ကမ္ဘာကြီး လည်နေတာ ၅ စက္ကန့်လောက် ရပ်သွားခဲ့ရင် ဘာတွေဖြစ်လာမလဲ

သင့်အနေနဲ့ ကမ္ဘာကြီးရုတ်တရက် (၅) စက္ကန့်လောက်ရပ်တန့်သွားမယ်ဆိုရင် ဘာတွေဖြစ်ပျက်ကုန်မလဲလို့ တွေးကြည့်ဖူးပါသလား ? အဲ့ဒီလိုရပ်တန့်သွားပြီး တစ်ဖန်ပြန်လည်လာရင်ရော သင့်အနေနဲ့ အသက်ဆက်လက်ရှင်သန်နေပါ့မလား ? ဒီ စိတ်ဝင်စားစရာမေးခွန်းအတွက် သိပ္ပံပညာရှင်တစ်ချို့က သီအိုရီတွေနဲ့ တွက်ချက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီထဲက အနီးစပ်ဆုံးနဲ့အဖြစ်နိုင်ဆုံးအရာတွေကို ရွှေခေတ်ပရိသတ်တွေအတွက် ပြန်လည်ကိုးကားပြီး ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

ကမ္ဘာဟာ မိမိဝင်ရိုးပေါ်မှာတစ်ပတ်အပြည့်လည်ခြင်းအားဖြင့် နေ့နဲ့ညကိုဖြစ်ပေါ်စေတာကတော့ အားလုံးသိပြီးသားကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုလည်ပတ်နေရခြင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄.၆) ဘီလီယံခန့်ကတည်းက ကမ္ဘာဂြိုဟ်ဖြစ်တည်လာမယ့် ဓာတ်ငွေ့တွေဖုန်မှုန့်တွေနဲ့ ကျောက်ဆိုင်ကျောက်သားတွေအချင်းချင်းစုစည်းပွတ်တိုက်မိရာကနေ ကမ္ဘာဂြိုဟ်ကို ဦးတည်ရာတစ်ခုသို့လည်ပတ်စေမယ့် စွမ်းအားတွေကို ထုတ်ပေးခဲ့တယ်လို့ သီအိုရီတွေအရ သိရပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့ကမ္ဘာကြီးကရုတ်တရက်လည်ပတ်နေရာကနေရပ်တန့်သွားမယ်ဆိုရင်တောင် လေထုကတော့ရွေ့လျားနေဆဲဖြစ်မှာပါ။ ဆိုလိုတာကတော့ ကမ္ဘာကြီးရုတ်တရက်ရပ်တန့်ပြီး လေထုကဆက်ရွေ့လျားနေတာကြောင့် ကမ္ဘာပေါ်မှာ အားအရမ်းကောင်းတဲ့ လေပြင်းတွေတိုက်ခတ်လာမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီအချိန်မှာလေတိုက်နှုန်းက တစ်နာရီကို (၁၆၇၀) ကီလိုမီတာနှုန်းရှိမှာဖြစ်တာကြောင့် သင်တွေ့ဖူးသမျှမုန်တိုင်းတွေထက် အဆပေါင်းများစွာ ပြင်းထန်နေမှာအမှန်ပါပဲ။ ဒါပေမယ့် ဒီလေတိုက်နှုန်းက ကမ္ဘာပေါ်မှာရှိတဲ့ နေရာပေါ်မူတည်ပြီးတော့ အင်အားအနည်းငယ်တော့ကွာခြားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ လေတိုက်နှုန်းက ကမ္ဘာမြေရဲ့အပေါ်ယံအလွှာကို ဖြိုဖျက်ဖို့တော့လုံလောက်ပါတယ်။ shwekhitonlinetv.com

ဒီနှုန်းနဲ့ အားပြင်းတဲ့လေတွေတိုက်ခတ်နေချိန် သင်ကလမ်းပေါ်မှာရပ်နေမယ်ဆိုရင် ခြေထောက်တွေမြေကြီးကနေလွတ်ထွက်သွားမှာဖြစ်ပါတယ်။ နောက်ပြီး အိမ်တွေကို အုတ်မြစ်တွေကနေကျွတ်ထွက်သွားစေနိုင်ပြီး ကားတွေကိုလဲလေထဲမှာ ပျံဝဲသွားစေနိုင်တဲ့လေတိုက်နှုန်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကွန်ကရစ်အဆောက်အဦးတွေကိုလည်း ဖြိုခွဲပစ်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာမြေဆွဲအားကနေ လွတ်မြောက်နိုင်တဲ့အလျင် (တစ်နာရီ ၄၀,၀၀၀ ကီလိုမီတာ) အထိမရောက်ရှိတာကြောင့် အာကာသထဲကိုတော့ လွင့်ထွက်သွားဖို့မရှိပါဘူး။ shwekhitonlinetv.com

ဒီလေပြင်းတွေနဲ့တင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်မယ်လို့ယူဆိုလို့ရပေမယ့် ကမ္ဘာရပ်တန့်သွားရင်ကြုံရမယ့် အန္တရာယ်က ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ ကမ္ဘာကြီးအနေနဲ့ မိမိဝင်ရိုးပေါ်လည်ပတ်မှုရပ်တန့်သွားပါက ပြီးပြည့်စုံတဲ့ စက်လုံးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

အကျိုးဆက်အနေနဲ့ကတော့ အီကွေတာအနီးမှာ ရေတွေစုပုံလာပြီး ဝင်ရိုးစွန်းတွေဆီကို စီးဆင်းသွားကာ ကြီးမားတဲ့ ဆူနာမီကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ငါးစက္ကန့်အကြာမှာ ဂြိုလ်က ၎င်းရဲ့အရှိန်အပြည့်နဲ့ ပြန်လည်ပတ်တဲ့ အခါမှာတော့ ရေတွေကနောက်ပြန်ဆုတ်သွားပြီး ကြီးမားတဲ့ ရေတံတိုင်းကြီးက အရာအားလုံးကို တိုက်စားချေမွသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလို အခြေအနေမှာလွတ်မြောက်နိုင်မယ့်နည်းအချို့တော့ရှိတယ်လို့ ယေဘူယျအားဖြင့် ဆိုနိုင်ပါတယ်။ တွက်ချက်မှုတွေအရ ဒီအချိန်မှာ လေတိုက်နှုန်းက တောင် နဲ့ မြောက် ဝင်ရိုးစွန်းတွေမှာ အပျော့ဆုံးဖြစ်နေလို့ အဲ့ဒီနေရာတွေမှာဆိုရင် သင့်အနေနဲ့ အသက်ရှင်ကောင်းရှင်သန်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ခိုင်မာတဲ့မြေအောက် ဘန်ကာတစ်ခုတည်ဆောက်ထားပြီး ဝင်နေမယ်ဆိုရင်လည်းလွတ်မြောက်ကောင်း လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ပြီးတဲ့အခါမှာတော့ ကမ္ဘာပေါ်ကအရာအားလုံးဟာ ပျက်သုဉ်းသွားမှာဖြစ်လို့ သင်တစ်ယောက်တည်းကျန်နေမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။