထားတဲ့ ခြေချောင်းကိုပါ မျိုချပြီး ဒေါ်လာ ၅၀၀ လျော်ကြေးပေးကြပါတယ်တဲ့..။ shwekhitonlinetv.com
၈။ Forever Young

စာပေဝါသနာရှင်များကတော့ Forever Young ကော့တေးကိုလုံးဝကြိုက်နှစ်သက်မှာ အမှန်ပါပဲ ပရိတ်သတ်ကြီးရေ..။ အင်္ဂလန်ကတီထွင်ထားတဲ့ ဒီကော့တေးဟာဆိုရင် ဂန္ဓဝင် The Picture of Dorian Gray ကို မှီငြမ်းထုတ်လုပ်ထားတာပါတဲ့..။ shwekhitonlinetv.com
၉။ Bubble Bath Martini

သင့်ရဲ့အတွင်းစိတ်က ကလေးဆန်မှုကို Bubble Bath Martini နဲ့အတူ ရယူလိုက်ပါတဲ့..။ ပူပေါင်းတွေနဲ့ ပြည့်နေတဲ့ ကော့တေးနဲ့အတူ အနားယူတာမျိုးကို ပြုလုပ်နိုင်အောင် ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီကော့တေးကတော့ လန်ဒန်၊ အင်္ဂလန်စတဲ့နေရာတွေက စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ The Crapper

Crapper ကော့တေးကတော့ အိမ်သာခွက်ပုံစံဖန်တီးထားတဲ့ဖန်ခွက်လေးနဲ့ ဝန်ဆောင်မှုပေးခြင်းမျိုးဖြစ်ပါတယ်။ ဒါကတော့ ရွံတတ်တဲ့သူတွေအတွက်တော့ အဆင်မပြေလောက်ဘူးနော် …။ shwekhitonlinetv.com
ပရိတ်သတ်ကြီးရေ… အခုဆိုရင်တော့ ကမ္ဘာအနှံ့ကဖန်တီးထားတဲ့ ထူးခြားတဲ့ ကော့တေးတွေကို ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပါတ်သတ်ပြီး ဘယ်လိုထင်လဲဆိုတာ ပြောပေးခဲ့ပါဦးနော်…။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။